(ဃ)-မိုးရယ်မြို့နယ်၊ မန်မုံကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေး ရန်နှင့် မန်ကြူ၊ မန်ဖိုင်၊ လုံလိုင်း၊ မိုင်းကောင်ကျေးရွာအုပ်စု တို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ မရှိသေးသဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မိုင်းရယ်မြို့နယ်၊ မိုင်းဟပ်၊ မိုင်းမုံကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာနအား တိုက်နယ် ဆေးရုံအဖြစ် အဆင့်မြင့် တိုးမြှင့်သတ်မှတ် ဖွင့်လှစ်ပေးရန် ဒေသ ခံပြည်သူများက လိုလား လျက်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာ အုပ်စုကျေးရွာသည် မြို့နယ်ကျန်းမာရေး ပြည်သူ့ဆေးရုံနှင့် အလှမ်းကွာဝေးလွန်သည့် ဒေသဖြစ်ခြင်း၊ မိုးရာသီဒေသအချိန်တွင် လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက်ရန် အားနည်းခြင်း၊ တိုက်နယ်ဆေးရုံတစ်ခုဖွင့်လှစ်ရန် အမှန်တကယ် လိုအပ်နေခြင်းတို့ကြောင့် တိုက်နယ်ဆေးရုံ တစ်ခုဖွင့်လှစ် သင့်ပါကြောင်း၊ ထို့အပြင် အဆိုပါဒေသတွင် ယခင် NDA လက်နက်ကိုင် တပ်ဖွဲ့များ ကြီးစိုးခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ပါသော်လည်း ယခုအခါတွင် ငြိမ်းချမ်းရေး ရရှိပြီး စိုက်ပျိုးရေးအပါအဝင် စီးပွားရေးများ အရှိန်အဟုန်ဖွံ့ဖြိုး တိုးတက်နေ ပါကြောင်း၊ သို့သော် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပြည်သူလိုအပ်ချက်များ အမှန်တကယ်ဖြည့် ဆည်းပေးရန် လိုအပ်လျက်ရှိသည်ဖြစ်သောကြောင့် မိုင်းရယ်မြို့နယ်၊ မိုင်းဟပ်၊ မိုင်းမုံကျေးရွာအုပ်စု မိုင်းမုံကျေး ရွာတွင်တည်ရှိသော ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြင့်တိုးမြှင့်ဖွင့် လှစ်ပေးရန်နှင့် မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အလှမ်းကွာဝေးလှသော မန်ကြူကျေးရွာအုပ်စု၊ မန်ဖိုင်ကျေးရွာအုပ်စု၊ လုံလိုင်းကျေးရွာအုပ်စုနှင့် မိုင်းကောင်းကျေးရွာအုပ်စုတို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများမရှိသေးပါသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ပေးနိုင်ရန် မည်ကဲ့သို့စီ စဉ်ဆောင်ရွက်ပေးမည် ကို သိရှိလိုပါကြောင်းမေးမြန်းသည်။
[ ဦးစိုင်းသီဟကျော် (မိုင်းရယ်မဲဆန္ဒနယ်) ကိုယ်စား ဦးစိုင်းဝင်းခိုင် (သီန္နီမဲနဆန္ဒနယ်) မေးမြန်းပါသည်။ ]
ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ် မန်မုံကျေးလက်ကျန်းမာရေးဌာနအား တိုက် နယ်ဆေး ရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိရန်အတွက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိ ရေးအတွက် စီစဉ်ဆောင် ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ မိုင်းရယ် မြို့နယ်၊ မန်ကြူကျေးရွာအုပ်စု၊ မန်ဖိုင်ကျေးရွာအုပ်စု၊ လုံလိုင်းကျေး ရွာအုပ်စုနှင့် မိုင်းကောင်းကျေးရွာ အုပ်စု တို့တွင် ကျေး လက်ကျန်း မာရေး ဌာနခွဲတစ်ခုစီ တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိရန်အတွက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
