စစ်ကိုင်းမြို့နယ်၊ တောင်ကြားကျေးလက် ကျန်းမာရေးဌာနသည် ရွှေဘို-မန္တလေးလမ်းမကြီးမှ ခုနစ်မိုင်အကွာ အနောက်ဘက်တွင် ဆားတောင်ကျေး လက်ကျန်းမာရေးဌာန၏ အနောက်ဘက် ၉ မိုင်ခန့်အကွာတွင်ရှိပြီး အကျယ် အဝန်းမှာ ၇၂ စတုရန်းမိုင် ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာပေါင်း ၂၀ ၊ အိမ်ခြေစုစုပေါင်း ၄၀၀၇ အိမ်နှင့် လူဦးရေစုစုပေါင်း ၁၉၃၅၀ ရှိပါကြောင်း၊ တောင်ကြားကျေးလက် ကျန်းမာရေးဌာန၏ အနီးဆုံးဆေးရုံ သည် စစ်ကိုင်းမြို့ ကုတင် ၂၀၀ ခန့်ဆေးရုံဖြစ်ပြီး ၂၈ မိုင်ကွာဝေးပါကြောင်း၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနနှင့် ၉ မိုင်ဝေးပါသည်။ လက်ရှိတွင် ကျန်းမာရေးဌာနခွဲရှိပြီး သားဖွားခန်းအပါအဝင် ကျန်းမာရေးမှူးနေအိမ်နှင့် ကျန်းမာရေးဆရာမနေအိမ်ကိုလည်း ဆောက်လုပ်နေပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းမြို့နယ်၊ တောင်ကြားကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေး ဌာနအဖြစ် အဆင့်တိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ချထားပေး မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ဆားတောင်တိုက်နယ်ကျန်းမာရေး ဌာနအောက်တွင် လင်းတလူး၊ ပေါက်မ၊ အင်းစ၊ လင်းယဉ်၊ ညောင်ပင်ရှည်၊ ကျားမင်းကြီး၊ တောင်ကြား ကျေးလက်ကျန်းမာရေးဌာနခွဲ ခုနစ်ခုရှိရာ တွင် တောင်ကြားကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေး ဦးစီးဌာန၊ စီမံကိန်းဌာနခွဲ၏ စာရင်းအရ လူဦးရေ ၁၆၁၈ ဦးရှိပြီး ဆားတောင် တိုက်နယ် နှင့် ကိုးမိုင်အကွာတွင် တည်ရှိနေပါကြောင်း၊ ထို့ကြောင့် ပြည်သူ များကျန်း မာရေး စောင့်ရှောက်မှုကို ဆားတောင်တိုက်နယ်ဆေးရုံနှင့် အနီးစပ် ဆုံးကျန်းမာရေးဌာနမှ စောင့်ရှောက် မှု ပေးနေ ပါသဖြင့် ယခုအချိန် တွင် တောင်ကြားကျေးလက် ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေး ဌာန အဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
