ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် သက္ကယ်ပြင်သံကျေးရွာအုပ်စု၊ အင်းယားကြီးညောင်ကုန်းရွာမှ ဝက်လဟာကျေးရွာ အုပ်စု၊ ဒကယ်သူကျေးရွာသို့ ဆက်သွယ်သောရေကာတာသည် နောက်မီကျေးရွာအုပ်စု၊ မကျီးစုရွာ၊ ရေကျော်လေးရွာ၊ တကယ်သူကြီးရွာ၊ ဂျမ်းပြင်ရွာ၊ နှေကုန်းရွာတို့ရှိ ကွင်းအမှတ် ၇၃၂-၇၃၃ ကွင်းအတွင်းရှိ လယ်ယာမြေဧက ၁၅၀၀ ခန့်အား ရေနစ်မြှုပ်မှုမရှိစေရန် တောင်သူများမှ နှစ်စဉ် ကိုယ်ထူကိုယ်ထရေကာထာပြုပြင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေကြ ပါကြောင်း၊ ရေကာတာရေထွက်ပြွန် ၂ ခုသည်လည်း ချို့ယွင့်ပျက်စီးပြီး ဧရာဝတီမြစ်ရေနှင့် တောင်ကျရေဆုံရာတွင် ရှိနေသည့်အတွက့်် စိုးရိမ်ရသည့်အခြေအနေတွင်ရှိရာ အဆိုပါညောင်ကုန်း-ဝက်လဟာရေကာတာအား ထပ်မံ၍ အမြင့် ၃ ပေ၊ အနံ ၆ ပေ မြှင့်တင်ပေးပါရန်နှင့် ရေထွက်ပြွန် ၂ ပေါက်အား ကွန်ကရစ်တံခါးဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ညောင်ကုန်း-ဝက်လဟာရေကာတာသည် အင်္ဂပူမြို့နယ် အရှေ့ဘက်ရှိ ညောင်ကုန်းကျေးရွာနှင့် ဝက်လဟာကျေးရွားတို့ကို ဆက်သွယ်ထားသော ကျေးရွာ ချင်းဆက်လမ်း တစ်ခုဖြစ်ပြီး လမ်းဖြစ်တာဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် အင်းယားကြီးအင်း၊ ဆင်ပုန်အင်းနှင့် မိုးမခအင်းများကို ဖြတ်သန်းဖောက်လုပ်ထားသည့်အတွက် မိုးရာသီရေကြီးရေးလျှံမှုကြောင့် အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ ပျက်စီးလျက်ရှိပါကြောင်း၊ အင်္ဂပူမြို့နယ်ရှိ ညောင်ကုန်း- ဝက်လဟာကျေးရွာ ချင်းဆက်လမ်းသည် ဒေသခံပြည်သူများ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ကျေးရွားချင်းဆက် လမ်းပေါ်ရှိ ရေထုတ်ပြွန်များ မှာလည်း ပျက်စီးလျက်ရှိပါကြောင်း၊ အဆိုပါ ရေထုတ်ပြွန်များအား ရေတံခါးအဖြစ် ပြင်ဆင်ခြင်းနှင့် ကျေးရွာ ချင်းဆက်လမ်းတာ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်း ခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
