ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ (၄.၇.၂၀၁၄)
မေးမြန်းသူ
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မိမိ တင်ပြမေးမြန်းရန် လျာထားခဲ့သော ကန်ကြီးထောင့်မြို့နယ်၊ ဝက်ထိုးအခြေခံ ပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်ကျောင်းခွဲအဖြစ် အဆင့်တိုးမြင့်ပေးရန် နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ ဇွန် ၅ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ်သို့ အဆင့်တိုးမြှင့်ပေးသည်ဟု သိရှိရပါကြောင်း၊ ၉-၇-၂၀၁၄ ရက်နေ့တွင် ကျောင်းဖွင့်ပွဲနှင့် ကျောင်းဆောင်တက် အပ်ပွဲကိုလည်း ပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြွရောက်ချီးမြှင့်မည်ဖြစ်ကြောင်းကို သိရှိရပါသဖြင့် မိမိ၏မေးခွန်းကို ပြန်လည် ရုတ်သိမ်းပါကြောင်း ပြောကြားပါသည်။
