ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ်အတွင်းရှိ နားရိုင်းကျေးလက်ကျန်းမာရေးဌာန လက်အောက်ရှိ အုံလွိုင်ယဲကျေးလက် ကျန်းမာ ရေးဌာနခွဲ တွင် ဆေးခန်း အဆောက်အဦနှင့် ဆရာမနေထိုင်ရန်အဆောက်အဦလိုအပ်ပါသဖြင့် အုံလွိုင်ယဲ ကျေး လက် ကျန်းမာရေး ဌာနခွဲ အဆောက်အဦနှင့် ဆရာမနေထိုင်ရန် အဆောက် အဦ ဆောက်လုပ်ပေးနိုင်ပါရန်ကိုလည်းကောင်း၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလန်မြို့နယ်ခွဲ၊ ခိုလန်ကျေးလက် ကျန်း မာရေးဌာန၏မြေနေရာကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့၂၀၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၂ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ရပြီး ခိုလန်ကျေးလက် ကျန်း မာရေး ဌာနအတွက် ကာလေရွာကို ပြောင်းရွှေ့ သတ်မှတ်ထားသည်ကို သိရှိရ ပါကြောင်း၊ ထို့ကြောင့် ခိုလန်ကျေးလက် ကျန်းမာရေး ဌာနခွဲအတွက် ဆေးခန်းနှင့် ဝန်ထမ်းများနေ ထိုင်ရန် အဆောက်အဦဆောက်လုပ်ပေးနိုင်ရန်ကိုလည်းကောင်း၊
ကာလေကျေးလက်ကျန်းမာရေးဌာနခွဲကိုလည်း နားလောကျေးရွာသို့ ရွေးချယ်သတ်မှတ်ခဲ့ခြင်းကြောင့် နားလောကျေးရွာ၌ ဆေးခန်းမြေနေရာနှင့် ဆေးခန်းအဆောက်အဦဆောက်လုပ်ပေးနိုင်ရန်ကိုလည်းကောင်း၊ အထက်ဖော်ပြပါ ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲတို့ အတွက် မြေနေရာ၊ ဆေးခန်းနှင့် ဝန်ထမ်းအဆောက်အဦများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းနှင့်ထည့်သွင်းဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းပါသည်။
ဦးဌေးလွင် (နမ့်စန်) ကိုယ်စား ဦးခင်မောင်သီ (လွိုင်လင်)မှ မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်အတွင်းရှိ အုံလွိုင်ယဲကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ အသစ်ဆောက် လုပ်ပေးရန်၊ ခိုလန်ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦနှင့် နားလောကျေးရွာ တွင် ကျေးလက် ကျန်းမာရေးဌာနခွဲအသစ် တည် ဆောက်ပေးရေးတို့နှင့်ပတ်သက်၍ မြို့နယ်များတွင် အထောက်အ ကူပြုကော် မတီများ ဖွဲ့စည်းထားပြီး ဖြစ်ရာ မြို့နယ်အလိုက်လိုအပ်ချက်များအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အထောက် အကူပြုအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ ညှှိနှိုင်း၍ ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းလျာထား ဆောင်ရွက်သင့် ပါကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က တင်ပြလာသော ဒေသန္တရစီမံ ကိန်း နှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကဏ္ဍအလိုက်စီမံကိန်းများကို စီမံကိန်း ကော်မရှင်နှင့် ဘဏ္ဍာရေး ကော် မရှင်တို့တွင် ထည့်သွင်းညှှိနှိုင်းပြီး ကျန်းမာရေးဝန်ကြီးဌာနသို့ ခွင့်ပြုရရှိသော ရန်ပုံငွေဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
