ဆော့လော်မြို့နယ်၊ ဝဟောင် ကျေးရွာအုပ်စုရှိ ဘုတ်ဝေါ်ရွာနှင့် ဝဟောင်ကျေးရွာသို့ ဆက်သွယ် သွားလာနေသောလမ်းသည် တောင်ပေါ် လူသွားလမ်း တစ်ခုရှိ၍ ဒေသခံပြည်သူလူထုများ ခက်ခဲပင်ပန်းစွာ ကုန်ပစ္စည်းများကို လူဖြင့်သာထမ်း၍ သွားလာနေသော လမ်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာချင်းဆက်လမ်း တစ်ခုဖြစ်သော ဘုတ်ဝေါ်ရွာနှင့် ဝဟောင်ရွာကို ဆက်သွယ်ထားသော လူသွားလမ်းအရှည် ၃ မိုင်ကို ဆိုင်ကယ်လမ်းအဖြစ် အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဖောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် ဝဟောင် ကျေးရွာအုပ်စုအတွင်းရှိ ဘုတ်ဝေါ်ရွာနှင့် ဝဟောင်ရွာကို ဆက်သွယ်ထားသော လူသွားလမ်းသည် အရှည် ၃ မိုင်ရှိပါသည် ပြည်သူများကိုလည်း အကျိုးပြုသည့် လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ ဘုတ်ဝေါ်-ဝဟောင်လူသွားလမ်းကို ဆိုင်ကယ်လမ်းအဖြစ် တိုးမြှင့်မည်ဆိုလျှင် ကုန်ကျငွေ ၂၂.၅ သန်းခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ၆.၇၅ ဘီလီယံ လမ်းတံတားကိစ္စခွင့်ပြုထားပါတယ်။
ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ဆော့လော်မြို့နယ်၊ ဝဟောင်ရွာအတွင်းရှိ ဘုတ်ဝေါ်-ဝဟောင်ဆိုင်ကယ်လမ်းကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မူလဘတ်ဂျက် လျာထား ခြင်းမရှိသော်လည်း ယခု လာမည့်ဖြည့်စွက်နှစ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက် ဦးစားပေးထည့်သွင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
