ဘားအံမြို့နယ်၏ မြောက်ဘက်ဂွင်တွင်ရှိနေသော ကျေးရွာအုပ်စုများနှင့် ရွှေဂွန်းတိုက် နယ်ကြားရှိ ကျေးရွာအုပ်စုများဖြစ်သော မှိုင်ကိုင်၊ နောင်ကမြိုင်၊ မိဆံ၊ ကော့ကု၊ ပွတ်ထော်၊ မင်းဆီ၊ သခင်လှုံ၊ ကွတ်ဖန်ယား၊ ဥဒေါင်း၊ တဝိုင်ဖိုင်ယား၊ ကျုံမ ကို၊ ကြွပ်ချောင်းနှင့် ရွှေဂွန်းတိုက်နယ်စသည့် ကျေးရွာအုပ်စုများ တွင် နေထိုင်ကြသော မဲဆန္ဒနရှင်များမှ GSM Mobile Phone များ ကောင်းမွန်စွာ ဆက်သွယ် အသုံးပြုနိုင်ရေးအတွက် GSM တာဝါတိုင်များ တည်ဆောက်ပေးရန် ဆန္ဒရှိကြ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖော်ပြပါကျေးရွာအုပ်စုများအတွက် Mobile Phone များ ကောင်းမွန်စွာဆက်သွယ်အသုံးပြုနိုင်ရေးအတွက် GSM တာဝါတိုင်များကို သင့်တော် သည့်နေရာတွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
ဘားအံမြို့နယ်ရဲ့ မြောက်ဘက်ဂွင်နှင့် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းတိုက်နယ်ကြား မှာရှိ ကျေးရွာများအတွက် Mobile Phone များ ကောင်းမွန်စွာဆက်သွယ် အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်များအတွင်း ဆောင်ရွက်နေသော မိုဘိုင်းတယ်လီဖုန်း လိုင်းအသစ် တစ်သန်းနှင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း သုံးသန်းစီမံကိန်းများတွင် ကရင်ပြည် နယ်အတွင်း GSM တာဝါတိုင် တိုင်ပေါင်း ၂၀ တည်ဆောက်ပေးဖို့ရှိပါကြောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဇာသပြင်နှင့် ရွှေလှေတို့တွင် GSM တာဝါတိုင် နှစ်တိုင်နှင့် လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်၊ ကွမ်ဘီ၊ ပိုင်ကျုံ၊ ရွှေဂွန်းတို့တွင် GSM တာဝါတိုင်လေးတိုင် တည်ဆောက်ရန် လျာထားလျက်ရှိသကဲ့သို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်တွင် အင်ဂျင်နီယာအရာရှိချုပ်များနှင့် အဖွဲ့တစ်ဖွဲ့သည် တာဝါတိုင်တွေတည်ဆောက်ရန်အတွက် ဖာပွန်အထိ ကွင်းဆင်းကာ ဆက်သွယ်ရေးလမ်းကြောင်းအဆင်ပြေစေရန် စစ်ဆေးခဲ့ပါကြောင်း၊ ကရင် ပြည်နယ်ကဖော်ပြပါ မြို့နယ်များတွင် တာဝါတိုင်များတည်ဆောက်ရန် တစ်စိုက် မတ်မတ် ဆက်လက် ဆောင်ရွက်ပေးသွားမည်သာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
