ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ရှိ ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသောလမ်းသည် မြေသား လမ်းဖြစ်ပြီး ၁၄၃၁၀ ပေ ရှည်လျားပါသည်။ အဆိုပါလမ်းအား ဂဝံမြစ်၏ အနောက်ဘက်တွင် ကျေးရွာ(၉)အုပ်စုဖြစ်သော ညောင်မှော၊ ကွင်းပေါက်၊ ကမ်းနီ၊ ကြို့ကုန်းမြောက်၊ ချင်းကွင်း၊ ဖလန်ရေယာဉ်၊ ကွင်းကြီးသဘော့၊ ကွင်းလျား၊ နှောကုန်းကျေးရွာအုပ်စုနှင့် အရှေ့ဘက်တွင် ကျေးရွာ (၆)အုပ်စုဖြစ်သော မကျည်လဟာ၊ ကွင်းကြီး၊ ပန်းဇံကွင်း၊ ကညင်ငူ၊ နွားရေတိုက်၊ ဖက်သလက် ကျေးရွာအုပ်စု စုစုပေါင်း ၁၅ အုပ်စုမှ ပြည်သူများ အားကိုးအားထားပြု သွားလာနေရသော လမ်းသည် မြေသားလမ်းဖြစ်သောကြောင့် မိုးတွင်းကာလတွင် သွားလာရေးနှင့် သီးနှံထုတ်ကုန်များ သယ်ယူ ပို့ဆောင်ရေးတို့တွင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာ ချင်းဆက်လမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ်သို့ မြှင့်တင်ဆောင်ရွက်ပေး မည်ဆိုပါက ကျေးရွာ ၁၅ ရွာ၊ အိမ်ထောင်စု ၆၁၆၄ စုနှင့် လူဦးရေ ၂၅၅၁၁ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်းနှင့် ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ လိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ် ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာချင်းဆက် မြေသားလမ်း ၂ မိုင်နှင့် ၆ ဖာလုံရှိပါသည် ကျေးရွာ ၈၃ ရွာရှိပြီး လူဦးရေ ၂၅၅၁၁ ဦးရှိပါကြောင်း၊ အဆိုပါလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်မည်ဆိုလျှင် ခန့်မှန်းကုန်ကျငွေ ၁၄၉ သန်းကုန်ကျမည်ဟု ခန့်မှန်း ရရှိပါသည် ဧရာဝတီတိုင်း တစ်တိုင်းလုံးအနေနှင့် ယခုနှစ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၂၃.၃၄၉ ဘီလီယံကျပ် ကတ္တရာလမ်းပေါင်း ၂၂ မိုင် ၆ ဖာလုံ၊ ကျောက်လမ်း ၂၆၆ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၁၄၂ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၂၁၉၃ ပေ၊ သစ်သားတံတား ၈၅၆၄ ပေနှင့် ရေပြွန် ၂၈၅၈ ပေတို့ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊
ရေကြည်မြို့နယ်အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၁.၁၆၀ ဘီလီယံ ကျောက်ချောလမ်း ၁၃ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၆၀ ခွင့်ပြုထားပြီးဖြစ်ပါသည်။ ရေကြည်မြို့နယ် ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာချင်းဆက် ကျောက်ချော လမ်းခွင့်ပြုဆောက်လုပ်ရေးနှင့်ပတ်သက်၍ မိမိတို့ ယခုနှစ်တွင်လည်း ရေကြည်မြို့နယ် ကညင်ငူ-နွားရေတိုက်နှင့် ဆက်စပ်သည့်လမ်းရှိပါကြောင်း၊ ၎င်း လမ်းကို ဒီနှစ် ၂ မိုင် ၁၃၉.၇ သန်း၊ ကျောက်လမ်း ၂ မိုင်၊ ချောင်းဖျား-ဖက်သလက်-နွားရေတိုက်တို့နှင့် ဆက်စပ်သည့် လမ်းကိုလည်း ယခုနှစ်ခွင့်ပြုထားပါကြောင်း၊ ကညင်ငူ-နွားရေတိုက်-ငါးတဲစု မြေသားလမ်း ၂ မိုင်ကို ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ဒီနှစ် ၂၀၁၄-၁၅ မှာ ခွင့်ပြုထားခြင်း မရှိသေးပါကြောင်း၊ လာမည့်နှစ်တွင် ဦးစားပေးအစီအစဉ်အတိုင်း တင်ပြဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
