(ဃ)-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများအတွက် အမှတ်လျော့ပေါ့လျက်တက်ရောက်ခွင့် ပြုထားသော တိုင်း/ဒေသနှင့် ဆရာဝန်သင်တန်းသူ/သား အရေ အတွက်ကိုသိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၇.၂.၂၀၁၄)

ဦးဇင်းဝမ် (နန်းယွန်း)ဖွံ့ဖြိုးမှုနောက်ကျနေသေးသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေ သများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်သင်တန်းကို အမှတ်လျော့ပေါ့လျက် တက်ရောက်ခွင့်ပြုထားသည့်အတွက် ယင်းဒေသခံများက များစွာကျေးဇူးတင်လျက် ရှိကြပါကြောင်း၊ ယင်းသို့ အမှတ်လျော့ပေါ့ တက်ရောက်ခွင့်ပြုထားသည်နှင့် ပတ်သက် ၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ မေးခွန်း(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် တစ်နှစ်လျှင် သင်တန်းသားအရေ အတွက် မည်မျှသတ်မှတ်ထားပါသနည်း။ မေးခွန်း(၂) ၂၀၁၂-၁၃ ပညာသင်နှစ်နှင့် ၂၀၁၃-၁၄ ပညာသင်နှစ်တို့တွင် မည်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ မည်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် သင်တန်းသားမည်မျှ တက်ရောက်သည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးလှထွန်း (ခန္တီး) ကိုယ်စား ဦးဇင်းဝမ် (နန်းယွန်း) က မေးမြန်းပါသည်။


 

အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သိန်းသိန်းဌေးကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာနအနေဖြင့် ၂၀၁၂-၁၃ခု ပညာသင်နှစ်မှစတင်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုနှင့် ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု၍ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည် အရည်အသွေးပြည့် ဝသော ဆေးပညာရှင်ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် အဆိုပါဒေသ များမှ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ အောင်မြင်သူများအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသူ ကျောင်းသား/သူများအား မူလဝင်ခွင့် ပြုအနိမ့်ဆုံးရမှတ်အောက်လျော့ပေါ့ စဉ်းစား၍ ရွေးချယ်ခဲ့ရာ ဆေးတက္ကသိုလ်မကွေး ပထမနှစ် M.B.B.S ၁၂/၂၀၁၃-၂၀၁၂ သင်တန်းတွင် (၃၂)ဦးနှင့် ပထမနှစ် M.B.B.S (၁၂/၂၀၁၃) သင်တန်းတွင် ၄၄ ဦးနှင့် စုစုပေါင်း ၇၆ ဦး တက်ရောက်သင်ကြားခွင့် ရရှိခဲ့ကြပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုမှ ဆေးတက္ကသိုလ် မကွေးသို့ တက်ရောက်ခွင့် ရရှိသူများအနေဖြင့် ၂၀၁၃ ခုနှစ်တွင် နာဂဒေသမှ (၂) ဦး၊ ဓနုဒေသမှ (၂) ဦး၊ ပအိုင်းဒေသမှ (၅)ဦး၊ ကိုးကန့်ဒေသမှ (၁) ဦး၊ ဝ ဒေသမှ (၁) ဦး၊ ပလောင်ဒေသမှ (၁) ဦး၊ ၂၀၁၂ ခုနှစ်တွင် ဓနုဒေသမှ (၂) ဦး၊ ပအိုဝ်းဒေသမှ (၅) ဦး၊ ပလောင်ဒေသမှ (၁) ဦး၊ စုစုပေါင်း ၂၀ ဦး ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် ခက်ခဲဒေသများမှ ဆေးတက္ကသိုလ်(မကွေး)သို့ တက်ရောက်ခွင့်ရရှိသူများ အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ကချင်ပြည်နယ်မှ (၁) ဦး၊ ကရင်ပြည်နယ်မှ (၄)ဦး၊ ချင်းပြည်နယ်မှ (၅) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၂) ဦး၊ ရခိုင်ပြည်နယ်မှ (၂) ဦး၊ ၂၀၁၃ခုနှစ်တွင် ကယားပြည်နယ်မှ (၁) ဦး၊ ကရင်ပြည်နယ်မှ (၃) ဦး၊ ချင်းပြည်နယ်မှ (၈) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၈) ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်မှ (၂) ဦး ဖြစ်သည့်အတွက် ဆေးသိပ္ပံပညာ ဦးစီးဌာနအောက် ရှိ ဆေးတက္ကသိုလ်(မကွေး) သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ခက်ခဲဒေသများ မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆ ဦးတို့ တက်ရောက်ခွင့်ရရှိခဲ့ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။