(ဃ)-မောက်မယ်မြို့နယ်အတွက် (33KVA)ဓာတ် အားခွဲရုံဆောင်ရွက်ပေးမည့်အစီအစဉ်နှင့် လျှပ်စစ် ထရန်စဖော်မာတိုးချဲ့တပ်ဆင်ပေးခြင်း၊ကွန်ကရစ် မီးတိုင်များလဲလှယ်ပေးမည့်အစီအစဉ်များကိုသိလို သည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၇.၂.၂၀၁၄)

မောက်မယ်မြို့နယ်အတွင်းသို့ ပို့လွှတ်ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးသည် ကျိုင်းတောင်းရေအားလျှပ်စစ်ဖြစ်ပြီး မိုးနဲမြို့မှ မောက်မယ်အထိ ၁၁ ကေဗွီအေလိုင်းခွဲ ပို့လွှတ်ပေးပါကြောင်း၊ ယခုအခါ လျှပ်စစ်သုံးစွဲမှု တိုးတက် များပြားလာခြင်းကြောင့် နိုင် နင်းမှုအားနည်းနေပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်မည့် အစီအစဉ်များလည်းရှိနေပါကြောင်း၊ မောက်မယ်မြို့နယ် အတွက် ၃၃ ကေဗွီအေ လိုင်းခွဲရုံ ချထားပေးမည်ဟု ကြားသိရသော်လည်း မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို အတိအကျမသိရှိရသေးပါကြောင်း၊ ဓာတ်အားလိုင်းမြှင့်တင်ခြင်းနှင့်အတူ ထရန်စဖော်မာလိုအပ်ချက်များနှင့် မိုးတွင်းကာလ များတွင် သက်တမ်းကြာမြင့်သော သစ်သားလမ်းမီးတိုင်များ အန္တရာယ်ရှိသောကြောင့် ရပ်ကွက်အချို့တွင် စိုက်ထူထားသော သစ်သားမီးတိုင်များကိုလည်း ကွန်ကရစ် တိုင်များအဖြစ် အဆင့်မြှင့်တင် ပေးစေလိုပါကြောင်း၊ ရပ်ကွက်လူထုတွေ့ဆုံပွဲများတွင် မီးအားနည်းသဖြင့် ချက်ပြုတ်ရေး အလုပ်အကိုင်များတွင် အဆင်မပြေကြောင်း၊ လမ်းမီးတိုင်များကို ကွန်ကရစ်တိုင်အဖြစ်သို့ လဲလှယ်ပေးစေလိုကြောင်း ပြည်သူလူထု၏ တင်ပြချက်များရှိခဲ့ပါသဖြင့် မောက်မယ်မြို့နယ်အတွက် ၃၃ ကေဗွီအေ ဓာတ်အားခွဲရုံ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ဓာတ်အားပို့လွှတ် အဆင့်မြှင့်တင်ခြင်းနှင့်အတူ လက်ရှိထရန်စဖော်မာ တိုးချဲ့တပ်ဆင်ပေး ခြင်း၊ ကွန်ကရစ်မီးတိုင်များ လဲလှယ်ပေးမည့်အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။မောက်မယ်မြို့နယ်အတွင်းသို့ ပို့လွှတ်ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးသည် ကျိုင်းတောင်းရေအားလျှပ်စစ်ဖြစ်ပြီး မိုးနဲမြို့မှ မောက်မယ်အထိ ၁၁ ကေဗွီအေလိုင်းခွဲ ပို့လွှတ်ပေးပါကြောင်း၊ ယခုအခါ လျှပ်စစ်သုံးစွဲမှု တိုးတက် များပြားလာခြင်းကြောင့် နိုင် နင်းမှုအားနည်းနေပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်မည့် အစီအစဉ်များလည်းရှိနေပါကြောင်း၊ မောက်မယ်မြို့နယ် အတွက် ၃၃ ကေဗွီအေ လိုင်းခွဲရုံ ချထားပေးမည်ဟု ကြားသိရသော်လည်း မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို အတိအကျမသိရှိရသေးပါကြောင်း၊ ဓာတ်အားလိုင်းမြှင့်တင်ခြင်းနှင့်အတူ ထရန်စဖော်မာလိုအပ်ချက်များနှင့် မိုးတွင်းကာလ များတွင် သက်တမ်းကြာမြင့်သော သစ်သားလမ်းမီးတိုင်များ အန္တရာယ်ရှိသောကြောင့် ရပ်ကွက်အချို့တွင် စိုက်ထူထားသော သစ်သားမီးတိုင်များကိုလည်း ကွန်ကရစ် တိုင်များအဖြစ် အဆင့်မြှင့်တင် ပေးစေလိုပါကြောင်း၊ ရပ်ကွက်လူထုတွေ့ဆုံပွဲများတွင် မီးအားနည်းသဖြင့် ချက်ပြုတ်ရေး အလုပ်အကိုင်များတွင် အဆင်မပြေကြောင်း၊ လမ်းမီးတိုင်များကို ကွန်ကရစ်တိုင်အဖြစ်သို့ လဲလှယ်ပေးစေလိုကြောင်း ပြည်သူလူထု၏ တင်ပြချက်များရှိခဲ့ပါသဖြင့် မောက်မယ်မြို့နယ်အတွက် ၃၃ ကေဗွီအေ ဓာတ်အားခွဲရုံ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ဓာတ်အားပို့လွှတ် အဆင့်မြှင့်တင်ခြင်းနှင့်အတူ လက်ရှိထရန်စဖော်မာ တိုးချဲ့တပ်ဆင်ပေး ခြင်း၊ ကွန်ကရစ်မီးတိုင်များ လဲလှယ်ပေးမည့်အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးမောက်မယ်မြို့နယ်ကို မိုးနဲ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံက ၁၁ ကေဗွီဓာတ်အားလိုင်း ၂၇.၅ မိုင်ဖြင့် ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးထားပါကြောင်း၊ မီးသုံးသူဦးရေ ၁၂၅၀ ဦးရှိပြီး မြို့ပေါ်တွင် မိမိတို့ လျှပ်စစ်ဌာနပိုင် ၁၁/ဝ.၄ ကေဗွီ ၃၁၅ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထရန်စဖော်မာများ သည် ဝန်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းသာ အများဆုံးရှိသဖြင့် လက်ရှိအခြေအနေတွင် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ရန် မလိုအပ်သေးပါကြောင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကို တိုးချဲ့ တည်ဆောက်ခြင်း၊ အစားထိုးတည်ဆောက်ခြင်းနှင့် ပြုပြင်လဲလှယ်ခြင်း လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ၎င်းတို့၏ ဘတ်ဂျက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံရန် စီစဉ်ညှိနှိုင်းထား ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆွေ့မြေ့သစ်သားတိုင်နှင့် ကွန်ကရစ်တိုင်များ လဲလှယ်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ရန်အတွက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ နှစ်အလိုက်ဘတ်ဂျက်ရန်ပုံငွေ တင်ပြတောင်းခံပြီး ပြုပြင်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။