ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)ကို ဖွင့်လှစ်ထားရှိခြင်းကြောင့် ဒေသခံတိုင်းရင်းသားမိဘပြည်သူများ၏ သားသမီး များအနေဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းသင်ပညာ ဘာသာရပ်များကို စာတွေ့လက်တွေ့ဆည်းပူးလေ့လာသင်ကြရာအတွက်ကြောင့် မိဘပြည်သူများမှများစွာဝမ်းမြောက်ဂုဏ်ယူကျေးဇူးတင်လျက်ရှိပါကြောင်း၊
မိဘ ပြည်သူများ အနေဖြင့် အဆိုပါ အစိုးရနည်းပညာအထက် တန်းကျောင်း ကျောင်း ဝန်းခြံစည်းရိုး အုတ်တံတိုင်း ကာရံပေးစေလိုသောဆန္ဒ သဘောထားများ ရှိနေသောကြောင့် လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်း(ပင်လုံ) ကို ကျောင်းဝန်းခြံစည်းရိုး အုတ်တံတိုင်းကာရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက သိလိုပါ သည်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဟာ ဝန်ကြီးဌာနလက်အောက်တွင်ရှိသော တက္က သိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများကို လုံခြုံရေးအရ ခြံစည်းရိုးကာရံခြင်း၊ သံပန်း သံတံခါး များတပ်ဆင်ခြင်းနှင့် သွားလာမှုလွယ်ကူစေရန် လမ်းများ ကောင်းမွန်ရန် သက်ဆိုင်ရာ တက္ကသိုလ်များမှ စီမံခန့်ခွဲရေးအဖွဲ့များဖြင့် သေချာစွာလေ့လာစိစစ်၍ ဘဏ္ဍာငွေ လျာထားနိုင်ရေး အတွက် အသေးစိတ်ကုန်ကျစရိတ်များအား တောင်းခံခဲ့ပြီး ဘဏ္ဍာငွေသုံးစွဲမှုဘောင် အတွင်းမှ ဆောင်ရွက်ပေးရန်စီစဉ်လျက်ရှိပါကြောင်း၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အစိုးရနည်းပညာအထက် တန်းကျောင်း (ပင်လုံ)ကို ၂၀ ၀၉ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါကြောင်း၊ ပင်လုံကျောင်း၏ ကျောင်းမြေ ဧရိယာသည် ၁၀.၀၂၂ ဧကကျယ်ဝန်း၍ ခြံစည်းရိုး ကာရံမည့် Running Feet ပေအရှည်သည် ၃၄၈၄ ပေရှိပြီး Change link Function ဖြင့် ခြံစည်းရိုး ကာရံမည်ဆိုပါက ကျပ်သန်း ၁၅.၂၅၆ ခန့်ရှိကြောင်း၊ အစိုးရနည်းပညာ အထက် တန်းကျောင်း(ပင်လုံ) အတွက် နိုင်ငံတော်မှ ရရှိထားသောမြေ ၁၀.၀၂၂ ဧကတွင် ဗဟိုစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာများတွင် ပါဝင်မှုမရှိသော်လည်း လယ်သမားအချို့မှ ဝင်ရောက်စပါးစိုက်ပျိုး မှုရှိနေပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများမှ လယ်သမားများနှင့် တွေ့ဆုံဆွေးနွေး၍ အစားထိုးမြေနေ ရာပေးခြင်း၊ လျော်ကြေးပေးခြင်းဖြင့် ညှိနှိုင်းခဲ့ရာ ပြေလည်မှုမရရှိသေးသည်ကို သိရှိရပါကြောင်း၊ ယင်းမြေကွက်များသည် အဆောက်အအုံ မရှိသေးသော်လည်း သိပ္ပံနည်းပညာအထက်တန်း ကျောင်း၏ Zoning Plan အရ ကျောင်းသားများအတွက် ကစား ကွင်းနှင့် ဆရာဆရာမများအဆောင် ဆောက်လုပ်ရန်လျာထားမြေနေရာဖြစ်ခြင်းကြောင့် မြေနေရာကို ပြဿနာကို ဝိုင်းဝန်း ဖြေရှင်းရန်လိုအပ်ပြီး ဖြေရှင်းပြီးပါက ခြံစည်းရိုးကာရံခြင်းအတွက် နိုင်ငံတော်မှ ဘဏ္ဍာငွေခွင့်ပြုချိန် သို့မဟုတ် လွှဲပြောင်းသုံးစွဲ၍ရရှိသည့်အချိန်တွင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းပြန် လည်ဖြေကြား ပါသည်။
