ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁.၂၀၁၄)
မေးမြန်းသူ
ဤမေးခွန်းအား ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၅-၁၁-၂၀၁၃ နေ့တွင် ကြယ်ပွင့်ပြမေးခွန်း အဖြစ် မေးမြန်းထားခဲ့ရာ မေးခွန်းနဲ့ ပတ်သက်၍ ယခု နဝမအကြိမ် အစည်းအဝေး လွှတ်တော် အစည်းအဝေးမတိုင်မီ ၂၅-၁၁-၂၀၁၃ နေ့တွင် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနမှ ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းအား အကြီးစားပြင်ဆင်မွမ်းမံနိုင်ရေး အတွက် တင်ပြတောင်းခံငွေ ကျပ်သိန်း ၅၀၀ ကျော်အနက် ခွင့်ပြုငွေကျပ် သိန်း ၃၄၂ သိန်း ခွင့်ပြု မိန့်ရရှိကြောင်း သိရှိခဲ့ရပြီး အခုအခါ ပြင်ဆင်မွမ်းမံနေပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဤမေးခွန်းအား ဆက်လက်မေးမြန်းရန် မလိုအပ်တော့ပါကြောင်း၊ ယခုကဲ့သို့ပြင်ဆင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးကြသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား ပြည်သူများ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့သည်။
