ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ အုတ်ဖိုကျေးရွာအုပ်စု ကျွဲပွဲ-အုတ်ဖိုကျေးရွာချင်းဆက်လမ်းကို ၁၉၇၃ ခုနှစ်မှ ကိုယ့်အားကိုယ်ကိုးတည် ဆောက်ခဲ့ပါကြောင်း၊ ယင်းလမ်းသည် တောင်အုတ်ဖို၊ မြောက်အုတ်ဖို၊ ရေလျံကျေးရွာ အပါ အဝင်ကျေးရွာ(၁၁)အုပ်စုမှ လူဦးရေ၊ အိမ်ထောင်စု ၈၆၁ စုခန့်ကို အကျိုးပြုလျက် ၎င်း အမြန်လမ်းတိုင်အောင် လေးမိုင်ကျော်ကွာဝေးလျက်ရှိပါကြောင်း၊ ထို့အပြင် နီးစပ်ရာကျေးရွာများဖြစ်သည့် ဆွဲလဲချောင်းကျေးရွာ၊ ကျွဲပွဲနှင့်ကျေးရွာများအပြင် သီဟိုရ် စိုက်ခင်း၊ ရော်ဘာစိုက်ခင်းနေရာများကို အကျိုးပြုလျက်ရှိပါကြောင်း၊ ယခုအခါ အမြန်လမ်းဖောက်လိုက်သည့်အတွက် ၎င်း လမ်းမကြီး ပျက်စီးပြီး ချိုင့်များဖြစ်၍ ယာဉ်များသွားလာရန်ခက်ခဲပါကြောင်း၊ အုတ်တွင်းမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စုမှာရှိ ကျွဲပွဲ-အုတ်ဖိုကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး အမြန်ဆုံးခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါ သည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲကျေးရွာမှ အုတ်ဖိုကျေးရွာ မင်းရဲဆည်အထိ ဆည်မြောင်းလမ်း အဖြစ် ယခင်ကသွားလာခဲ့ပြီး အမြန်လမ်းမကြီး ဖောက်လုပ်ပြီးစီးသည့်အခါ အမြန်လမ်းမကြီးမှ မင်းရဲဆည်အထိ သွားလာခြင်းဖြင့် လည်းကောင်း၊ ဆက်လက်၍ ကျွဲပွဲမှအုတ်ဖိုသို့ ကျေးရွာချင်းဆက်လမ်းဖြင့်လည်းကောင်း အသုံးပြုလျက်ရှိပြီး အရှည် ၁ မိုင် ၁ဖာလုံ ရှည်သော ကျောက်လမ်းပျက်တစ်ခုရှိပါကြောင်း၊ အဆိုပါလမ်းသည် ကျေးရွာငါးရွာရှိ ပြည်သူပေါင်း ၁၅၀၀ ကျော်ကို အကျိုးပြုပြီး အရှည် ၁ မိုင် ၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၀ လက်မ ကျောက်ချောခင်းရန် ငွေကျပ် ၅၆.၂၅ သန်းကုန်မည်ဟု ခန့်မှန်းရရှိပါကြောင်း၊ ပဲခူးတိုင်းချုပ်အနေဖြင့် ၂၀၁၄-၁၅ ခွင့်ပြုထာသော ရန်ပုံငွေမှာ လမ်းတံတားအားလုံးပေါင်း ၁၉၁၂၆ ဘီလီယံကို ဒီနှစ်အတွက် ဘဏ္ဍာငွေခွင့်ပြုထားပါကြောင်း၊ အုတ်တွင်းမြို့နယ်အချုပ်အနေဖြင့် တင်ပြရလျှင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၄-၁၅ ခုနှစ် ရန်ပုံငွေ ၃၆၀.၃၀ သန်း လမ်းတံတားများအတွက် လျာထားခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ အုတ်တွင်းမြို့နယ်အတွင်း ကျွဲပွဲ-အုတ်ဖိုလမ်းကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ယခုနှစ် ဖြည့်စွက် တင်ပြတောင်းခံပေးသွားမည် ဖြစ်ပါကြောင်းဖြေကြား ပါသည်။
