(က)-သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ပြတိုက် သည်ပျောက်ကွယ်လုနီးပါးဖြစ်နေသဖြင့် ပြန်လည် မွမ်းမံပေး နိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၄.၃.၂၀၁၄)

ဦးသိန်းအောင် (သံဖြူဇရပ်)၁၉၄၂ ခုနှစ် နိုဝင်ဘာလမှစတင်၍ ဂျပန်တပ်မတော်ကဖောက်လုပ်ခဲ့တဲ့ ယိုးဒယား -မြန်မာလမ်းကြီးသည် လူသားများစွာအသက် စတေးခဲ့ရသည့် အ တွက်သေမင်း တမန်ရထားလမ်းဟု ထင်ရှားခဲ့သည့်အလျောက် မီးရထားလမ်းဖောက် လုပ်ရာ တွင် မြန်မာတပ်ရင်းသား ၈၀၀၀ ကျော်၊ မဟာမိတ်တပ်က ၁၀၀၀၀ ကျော်တို့ အသက် ဆုံးရှုံးခဲ့ကြပါကြောင်း၊  ရထားလမ်းဖောက်လုပ် ပြီးသည့်အထိမ်းအမှတ်ပွဲကို ၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင်ကျင်းပခဲ့သည် သံဖြူဇရပ်မှပန်ပုန်း သို့သော် မင်းတမန်ရထားလမ်းသည် သံဖြူဇရပ်မြို့မှစတင်ခဲ့ပြီး ဘုရားသုံးဆူတောင်ကြားလမ်း ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ပန်ပုန်းမြို့သို့ဖောက်လုပ်ပြီး ထိုမှတစ်ဆင့် ဘန်ကောက်-စင်ကာပူမီးရထားလမ်းနှင့် ဆက်သွားရန်ဖြစ်သည့် မိုင် ၂၅၀ ကျော် ရှည်ပြီး လမ်းခုလပ်တွင် တံတားတစ်စင်းကိုလည်း တည်ဆောက်ခဲ့ပါကြောင်း၊ တံတားဆောက် လုပ်ရာတွင် မြန်မာတိုင်းရင်းသားများနှင့် စစ်သုဉ့်ပန်းအဖြစ် ဖမ်းစည်းထားသော မဟာမိတ်တပ်သားများ ပြန်လည် ပါဝင်ခဲ့ပါကြောင်း၊ အလုပ်သမားနေပန်မှု၊ ကြန့်ကြာမှုမှ ကာလအတိုး အလုပ်သမား ၃၂၂၀၄ ဦးဖြင့် ပထမအသုပ်ဖြင့် စတင်ပို့လွှတ်လိုက်သော်လည်း ထွက် ပြေးသူများကြောင့် တစ်စတစ်စလျော့ပါးလာခဲ့ရာ အလုပ်သမား ၂၁၀၀၀ ကျော် ထပ်မံခေါ်ယူရန် ဆောင်ရွက်ကြရပါကြောင်း၊  ပထမအကြိမ်တွင် ခရိုင်  ၉၃ခု ရာဖွေစုဆောင်းခဲ့ပြီး ဒုတိယအကြိမ်အတွက် ကျောက်ဆည်၊ မအူပင်၊ မင်းဘူး၊ ပခုက္ကူ၊ သရက် (၅)ခရိုင်ကို ထပ်မံတိုးချဲ့ ရှာဖွေစုဆောင်း ခဲ့ပါကြောင်း၊ စုဆောင်းရေးအရာရှိ ဦးရေကိုလည်း ယခင်က အလုပ်သမား ၁၀၀၀ အတွက်(၁)ဦး ထားရမှ ၁၀၀ လျှင် (၁)ဦးနှုန်း ပြောင်းလဲ ထားရှိခဲ့သည့်အပြင် ၁၇၆၁၅ ဦး စုဆောင်းနိုင်ခဲ့ပါကြောင်း၊  တတိယအကြိမ် မိုနွန်ကားလမ်း မီးရထားဖောက်လုပ်ရာတွင်လည်း ဂျပန်တပ်တော်မှတောင်းဆိုချက်အရ ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် အလုပ်သမား ၂၀၀၀ ထပ်မံစုဆောင်းပေးရပြန်ပါကြောင်း၊ ဤတစ်ကြိမ်တွင် ရွှေဘို၊ ကသာနှင့် မုံရွာခရိုင်များကို တွင် စုဆောင်းပြီး အလုပ်သမားအင်းအား ၂၁၀၆၉ ဦးထပ်မံစုဆောင်းရရှိခဲ့ပါကြာင်း၊ မြန်မာနိုင်ငံ ဂျပန်တပ်မတော် ဌာနချုပ်က အရံတပ်ဖွဲ့တစ်ခုဖြစ်ပြီး အခြေတပ်တပ်သားများ၊ အလုပ်သမားများ စုဆောင်းရာမှာ အဓိက ပါသော ဟေဟိုတပ် ခေါ် မျိုးချစ်တပ် လူငယ်များအဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊  ယင်းတပ်မှာ မြန်မာ တိုင်းရင်းသားများ၊ စစ်သုဉ်းပန်း မဟာမိတ်တပ်သားများ၊သေမင်းတမန် မီးရထားလမ်းေဖောက်လုပ်ရာ တွင် ဖောက်လုပ်ခြင်းအထိန်းအမှတ်အဖြစ် ပြတိုက်နှင့် မဟာမိတ်စစ်သင်္ချိူင်းတို့ တည်ရှိပြီး စစ်သင်္ချိုင်းတွင် ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည်များ၏ ၁၆၁၇ ခုသော အရိုးပြာများကို မြှုပ်နှံခြင်းဖြစ်ပါကြောင်း၊  ရေစစ်သင်္ချိုင်းကို ၁၈ ဒီဇင်ဘာ ၁၉၄၆ ခုက ဗိုလ်ချုပ်အောင်ဆန်း နှင့် ဘုရင်ခံဆာဟူဘတ်ရန်းတို့ လာရောက်ဖွင့်လှစ်ပေးခဲ့ ပါကြောင့်၊  ထို့ကြောင့် သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ပြတိုက် သည် ပျောက်ကွယ်လုနီးပါးဖြစ် ပါသဖြင့်ပြန်လည် မွမ်းမံခြင်းရှိ/မရှိ၊ မရှိပါက မည်သည့် အတွက်ကြောင့် မပြုပြင်သည်နှင့် ရှိပါက မည်သည့်အချိန်တွင် ပြုပြင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး၊ ဦးသန့်ရှင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး၊ ဦးသန့်ရှင်းမိမိသည်  မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဖြေကြားတင်ပြသွားမှာဖြစ်ပါကြောင်း၊  သံဖြူဇရပ်မြို့နယ် ဝဲရက်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၃၁၆) ဝဲသွန်ချောင်၊ အကွက် အမှတ် (၂၁/၂၃) မြေလွတ်ဧရိယာ ၆.၆၁ ဧကရှိ သေမင်းတမန်မီးရထားပြတိုက် ပန်းခြံမြေအား ၁၉၉၄ ခုနှစ်မှ စ၍ သေမင်းတမန်မီးရထားပြတိုက်အဖြစ် သတ်မှတ် အသုံးပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အဆိုပါမြေအား ထိန်းသိမ်းခဲ့သော သံဖြူဇရပ်မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မြို့နယ်စည်ပင် သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပါကြောင်း၊ လွှဲပြောင်းစဉ်က ရထားပြတိုက်မြေ၊မီးရထား စက်ခေါင်း၊ ပြတိုက်အဆောက်အဦငယ်၊ ဓာတ်ပုံမှတ်တမ်းအချို့နှင့် စာရွက်စာတမ်း အချို့ ပါရှိပါကြောင်း၊  ၁၉၉၉ခုနှစ် တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေများ စာရင်းတွင်ပါဝင်ခဲ့ပြီး မြေဂရန်ရရှိရေးကို ဆောင်ရွက်လျက်ရှိစဉ် တလမွန်ကုမ္ပဏီ မှသေမင်း တမန်ရထားလမ်းပြတိုက် နေရာဟောင်းနှင့် ပန်းခြံကိုပြုပြင်ရန်နှင့် ၂.၁၈၅ ဧကရှိ မြေနေရာ တွင် ပြတိုက်၊ ပန်းခြံ၊ ရှစ်ယောက်တည်းခိုနိုင်သော လေးခန်းတွဲ တစ်ထပ်တိုက် လုံးချင်းခေတ်မီဟိုတယ်၊ ဆိုင်ခန်း၊ ကုန်တိုက်ကြီး ဆောက်လုပ်ခွင့်ပြုရန် တင်ပြခဲ့ရာ အဆိုပါနေရာအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမည်ဖြင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ ရရှိရေး ဆောင်ရွက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမည်ပေါက်ရရှိပြီးမှသာ လုပ်ငန်း ဆောင်ရွက်နိုင်ရေး အတွက် တင်ဒါခေါ်ယူဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းအား BOT စနစ်ဖြင့် ဆောင်ရွက် ၃၁-၁-၂၀၁၃ ရက်နေ့တွင် ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၃) ဆုံးဖြတ်ချက်အပိုဒ်(၈)အရ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သို့ အကြောင်းကြားခဲ့ပါကြောင်း၊ 

၂၀၀၁-၂၀၀၂ ခု ဘဏ္ဍာရေးနှစ်တွင် နှစ်လက်မအချင်း စက်ရေတွင်း၊ ရေစက်ရုံဆောက်လုပ်ခဲ့ ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပန်းခြံအဖြစ်ဆောင်ရွက်ရန် လျာထားခဲ့ပါကြောင်း၊  လက်ရှိတွင် သံဖြူဇ ရပ်မြို့ နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သံဖြူဇရပ်မြို့နယ် မြန်မာ့မီးရထားတို့မှ ပူးပေါင်း၍ ထိန်းသိမ်းထားရှိပြီး လက်ရှိမြေနေရာပေါ်ရှိ မီးရထားစက်ခေါင်းအား သံဖြူဇရပ်မြို့နယ် မြန်မာ့ မီးရထား(စက်မှု)ဌာန အစီအစဉ်ဖြင့် တစ်နှစ်လျှင်တစ်ကြိမ် ဆေးသုတ်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ သံလမ်းများအား၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ရှိခြုံနွယ်များ ရှင်းလင်းလျက်ရခြင်းတို့ဆောင်ရွက်ရှိသည့်အပြင် မြန်မာ့ မီးရထား (မြို့ပြ)မှ လည်းသေ မင်းတမန်ရထားလမ်း အထိမ်းအမှတ်နေရာ ထိန်းသိမ်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေး အပ်ပြီး ပြ တိုက်နှင့် ရထားလမ်းအထိမ်းအမှတ်နေရာများကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါမြေဧရိယာ ၆.၆၁ ဧကအား မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ၉-၄-၂၀၁၃ ရက်နေ့က လယ်မြေမှတစ်ပါး လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုခဲ့ပြီး သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမည်ပေါက်မြေ ဂရန် ရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သံဖြူဇရပ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ပိုင် မြေအမည်ပေါက်ရရှိပါက မွန်ပြည်နယ်စည်ပင်သာယာ ရေးကော်မတီ၏ကြီးကြပ် မှုဖြင့် မြေဧရိယာ ဝ.၆ ဧကနေရာ တွင်သေမင်း တမန်ပြ တိုက်ကိုလည်း ကောင်း၊ မြေဧရိယာ ၁.၅၈၅ ဧကနေရာတွင် ပြတိုက်သို့လာရောက်သည့် ယာဉ်များရပ်နားရန်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ဈေးဆိုင်များကိုလည်းကောင်း၊ မြေဧရိယာ ဝ.၈၂၆ ဧကနေရာ တွင် ခရီးသည်များ နားနေနိင်ရန်အဆင့်မြင့်နား နေဆောင်များကိုလည်းကောင်း တည်ဆောက်ရန် လျာထားပြီးဖြစ် ပါကြောင်း၊ ထို့ပြင်အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ဈေးဆိုင်များတည်ဆောက်ခြင်း၊ အဆင့်မြင့်နားနေဆောင် များတည်ဆောက်ခြင်းဖြင့် သေမင်းတမန်ပြတိုက်အား ရေရှည်ထိန်းသိမ်း စောင့်ရှောက်မှုအတွက် ဝင်ငွေ ရရှိစေရေး ဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း၊  ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ၁၂-၁-၂၀၁၄ ရက် သံဖြူဇရပ်ခရီးစဉ်တွင် ပြတိုက်နေရာအား ပြုပြင်ထိန်းသိမ်းရန်မှာကြားခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလမှ စတင် ဆောင်ရွက်ရန်ဖြစ်ပါတယ်။ သေမင်း တမန်ပြတိုက်နေရာပြုပြင်ထိန်းသိမ်းပြီး အဆင့်မြှင့်တင်ရေးအတွက် မီးရထားဌာနနှင့် ပြည်နယ်စည်ပင် သာယာရေးကော်မတီတို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။