မိမိအနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်ခဲ့သော မဲဆန္ဒနယ်မြေ များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်ရှိ/မရှိ၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်ရှိပါက အ တွက် ကြိုတင်ပြင်ဆင်ရန်အတွက် မဲဆန္ဒနယ်မြေများကိုရွေးကောက်ပွဲ နေ့ရက်များ ထုတ်ပြန်ကြေညာပေးရန်အစီ အစဉ်ရှိ/မရှိ၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် ကြားဖြတ်ရွေးကောက် ပွဲကျင်းပပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက် ရှိသော လွှတ်တော်ကိုယ်စားလှယ် ဦးရေနှင့် မဲဆန္ဒနယ် စာရင်းများကို သက်ဆိုင်ရာလွှတ်တော်များက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အောက်ပါ အတိုင်း ပေးပို့ထားပါကြောင်း၊ (၁) ပြည်နယ်နှင့် တိုင်းဒေသကြီးအတွက် လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်ဦးရေ ၁၁ ဦးရှိပါကြောင်း၊ ယင်းတို့မှာ ပြည်နယ် လွှတ်တော် များတွင် ကချင်ပြည်နယ်မှ တစ်ဦး၊ ဝိုင်းမော်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ ကရင်ပြည် နယ် တစ်ဦး၊ လှိုင်းဘွဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ရခိုင်ပြည်နယ် ဂွမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ကိုယ်စားလှယ်(၁)ဦး၊ တိုင်းဒေသကြီး လွှတ်တော်များတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားလှယ်တစ်ဦး၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ် (၁)ဦး၊ မန္တလေး တိုင်းဒေသကြီးတွင် အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)နှင့် မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တို့မှ ကိုယ်စားလှယ်(၂)ဦး၊ ရှမ်းပြည်နယ်တွင် တာချီလိတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ မိုင်းယောင်း မြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၁)၊ တန့်ယန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တို့မှ ကိုယ်စားလှယ်သုံးဦး၊ ဧရာဝတီတိုင်းဒေ သကြီး၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ် (၁) ဦးဖြစ်ပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်အနေဖြင့်ဆိုပါ ၁၇ ဦးဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်မှ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဟားခါး၊ ကမ္မ၊ ရေနံချောင်း၊ မင်းဖျား၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အင်းစိန်၊ လသာ၊ ပန်းဘဲတန်း၊ နမ္မခမ်း၊ ပန်း တနော်မြို့နယ်များမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ အမျိုးသားလွှတ်တော်မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ တနင်္သာရီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၄)၊ ရန်ကုန် တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၆) တို့တွင် (၄)ဦး လစ်လပ်လျက်ရှိပါကြောင်း၊ အထက်ပါ လစ်လပ် လျက်ရှိသော မဲဆန္ဒနယ် ၂၈ နယ်တွင် ဒုတိယ အကြိမ် ကြားဖြတ်ရွေးကောက်ပွဲ တင်မြှောက်ပွဲကို ကျင်းပပေးရန် အစီအစဉ်ရှိသည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်ကို အနည်းဆုံး သုံးလကြိုတင် ကြေညာပေး မည်ပါေသောကြောင့် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများ၊ ပုဂ္ဂိုလ်များအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆန္ဒ ရှင်ပြည်သူများဆန္ဒကို အလေးထားဖြည့်ဆည်းကာ ထာဝရ စည်းရုံးနေသင့်ပါကြောင်း၊
ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ ယနေ့ ၂၀-၃-၂၀၁၄ ရက်နေ့ ထိ တရားဝင်လစ်လပ်လျက်ရှိသော မဲဆန္ဒနယ် ၃၀နှင့် တရားဝင်မဟုတ်သော်လည်း မွန်ပြည်နယ် တိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လစ်လပ်နေကြောင်းကို တင်ပြထားသည့်အတွက် တရား ဝင်ဖြစ် လာမည်ဆိုပါက ၃၁ နေရာဖြစ်ကြောင်း၊
မြို့နယ်ကိုအခြေခံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှကိုယ်စားလှယ်တစ်ဦး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီပါဝင်သော အမျိုးသားလွှတ်တော်ကိုလည်းကောင်း၊ မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးကျစီပါဝင်ပြီး လူဦးရေ ဝ.၁ ရာခိုင်နှုန်းရှိသော တိုင်းရင်းသားလူမျိုးများပါဝင်သော တိုင်းဒေ သကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ကာ မြို့နယ်တစ်မြို့နယ်ကို ပြည်သူ့ လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မှ ကိုယ်စားလှယ်နှစ်ဦးတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည့် အတွက် အနည်းဆုံး လူထုကိုယ်စားလှယ်တစ်ဦးက ဒေသဖွံ့ဖြိုးရေးကို ပေါင်းစပ်ပေးနိုင်ပါကြောင်း၊
ပြည်သူ့ကိုယ်စားလှယ်များ လစ်လပ်မှုရှိပါက ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ပြဋ္ဌာန်းဥပဒေ မရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပပေးလိုပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးအား ကော်မရှင် အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာအမြင်တို့ဖြင့် ချိန်ထိုးဆောင်ရွက်လျက်ရှိ ပါကြောင်း၊
နိုင်ငံတော်တွင် ၂၀၁၃ ခုနှောင်းပိုင်းနှင့် ၂၀၁၄ ခုနှစ်များတွင် အာဆီယံအားကစားပြိုင်ပွဲများ သန်းခေါင်စာရင်း လုပ်ငန်းများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ရသည့်အတွက် အစိုးရသာမက လွှတ်တော်ရေး ရာကော်မတီများ၊ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ တို့သည် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နေရခြင်းတို့ကြောင့် အလုပ်များပြားလွန်းသည့် ကာလဖြစ်ပါကြောင်း၊
ထို့ကြောင့် ရွေးကောက်ပွဲဖြင့် ဝန်မပိစေရန်၊ ပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည် ပ စောင့်ကြည့် လေ့လာရေးအဖွဲ့များ၊ သတင်းမီဒီယာများက ပြည်သူလူထုကိုဗဟိုပြုပြီး ပူးပေါင်းဆောင်ရွက်မှ၊ ထိန်းကျောင်းပေးမှ လွတ်လပ်တရားမျှတပြီး ပြစ်တင်ဝေဖန်မှုနည်းမည့် ရွေးကောက်ပွဲဖြစ်ရန်တို့အတွက်လည်း ဆိုင်းငံ့ ထားခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်းသည် တိုင်းပြည်၏ ကွန်ယက် အပေါ် သက်ရောက်စေ တတ်ရာကြားဖြတ်ရွေးကောက်ပွဲ အတ္တကိုကြည့်ပြီး အဆိုးမြင်ဝါဒီ များ၏ ဝေဖန်ပြောဆိုမှုအရ တိုင်းပြည်၏ အကျည်း တန်မှု မဖြစ်စေလိုပါကြောင်း၊
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပ သင့်/မသင့် ဗဟိုအမြင် ငါးမျိုးနှင့်ချိန်ထိုးကျင်းပ ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် ရာသီဥတုသာယာချိန်မှ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် ရည်ရွယ်ထားပါကြောင်း ပြန် လည်ဖြေကြားပါသည်။
