မိမိတို့နိုင်ငံတွင် ဆက်သွယ်ရေးနည်းစနစ်များ၊ သတင်းအချက်အလက်ဖြန့်ဝေသော စနစ်များ၊ သဘာဝပတ်ဝန်းကျင် လေ့လာသောစနစ်များ၊ မိုးလေဝသဆိုင်ရာ သတင်း အချက်အလက်စနစ်များ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသော လေ့လာမှုစနစ်များ၊ သစ်တောပြုန်းတီးမှုများ၊ စိုက်ပျိုးရေးတိုးချဲ့မှုများ၊ အင်းနှင့်မြစ်ချောင်းများ လေ့လာမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးတွင် ဂြိုလ်တုဓာတ်ပုံများ အသုံးပြုလျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင်လည်း ဂြိုလ်တု ဓာတ်ပုံနှင့်ပတ်သက်သော နည်းပညာများကို သင်ကြားပို့ချလျက်ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ Myanmar Economic Co-Opreation (MEC) လက်အောက် ရှိ မြေပုံထုတ်လုပ်ရေးဌာနတွင် ယနေ့နိုင်ငံတပ်ဆင်ထားသော Act Opposition Round Section ကို ဂြိုလ်တုဓာတ်ပုံများရိုက်ကူးရန် အသုံးပြုနေသည်ကို သိရှိရ ပါကြောင်း၊ ထို့အပြင် အမိန့်ကြော်ငြာစာအမှတ် ၁၁/၂၀၁၁ နှင့် မြန်မာ့ဂြိုလ်တုလွှတ်တင်ရေး လုပ်ငန်းကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအတွင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ စင်္ကာပူနိုင်ငံတို့တွင် Space Agency များကို ထူထောင်ထားပြီးဖြစ်ပါကြောင်း၊ သို့ရာ တွင် မိမိနိုင်ငံသည် အာကာသဆိုင်ရာအဖွဲ့အစည်းများ တည်ရှိမှုမရှိသေးသောကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အကူဖြစ်နိုင်သော ယင်းအဖွဲ့ကိုဖွဲ့စည်းရန် လိုအပ်သည်ကို လေ့လာတွေ့ရှိရ ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် အမိန့်ကြော်ငြာစာအမှတ်(၁၁/၂၀၀၁)နှင့် မြန်မာ့ဂြိုလ်တုလွှတ်တင်ရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်းခဲ့သောလည်း သို့သော်လည်း အာကာသဆိုင်ရာ အစိုးရအဖွဲ့အစည်း Space Agency ကို ဖွဲ့စည်းပြီး/မပြီး သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အနာဂတ်ကာလတွင် ဆက်သွယ်ရေး ကဏ္ဍ၊ ပြန်ကြားရေးကဏ္ဍနှင့် အခြား ဆက်ဆံရေးကဏ္ဍများတွင် နေရာဒေသမရွေး လုံခြုံချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် စီမံထိန်းချုပ် ကွပ်ကဲနိုင် သည့် နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုလ်တုတစ်လုံး လွှတ်တင်နိုင်ရန် နိုင်ငံပိုင် ဆက် သွယ်ရေးဂြိုလ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများအား အမိန့်ကြော်ငြာစာအမှတ်(၁၆/၂၀၁၁) ဖြင့်ဖွဲ့စည်းခဲ့သော်လည်း ယခုအချိန်ထိ အာကာသဆိုင်ရာအစိုးရအဖွဲ့အစည်း Space Agency အား ဖွဲ့စည်းထားခြင်း မရှိသေးပါကြောင်း၊ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားသမ္မတနိုင်ငံမှ National Institute of Alonotic and Space (LAPAN)၊ မလေးရှားနိုင်ငံ National Space Agency (ANGKASA)၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ Space Technology Institute (STI)၊ ထိုင်းနိုင်ငံမှ Geo Informatics and Space Technology Development Agency (GISTDA)၊ စင်ကာပူသမ္မတနိုင်ငံမှ Singapore Space Technology Agency(SSTA)တို့သည် အာကာသနည်းပညာအသုံးပြုမှုနှင့် ဂြိုလ်တုနည်းပညာအပိုင်းတွင် ဦးဆောင်အဖွဲ့အစည်းများဖြစ်ကြပါကြောင်း၊ ထို့အတူ ကမ္ဘောဒီယားနိုင်ငံ၊ လာအို၊ ပြည်သူ့ဒီမိုကရစ်တစ်သမ္မတနိုင်ငံ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံတို့တွင်လည်း ဂြိုလ်တုနည်းပညာ အသုံးပြုမှုကို တွယ်ကျယ်စွာစတင်ဆောင်ရွက်လျက်ရှိပြီး လာအို ပြည်သူ့ဒီမိုကရစ်တစ် သမ္မတနိုင်ငံတွင် ဂြိုလ်တုလွှတ်တင်ရေးဌာနတစ်ခု ဖွဲ့စည်းဆောင်ရွက် လျက်ရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အာဆီယံသိပ္ပံနှင့် နည်းပညာကော်မတီ (Cord) ရှိ အာကာသနည်းပညာနှင့် အသုံးပြုမှုဆပ်ကော်မတီ၊ Sub Committee on Space Technology and Application (SCOST) ဖွဲ့စည်းထားရှိရာ ဒေသတွင်းနိုင်ငံများရှိ အာကာသ Agency များ၊ အာကာသနည်းပညာ အသုံးပြုမှုတာဝန်ခံဌာနများပါဝင်ပြီး မိမိတို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင် ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ Focal Point အဖွဲ့အစည်းတစ်ခု အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
