(င)-ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံရှိ ဆရာဝန်နေ အိမ်ဟောင်းအားပြုုပြင်ပေးရန်နှင့်အိမ်သစ်ဆောက် လုပ်ပေးရန်အတွက်၂၀၁၄-၁၅ဘဏ္ဍာနှစ်ဖြည့်စွက် ရန်ပုံငွေတွင်ထည့်သွင်းပေးရန်အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ (၄.၇.၂၀၁၄)

ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆရာဝန်နေအိမ်ကို ၁၉၆၄ ခုနှစ် ဆောက်လုပ်ခဲ့ပြီး ယင်းအိမ်သည် ဟောင်းနွမ်းပျက်စီးနေ၍ မိုးအကာ တာမလီမိုးပြီး ဆေးရုံအလုပ်သမားဝန်ထမ်းများကို နေစေပါကြောင်း၊ ယခုအခါ ဆရာဝန်သည် ၁၉၇၀ ခုနှစ်တွင် ဆေးရုံရန်ပုံငွေ အလှူငွေဖြင့် ဆောက်လုပ်ထားသည့် တည်းခိုဆောင်တွင် နေထိုင်ရပါကြောင်း၊  သို့ဖြစ်ပါ၍ ဆရာဝန်နေအိမ်ဟောင်း ပြုပြင်ပေးရန် ၂၀၁၄-၁၅ ဖြည့်စွက်ရန်ပုံငွေဖြင့် ထည့်သွင်းစဉ်းစား ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

နေအိမ် အဟောင်းကို ပြုပြင်ရန်နှင့် နေအိမ်အသစ်ဆောက်လုပ်ရန်ဟူ၍ နှစ်ပိုင်းပါဝင်ပါကြောင်း၊ ယခင်က နေအိမ် အဟောင်းပြင်ရန်အတွက် မိမိတို့ မြို့နယ်မှ ခရိုင်၊ တိုင်း၊ တိုင်းကမှ ရုံးချုပ်ကို တင်ပြပြီး ရုံးချုပ်မှ ပြန်ချပြီး အပြန်အလှန် စာများတင်ပြရာ ကြာသည့်အတွက် ယခုချိန်တွင် ပြည်နယ်နှင့် တိုင်းဦးစီးဌာနမှူးများ မြို့နယ်၊ တစ်မြို့နယ် အတွက်ကို ပြင်ထိန်းစရိတ် သိန်း ၅၀၀ ချပေးပြီး ဦးစားပေးအစီအစဉ်အလိုက် သက်ဆိုင်ရာဒေသများရှိ ကိုယ်စားလှယ်ကြီး များနှင့် မြို့နယ်ကော်မတီအသီးသီးတို့မှ တိုင်ပင်ဆွေးနွေးပြီး သူ့ဒေသနှင့်သူ အမြန်ဆုံးပြုပြင်နိုင်ရန်လည်း စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသစ်ဆောက်လုပ်ရန်အတွက် ၂၀၁၄-၁၅ တွင်မပါဝင်သည့်အတွက် လုပ်ငန်းသစ်ဆောက်လုပ်ခြင်း မရှိသေးပါကြောင်း၊ ခုနလို မိမိတို့အနေဖြင့် လပေါင်း ၂၀ အတွင်း ဆောက်လုပ်မည့် စီမံကိန်းများတွင် ပါဝင်နိုင်အောင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။