(ခ)- ဟိုပုန်းမြို့နယ်ရှိကျောက်တန်း-ထီတစ်ခု -နောင်ဒေးလမ်းအားမြေသားလမ်းမှကျောက်ချော လမ်း အဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၈.၃.၂၀၁၄)

ဦးခွန်သိန်းဖေ (ဟိုပုန်း)ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်မြောက်ခြမ်း အရှေ့ဘက်တောင်ကြောသည် လမ်းပမ်းဆက်သွယ်ရေး အလွန်ခက်ခဲသောဒေ သဖြစ်သော်လည်း ကျောက်တန်းအထိ ကျောက်ချောလမ်း တစ်ပိုင်း၊ ကတ္တရာတစ် ပိုင်းဖြင့် သွားလာရေးတွင် အဆင်ပြေ နေပြီဖြစ်ပါကြောင်း၊  ဆက်လက်၍ ကျောက် တန်းမှ တစ်ဆင့် မောက်မွန်းကျေးရွာအုပ်စု၊ နောင်ဒေးကျေး ရွာအုပ်စုတို့ ဆက်သွယ် သွားလာရန်အတွက် လမ်းမရှိဘဲ ကုန်စည်များကို မြင်း၊ လားများကို အသုံးပြု သယ်ဆောင်သွားလာရလျက်ရှိပါကြောင်း၊ ယခုအခါ ကျောက်တန်းမှတစ်ဆင့် အဆိုပါ ကျေးရွာအုပ်စု နှစ်စုနှင့် ဆက်သွယ်သွားလာနိုင်ရေးအတွက် ကျောက်တန်း-ထီတခု-နောင်ဒေးလမ်း ၁၂ မိုင်အားလေတပ်ခံ အဖွဲ့အစည်းမှ စက်ယန္တရား ပံ့ပိုးကူညီ မှုဖြင့် ကျေးရွာ ပြည်သူများမှ ကိုယ်ထူကိုယ်ထမီးရထားလမ်းကို ကျပ်သန်းပေါင်း ၄၀ နီးပါးခန့် ကုန်ကျခံ ဖောက်လုပ်ခဲ့ သော်လည်း မြေသားလမ်းသာဖြစ်သည့်အတွက် ဆယ့်နှစ်ရာသီသွားလာ၍ မရသေးပါကြောင်း၊ ထို့ပြင် အဆိုပါလမ်းသည် ပင်လုံမြို့နယ်ခွဲအနောက်ခြမ်း စနင်းပံ့ကူးဒေသသို့ ရှမ်းတိုင်းရင်း သားများ အများဆုံး နေထိုင်ရာ ဒေသနှင့်လည်း ချိတ်ဆက်လျက်ရှိသည့်အတွက် ဤဒေသတွင် လမ်းပန်းဆက် သွယ်ရေးကောင်းမွန် မည်ဆိုပါက ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ကိုလည်း များစွာအထောက် အကူဖြစ် မည်ဖြစ် ပါသောကြောင့် ကျောက်တန်း-ထီတခု-နောင်းဒေလမ်း ၁၂ မိုင်အား မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းပြန်လည်မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်မြတ်ဦး
အဖြေ

မွေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်မြတ်ဦး.pngရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်ရှိ  ကျောက်တန်း-ထီတခု-နောင်ဒေးမြေသားလမ်း ၁၂ မိုင်ကိုကျောက်ချောလမ်း အဖြစ်ဆောင်ရွက် မည်ဆိုပါက ငွေကျပ် ၆၉၂.၀၄ သန်းကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထား ပါကြောင်း၊ ဟိုပုန်းမြို့နယ်မှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ ရန်ပုံငွေကျပ် ၃၈၀.၁၉၅ သန်းနှင့် လွယ်အော-ဆက်ပြင်လမ်း ကတ္တရာ လမ်း ၁ မိုင် ၂ ဖာလုံ၊ မြို့မြဆည်မှ ကုန်းသာ မြေလမ်း ကျောက်လမ်း ၁ မိုင်၊ ရွာသစ်-ထိတန် -ကောင်စေတီ-နောင်မွန်း-ခြေပေဒုန်းမြေခိုးလမ်း ၆ မိုင် ၂ ဖာလုံ၊ သစ်သားတံတား ၁၃၂ ပေနှင့် ရေပြွန် ၁၂၅ ပေတို့အား လျာထားတင်ပြ ထားပါကြောင်း၊ ဟိုပုန်းမြို့နယ်အတွင်းရှိ ကျောက်တန်း-ထီတခု-နောင်းဒေးလမ်း ၁၂ မိုင် ကျောက်ချောခင်းခြင်း လုပ်ငန်းသည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် လျာထား တင်ပြထားခြင်း မရှိသေးသော်လည်းပဲ အဆိုပါလမ်းပေါ်ရှိရေပြွန် ၇ စင်းအား ခွင့်ပြုငွေကျပ် ၁၃.၁၂၅ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ လျာထားတင်ပြထားပါကြောင်း၊ ထို့ကြောင့် ကျောက် တန်း-ထီတခု-နောင်ဒေးကျေးရွာ ချင်းဆက်လမ်းအား ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့မှ အသေးစိတ် ကွင်းဆင်း တိုင်းတာတွက်ချက်ပြီး ၂၀၁၅-၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ဦးစားပေးအစီအစဉ်အတိုင်း ရန်ပုံငွေ တင်ပြတောင်းခံပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။