စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ ဧရာဝတီဆိပ်ကမ်းသည် မြန်မာနိုင်ငံ အထက် ပိုင်းနှင့် အောက်ပိုင်းသို့ အစုန်၊ အဆန်ပြေးဆွဲနေကြသော သင်္ဘောအမျိုးမျိုးဝင်/ထွက် ဆိုက်ကပ်ကြသည့် ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ် ပါကြောင်း၊ မြင်းမူမြို့ ဧရာဝတီ ဆိပ်ကမ်းတွင် ဆိပ်ခံအတွက် (ဘ/၈၀၀၄) ထားရှိ ဆောင်ရွက်ခဲ့သော် လည်း ၁၉၉၀ ပြည့်နှစ် ဇူလိုင်လတွင် ဆိပ်ခံတွဲကျင်းပပြုလုပ်ရန်အတွက် သင်္ဘောယာဉ် ၅ ဖြင့်တွဲပြီး မန္တလေးမြို့ ဧရာဝတီဌာနခွဲ ရတနာပုံသင်္ဘောကျင်း ကို ယူဆောင် သွားခြင်းကြောင့် မြင်းမူမြို့ ဧရာဝတီဆိပ်ကမ်းတွင် ဆိပ်ခံတွဲ မရှိတော့သည်မှာ ယနေ့အချိန်ထိ နှစ်ပေါင်း ၂၀ တိတိ ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ တချို့နှစ် ရေနည်းချိန် ကာလများတွင် မန္တလေး-ပုဂံ ပြေးဆွဲလျက်ရှိသော မန္တလေးမှ ရေ ယာဉ်များနှင့် နိုင်ငံခြားသား ခရီးသွားရေယာဉ်များ သည် မြင်းမူဆိပ်ကမ်းအနီး ဧရာဝ တီမြစ်ရေ ယာဉ်တွင် ကျောက်ချရပ်နား၍ နိုင်ငံခြားသား ခရီးသည်များကို မြင်းမူဆိပ်ကမ်း ကနေ မော်တော် ဘုတ်ငယ်များနှင့် ကြို/ပို့သယ်ယူပို့ ဆောင်ပေးပြီး မြင်းမူမြို့က တစ်ဆင့် နိုင်ငံခြား သားခရီး သွားများ လိုအပ်သည့် နရာများကို မော်တော်ယာဉ်များနှင့် တစ်ဆင့် သယ်ယူ ပို့ဆောင်ပေး လျက်ရှိကြပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ ဆိပ်ကမ်းသည် နိုင်ငံခြားခရီးသည်များ၊ ပြည်တွင်းခရီးသည်များနှင့် ကုန်စည် မျိုးစုံ သယ်ယူပို့ဆောင်ပေးသော ရေယာဉ်အမျိုးမျိုး၊ သင်္ဘောများ ဝင်/ထွက်ဆိုက်ကပ်သော အထက်မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်း ကောင်းတစ်ခုဖြစ်ခြင်းကြောင့် မြင်းမူမြို့ဆိပ်ကမ်းအား အဆင့်မီ ဆိပ်ကမ်းကောင်းတစ်ခု တည်ဆောက် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီ ဌာနခွဲအနေဖြင့် ယခင်က မြင်းမူ ဆိပ်ကမ်းတွင် (ဘ/၈၀၀၄) ဆိပ်ခံတွဲထားရှိခဲ့သော်လည်း ၁၉၉၈ ခုနှစ်တွင် ဆိပ်ခံတွဲချို့ယွင်းပျက်စီး၍ ဆက်လက် အသုံးပြုရန် မသင့်တော့ခြင်းကြောင့် ဖျက်သိမ်းခဲ့ရပါကြောင်း၊ ဧရာဝတီဌာနခွဲအနေဖြင့် မန္တလေး-ညောင်ဦး ခရီးလမ်း၈ကို T အမျိုးအစားရေယာဉ်နှစ်ထပ်သင်္ဘောဖြင့် တစ်ပတ် နှစ်ခေါက်ပြေးဆွဲပြီး မြင်းမူဆိပ်ကမ်းကို အသွား အပြန် ဝင်ရောက်ဆိုက်ကပ်လျက်ရှိပါပြီး ဧရာဝတီဌာနခွဲမှ ငှားရမ်းထားသည့် မန္တလေး-ပုဂံ ခရီးလမ်း သွား ရွှေကိန္နရီရေ ယာဉ်များသည်လည်း နေ့စဉ်ပြေးဆွဲ ဝင်/ထွက်ဆိုက်ကပ် လျက်ရှိပါကြောင်း၊ ခရီးသည် အတက်/အဆင်းအရေအတွက်မှာ ၂၀ ဦးမှ ၂၅ ဦးအတွင်း၊ ကုန်တင်/ချသည် နှစ်တန်မှ သုံးတန်ခန့်သာ ရှိပါကြောင်း၊ ဧရာဝတီဌာနခွဲရှိ ရေယာဉ်များအနေဖြင့် ကမ်းထိုးပြီးအန္တရာယ်ကင်းစွာ ဝင်/ထွက်ဆိုက်ကပ် လျက်ရှိ ပါကြောင်းနှင့် မြင်းမူမြို့ကို ယခင်က ဆိပ်ခံမြို့ထားရှိခဲ့သော်လည်း ယခု ဆိပ်ကမ်းသုံးစွဲမှုအတိုင်းအတာ အခြေ အရ မြင်းမူဆိပ်ကမ်းအား အဆင့်မီ ဆိပ်ကမ်းကောင်း တစ်ခုတည်ဆောက်ပေးရန် အစီအစဉ် မရှိပါသေးကြောင်း ပြန် လည်ဖြေကြားပါသည်။
