မိုင်းရှူးမြို့နယ်ရှိ နားဝိုင်း၊ ဝမ်လွယ်၊ လွိုင်ငိုင်း၊ နားစံ၊ ဖာယ၊ ဟဲပါကျေးရွာအုပ်စုများတွင် ကျေးလက် ကျန်းမာရေး အဆောက်အအုံများ ဆောက်လုပ်ပေးရန်နှင့် မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံ၏ ဝန်ထမ်း အိမ်ရာများ ပျက်စီးနေခြင်းကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိုင်းရှူးမြို့နယ်အတွင်းရှိ နားဝိုင်ကျေးရွာ၊ ဝမ်လွယ်ကျေးရွာ၊ လွိုင်ငိုင်းကျေးရွာ၊ နားစံကျေးရွာ၊ ဖာယကျေးရွာနှင့် ဟဲပါကျေးရွာအုပ်စုများတွင် ကျန်းမာရေး ဝန်ထမ်း များ ထားရှိသော်လည်း ကျေးရွာမှ ကိုယ်ထူကိုယ်ထ အဆောက်အအုံများကို တက်နိုင် သလောက်သာဆောက်လုပ်၍ ဆေးခန်းများဖွင့်လှစ်နေသည် ကိုတွေ့ရ ပါကြောင်း၊ ဆေးနှင့် ပစ္စည်းများလုံခြုံအောင်ထားနိုင်သော အဆောက် အအုံများ မရှိသေးသဖြင့် ကျန်းမာရေးဌာနမှ ဆောက်လုပ်ပေးရန် ပြည်သူ များမှမျှော်လင့် လျက်ရှိပါကြောင်း၊ မိုင်ရှူးမြို့ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံကို ၁၉၉၂ ခုနှစ် တွင် နိုင်ငံတော်မှ တည်ဆောက်ပေးထားပြီးဖြစ်သော်လည်း ဆေးရုံဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများနေထိုင်ရန်နှစ်ပေါင်း ၅၀ကျော် ဟောင်းနွမ်းဆွေးမြေ့ေ နသော ပျဉ်ထောင်အဆောက်အအုံ ၃ လုံးသာရှိပြီး ဖွဲ့စည်းပုံအရ ရောက်ရှိလာသော ကျန်းမာရေးဌာန ဝန်ထမ်းများအတွက် ဝါး၊ ထရံကာ အဆောက်အအုံ ၁ ခုကို ကြပ်ကြပ်တည်းတည်းဖြင့် စုပေါင်းနေထိုင်၍ တာဝန်များကို ထမ်းဆောင်နေရပါကြောင်း၊ ထို့ကြောင့် ဖော်ပြပါကျေးရွာ များအတွက် လိုအပ်သော ကျေးလက်ကျန်းမာရေးအဆောက်အအုံအား ဆောက်လုပ်ပေးရန် မြို့နယ်ပြည်သူ့ဆေးရုံဝန်ထမ်းများ အိမ်ယာများနေထိုင်ရန် အဆောက်အအုံအား ပြန်လည်ပြုပြင်ပေးရန်နှင့် ကျန်းမာရေးဌာနဝန်ထမ်း များလုံခြုံ စွာနေနိုင်ရန်၊ လုံလောက်စွာနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာအသစ်ထပ်မံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ တို့ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းရှိ နားဝိုင်ကျေးရွာ၊ ဝမ်လွယ်ကျေးရွာ၊ လွိုင်ငိုင်းကျေးရွာ၊ နားစံကျေးရွာ၊ ဖာယကျေး ရွာနှင့် ဟဲပါကျေးရွာအစရှိ သည့်ကျေးရွာများတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲအ သစ်ဆောက် လုပ်ပေးရေးနှင့်စပ်လျဉ်း၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း၌ ပုံမှန်ရန်ပုံငွေနှင့် ကဏ္ဍစီမံကိန်းများ တင်သွင်းပြီးဖြစ်ခြင်းကြောင့် ဆောက်လုပ်ပေးရန် မဖြစ်နိုင်ပါကြောင်း၊ သို့ရာတွင် ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း အလှူရှင်များပေါ်ပေါက်လာပါက ဦးစားပေး အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိုင်းရှူးမြိ့နယ်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအိမ်ရာများ၏ ယိုယွင်းပျက်စီးနေမှု အခြေအနေကို ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန မိုင်းရှူးမြို့နယ် ကျန်းမားရေးဦးစီးဌာနတို့နှင့် ဆက်သွယ်၍ အင်ဂျင်နီယာတွက်ချက်မှုဖြင့် ပြန်လည်ပြုပြင်နိုင်သည့် အနေအထားဖြစ်ပါက ကျန်းမာရေးဦးစီး ဌာနပြင်ဆင် ထိန်းသိမ်း စရိတ်မှ ကျခံဆောင်ရွက်ပေးရန် စီစဉ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
