လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအတွက် လိုအပ်လျက် ရှိသော ဗွီယို၊ ရုံးအသုံးအဆောင်ပစ္စည်းများ၊ အုတ်တံတိုင်းများ၊ စာရိုက်ရန်ကွန်ပျူတာ၊ Printer၊ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးရန်အတွက် လိုအပ်သည့် ကင်မရာတစ်လုံး စသည်များကို ဖြည့်ဆည်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထပ်မံ၍ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ လဲချားမြို့နယ်၏ ရုပ်သံထပ်ဆင့်လွှင့်ထုတ် စက်ရုံတွင် မီးအားထိန်းစက်ကိရိယာ၊ မီးတင်မီးအားထိန်းကိရိယာတစ်လုံး၊ 5KVA လိုအပ်လျက်ရှိသည့်အပြင် ဂြိုလ်ထုလိုင်းဖမ်းယူခြင်းကိုလည်း Digital စနစ်ပြောင်းမည် ဆိုသော်လည်း မည်သည့်အချိန်တွင် ပြောင်းမည်ဆိုသည်ကို အတိအကျ မသိရှိရ ပါကြောင်း၊ ယနေ့ ရုပ်သံဖမ်း စက်/လွှင့်စက်များသည် ၁၉၉၅-၁၉၉၆ ခုနှစ်ကစတင် သုံး လာသော တရုတ်နိုင်ငံထုတ်စက်များဖြစ်ခြင်းကြောင့် Frequency အပြည့်သုံးစွဲနိုင်သော စက်များ မဟုတ်တော့ပါကြောင်းး ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် ရုပ်မြင်သံကြားကို ကြည်လင်ပြတ်သားရှင်းလင်းစွာ ကြည့်ရှုနိုင်ပါရန် လိုအပ်သည့်ပစ္စည်းကိရိယာ တန်ဆာများကို ဝန်ကြီးမှ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိနှင့် ဂြိုလ်တုလိုင်းဖမ်းသူခြင်းနှင့်ပတ်သက်၍ Digital ပြောင်းလဲမည့်အချိန်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရုပ်မြင်သံကြားထပ်ဆင့်လွှတ်စက်ရုံနှင့်စပ်လျဉ်း၍ လဲချားတွင်ရှိသော ထပ်ဆင့် ထုတ်စက်ရုံသည် ၁၅-၆-၁၉၉၅ ရက်နေ့မှ စတင်ပြီး ရုပ်မြင်သံကြား အစီအစဉ်များကို လွှင့်အား 50 W၊ Analoguesနှင့် ထုတ်လွှင်ပေးနေသော စက်ရုံတစ်ရုံဖြစ်ပါကြောင်း၊ မြို့မီး ရရှိသော်လည်း လွှင့်အားမပြတ် တောက်စေဖို့အတွက် 7.5 KVA မီးစက်နှင့်အတူ လစဉ် စက်သုံးဆီ ၃၅ ဂါလန်ကို ခွဲဝေပေးထားပါကြောင်း၊ 5 KVA မီးအားထိန်းစက် (Automatic Voltage Regulator) မီးအားမငြိမ်မှုကြောင့် Control Circuit နှင့် Coil များလောင်ကျွမ်းခဲ့ခြင်းကိုလည်း ပြန်လည်ပြုပြင်၍ ကောင်းမွန်စွာအသုံးပြု လျက် ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင် သံကြားအနေဖြင့် Analogues Systemမှ Digital System ကို ပြောင်းလဲထုတ်လွှင့်နေပြီဖြစ်ပါကြောင်း။ တစ်နိုင်ငံလုံ အတိုင်းအတာအရ အဆင့်(၄)ဆင့်ခွဲခြားပြီး Analogues System က Digital System ကို ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ Analogues System ကနေ Digital System ကိုပြောင်းလဲ ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း၊ လဲချားထပ်ဆင့်လွှင့်စက်ရုံကိုလည်း လာမည့်နှစ်များတွင် စီမံချက်အရဆောင်ရွက်သည့်အခါ Analogues Systemမှ Digital System က ိုပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
