(စ)-စစ်ကိုင်းတိုင်းဒေသကြီး၊ကြက်တစ်ကောင်ကျေး ရွာကိုယ့်အားကိုယ်ကိုးဆောက်လုပ်ထားသောဆေးရုံ ကို၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင် (၁၆) ခုတင်ဆံ့တိုက် နယ်ဆေးရုံအဖြစ်ကျန်းမာရေးဝန်ကြီးဌာနမှဆောင် ရွက်ပေးမည့်အစီအစဉ်ကိုသိလိုသည်နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၀.၆.၂၀၁၄)

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကြက်တစ်ကောင်ကျေးရွာရှိ ဆရာတော်ဦးဇာဂရကဦးဆောင်သည်‌့ ဒေသခံပြည်သူများ လှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသည့် ကိုယ်ထူးကိုယ်ထ ဆေးရုံအဆောက်အဦးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဆင့်ဖွင့်လှစ်မည်ဟု လျာထားပြီး ဖြစ်သည်ဟု ပြန်ကြားစာရရှိပြီး ဖြစ်ပါကြောင်း၊ သို့သော် ယခုအချိန်အထိ ဆေးရုံဖွင်‌့လှစ်မှုကိစ္စကို ဆက်လက်လုပ်ဆောင်ခြင်းမရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလို၍ မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးစစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ကြက်တကောင်တိုက်နယ်ဆေးရုံသည် ပြည်သူ လူထုလှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသော်လည်း စံနှုန်းသတ်မှတ်ချက်များနှင့် မညီသေးကြောင်း သိရှိရသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကြက်တကောင်တိုက်နယ်ဆေးရုံ ဖွင့်လှစ်နိုင်ရေး အခြေအနေ သိရှိနိုင်ရန်အတွက် ကျန်းမာရေးဦးစီးဌာနမှ ၂၄-၄-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၅/ဆလရ/၂၀၁၄(၂၃၄)ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ ပြင်ဆင်ရမည့် လုပ်ငန်းများအား ပြန်လည်တင်ပြပါရန် အကြောင်းကြား ခဲ့ပါကြောင်း၊ အဆိုပါအကြောင်းကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ          ၁၇-၆-၂၀၁၄ ရက်စွဲပါ စာဖြင့် မြေပေါ်အခြေအနေကို ပြန်လည်တင်ပြခဲ့ပါကြောင်း၊ အဆိုပါ တင်ပြချက်များအရ ကြက်တစ်ကောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲရှိပါကြောင်း၊ ပုံမှန်အားဖြင့် မိမိတို့ ကျေးလက်ကျန်းမားရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးဌာနကို အဆင့်မြှင့်တင်ပြီး တိုက်နယ်ဆေးရုံ ဆောင်ရွက်ရပါကြောင်း၊ ကြက်တစ်ကောင်ကျေးရွာတွင် အိမ်ခြေ ၁၀၀၇ အိမ်၊ လူဦးရေ ၅၅၀၀ ကျော် ရှိသော်လည်း ကိုယ်ထူကိုယ်ထ ဆရာတော်ကြီး ဦးဆာင်၍ အလှူငွေဖြင့် တိုက်နယ်ဆေးရုံ ဆောက်လုပ်ထားပြီးဖြစ်သောကြောင့် တိုက်နယ်ဆေးရုံဖွင်‌့လှစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံတင်ပြရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤကဲ့သို့ စုံစမ်းဆောင်ရွက်သည့်လုပ်ငန်းများ ဆောင်ရွက်နေဆတွင် ဖွဲ့စည်းပုံများအား စံနှုန်းများနှင့်အညီ အဆင့်မြှင့်ခြင်း၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်း၍ တိုးချဲ့ဖွဲ့စည်းမှုအတွက် အစီအစဉ်များ စုစည်းပြုစုပြီးမှသာ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ ပြည့်စုံစွာတင်ပြစိစစ်တင်ပြသွားရန် လမ်းညွှန်ချက်ရှိလာသည့်အတွက် ထပ်မံလိုအပ်သော အချက်အလက်များရရှိနိုင်ရေးအတွက်       ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။