မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝဓာတ်ငွေ့တွင်းမှ ရရှိသော သဘာဝဓာတ်ငွေ့များကို ကျောက်ဖြူမြို့မှ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်သို့ ပိုက်လိုင်းသွယ်တန်း တပ်ဆင်ခဲ့ပါကြောင်း၊ သဘာဝဓာတ်ငေ့ွ ပိုက်များ သွယ်တန်းဖောက်လုပ်ရာတွင် ပိုက်လိုင်းထည့်သွင်းမည့် မြေအနက်သည့် ၁၅ ပေနှင့် အသုံးပြုသောပိုက်၏ အထူသည်လည်း အနည်းဆုံး ၃ လက်မရှိရမည်ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ သို့သော် ပြည်သူများ၏ ပြောကြားချက်အရ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် မြေအနက် ၆ ပေခန့်နှင့် ပိုက်၏အထူသည့်လည်း ခန့်မှန်းခြေ ၁.၅ လက်မအထူသာ ရှိကြောင်း၊ ၂၀၁၃ ခုနှစ် မေလတွင် ပြုလုပ်သော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ ခိုင်ခံ့မှုနှင့် ခံနိုင်ရည်အားကို ရေဖိအားထည့်သွင်းပြီး စမ်းသပ်သည့်အခါ ပိုက်များကျိုးပဲ့ထွက်ပြီး ထွက်ရှိလာသောရေလုံး၏ အရှိန်ကြောင့် အတန်အသင့်ရှိ သစ်ပင်ငယ်များ ကျိုးပဲ့လွင့်စင်ခြင်း၊ ကြက်ရေစမ်းနှင့် အမ်းကြား (၅) နေရာတွင် ပိုက်များ ကွဲထွက်ခြင်း၊ ကြက်ရေစမ်းနှင့် ပဒါန်းလမ်းကြား (၄)နေရာတွင် ကွဲအက်မှုအခြေအနေများ လွန်စွာဆိုးဝါးခြင်းများကို ကြုံတွေ့ရပါကြောင်း၊ ပိုက်လိုင်းများ သွယ်တန်းဖောက်လုပ်ရာတွင် နိုင်ငံ တကာစံနှုန်း သတ်မှတ်ချက် များနှင့်မကိုက်ညီခြင်းကြောင့် အတွက် ပိုက်လိုင်းတစ်လျှောက်နေ ထိုင်ကြသော ကျေးရွာပြည်သူ များ အတွက် ဘေးအန္တရာယ် ကျရောက်မယ့်အခြေအနေကို ပြည်သူများက စိုးရိမ်ထိန့်လန့်နေကြကြောင်း၊ ထို့ကြောင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ် သန်းရာ လမ်းတစ်လျှောက်ရှိ ကျေးရွာ၊ ခြံမြေ၊ လယ်မြေ၊ သစ်တော များနှင့် ပြည်သူများဘေး အန္တရာယ် လုံခြုံကင်းဝေးစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံ တကာစံနှုန်းများနှင့် စစ်ဆေးပြီး လုံခြုံမှုအကာအကွယ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည် ကဲ့ သို့ကြိုတင်ကာကွယ်ထားသည့်နှင့် မည်သို့ပြုလုပ်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်းခြင်းဆောင်ရွက်ရာတွင် ပိုက်လိုင်း အရှည်၊ ပို့လွှတ်မည့်ဓာတ်ငွေ့၏ ထုထည်ပမာဏနှင့် ပို့လွှတ်မယ့်ဓာတ်ငွေ့၏ ဖိအားပေါ် မူတည်ပြီး နိုင်ငံ တကာစံချိန်စံညွှန်းနှင့်အညီ Engineering Design ရေးဆွဲ၍ ပိုက်လိုင်း၏ အချင်း၊ ပိုက်လိုင်း အသား၏အထူနှင့် ပိုက်လိုင်းအမျိုးအစားတို့ကို ရွေးချယ်သတ်မှတ်ရပြီး ပို့လွှတ်မည့် ဓာတ်ငွေ့ပမာဏနှင့် ဖိအားပေါ်မူတည်၍ အနည်းဆုံး ဝ.၃ လက်မအထူရှိရမည်ဖြစ်ပါကြောင်း၊ ယခုသွယ်တန်းထားသော ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အထူသည် ဝ.၈ လက်မ၊ အချင်း လက်မ ၄၀ နှင့်API (American Petroleum Institute) ၏ ဒီဇိုင်းဖြစ်သော 5L X-70 PSL-2 ဆိုသည့် (Longitudinal Sumerged Arc Welding) ပိုက်အမျိုး အစားဖြစ်ပါကြောင်း၊ ယင်းပိုက်များကိုဝယ်ယူရန် တင်ဒါခေါ်ယူစဉ်ကပင် ထုတ်လုပ်ပေးသွင်းမည့် ကုမ္ပဏီများကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ စိစစ်ရွေးချယ်ခဲ့ပြီး ကျွမ်းကျင်နားလည်သောပညာရှင်အဖွဲ့နှင့် အရည်အသွေးစစ်ဆေးခြင်း၊ International Standard, API (American Petroleum Institute) Standard များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေး ခြင်းများပြုလုပ်ပြီးမှသာ တင်သွင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ International Standard သတ်မှတ်ချက်အရ ပိုက်လိုင်း ထည့်သွင်းမြှုပ်နိုင်မည့်အနက်ပေသည် အနည်းဆုံးတစ်မီတာ မြေအနက်ရှိလျှင် လုံခြုံစိတ်ချရပြီးဖြစ်သည့် အတွက် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား ပျမ်းမျှခြင်းအားဖြင့် မြေအနက် ၆ ပေတွင် စနစ်တကျမြှုပ်နှံ ထားခြင်းကြောင့် လုံခြုံစိတ်ချရခြင်းဖြစ်ပါကြောင်း၊
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်ပြည်မှ နယ်စပ်မူဆယ်အထိ ဆက်သွယ်ထားပြီး ပိုက်လိုင်းဆက်သွယ်မှု၊ ခံနိုင်ရည်ရှိ/မရှိကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ X-ray ရိုက်စစ်ဆေးခြင်း၊ Sonic အသံလွှတ် ရိုက်ပြီး စစ်ဆေးခြင်းနှင့် ပိုက်လိုင်းထဲသို့ ရေကို Pressure ၂၀၀ PSI၊ ၅၀၀ PSI၊ ၇၀၀ PSI၊ ၁၀၀၀ PSI၊ ၁၂၀၀ PSI၊ ၁၅၀၀ PSI စသည်ဖြင့် တစ်ဖြည်းဖြည်းချင်းဖိအားမြှင့်ထည့်သွင်း၍ အဆင့်ဆင့်စမ်းသပ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ စမ်းသပ်ရာတွင်လည်း ပိုက်လိုင်းနှင့် ပတ်သက်၍ ချို့ယွင်းအားနည်းချက် တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ခြင်း မရှိ ကြောင်းနှင့် ပိုက်လိုင်းစမ်းသပ်ပြီးနောက် ပိုက်လိုင်းအတွင်း ရှိရေများကို Values များဖွင့်ပြီး ထုတ်သည့်အချိန်တွင်သာ ပိုက်လိုင်းထဲရှိ ဖိအားအရှိန်ကြောင့် မြက်ပင် နှင့် အချို့သစ်ပင်ငယ်များယိမ်း ယိုင်သွားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြက်ရေစမ်းနှင့် ပဒါန်း လမ်းကြားလေးနေရာတွင် ပေါက်ကွဲမှု အခြေအနေအလွန်ဆိုးဝါးသည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိပါကြောင်း။
ဆက်လက်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုံခြုံမှုအပြည့်အဝရရှိရေးအတွက် သဘာဝဓာတ်ငွေ့ထုတ်ယူသော စခန်း များ၊ ပိုက်လိုင်း များတွင် အသုံးပြုပစ္စည်းများသည် ဓာတ်ငွေ့ဖိအား ၁၅၀၀ PSI ခံနိုင်ရည်ရှိပြီး ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ အများဆုံး ဖိအားသည် ၉၀၀ PSI ပဲရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့ပို့လွှတ်ချိန်တွင် အကြောင်းကြောင်းကြောင့် ဖိအား မြင့်တက်လာပါက Pressure Safety Value (PSV) များကို ပိုက်လိုင်းတစ်လျှောက်တပ်ဆင်ထားပြီး ဖိအားမြင့်တက်မှုကို ကြိုတင် ကာကွယ်ထားပါကြောင်း၊ အရေးပေါ် အခြေအနေပေးစနစ် Alarm များ၊ မီးသတ်ဆေးဗူးများ၊ မီးသတ် ရေလိုင်းများကို စုရပ်များထားရှိခြင်း၊ Smoke Detector တွေ၊ Gas Detector Flame၊ Detectorနှင့် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ စီမံထားရှိပြီးဖြစ် ပါကြောင်း၊ ပိုက်လိုင်းစောင့်ကြည့်စနစ်အနေအရ သဘာဝဓာတ်ငွေ့သည် ပိုက်လိုင်းအတွင်း၌ သာဖြတ်သန်း သွားခြင်းကြောင့် ပိုက်လိုင်း ပတ်ဝန်းကျင်တွင် အကျိုးအပြစ်များ ဖြစ်ပေါ်စေရန်အကြောင်းမရှိပါကြောင်း၊ တစ်စုံတစ်ခုကြောင့် သဘာဝဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပါက Supervisory Control and Data Acquisition (SCADA) System နှင့် ထိန်းချုပ်ပြီးတော့ အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ မန္တလေး Control Station မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွင်းရှိ Gas Volume, Gas Temperature and Gas Pressure နှင့်ရေနံစိမ်းပိုက်လိုင်းအတွင်းရှိ Crude Oil Volume, Crude Oil Pressure, Crude Oil Temperature, Flow rate ပုံမှန်ရှိရန်အတွက် SCADASystem ဖြင့် ၂၄ နာရီစောင့်ကြည့်စစ်ဆေးနေသည့်အပြင် Control Station များ၊ တယ်လီဖုန်း များ၊ VHS စကားပြောစက်များတပ်ဆင်ထားရှိပြီး ထူးခြားမှုဖြစ်ပေါ်ပါက သက်ဆိုင်ရာ Control Station များသို့ ချက်ချင်းအကြောင်းကြားပြီး Emergency Shut Down Value အရေးပေါ်ဘားများပိတ်၍့ လုပ်ငန်းကိုအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများသို့ လည်း အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားသွားမှာ ဖြစ်သည့်အပြင် အရေးပေါ်အခြေအနေ ကြိုတင်ပြုလုပ်ထားရှိမှုနှင့် ပတ်သက်၍
(က)အရေးပေါ်အခြေအနေတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုတို့အတွက် လိုအပ်သော ပစ္စည်းကိရိယာ အထောက် အပံ့ များပေးရန် စီမံထားရှိခြင်း၊ (ခ) အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး သင်တန်းပေးခြင်း၊ အရေးပေါ်ရန်ပုံငွေတစ်ရပ်ထူထောင်ထားရှိခြင်း၊ ဒေသန္တရဆေးရုံများနှင့်ချိတ်ဆက်၍ အရေးပေါ် ဆေးဝါးကုသမှုများ စီစဉ်ထားရှိခြင်း၊ ဝန်ထမ်းများကိုအရေးပေါ်အခြေအနေတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတားဆီးရေးအတွက် အသိပညာဗဟုသုတများဖြန့်ဝေပေးခြင်းနှင့် လိုက်နာဆောင်ရွက်စေခြင်းများကို စီစဉ် ပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအစီအစဉ်ကိုလည်း နှစ်နှစ်လျှင် တစ်ကြိမ် လေ့ကျင့်ဆောင်ရွက်ရန် စီမံထားရှိပြီးဖြစ်သည့်အပြင် လိုအပ်ပါက တစ်နှစ် တစ်ကြိမ်လည်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊
ကြိုတင်ကာကွယ်မှုနှင့် စစ်ဆေးမှုများအနေဖြင့် လျှပ်စစ်ပစ္စည်းတပ်ဆင်ထားသော အခန်းများတွင် အလိုအလျှောက် မီးငြိမ်းသတ်တဲ့စနစ် ကိုလည်းတပ်ဆင်ထားရှိခြင်း၊ မီးငြိမ်းသတ်မှုစနစ်၊ မီးကြိုတင်သတိပေးချက်နှင့် အချက်ပြထိန်းချုပ်မှုစနစ်၊ အရေး ပေါ်အလိုအလျောက်ရပ်ဆိုင်းသော Emergency Shut Down System မိုးကြိုးလွှဲစနစ်နှင့် ကာကွယ် ရေးပစ္စည်းအပြည့်အစုံ စီမံထားရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ ကျောက်ဖြူသဘာဝ ဓာတ်ငွေ့ပို့လွှတ်ရေး စခန်း၊ ရေနံချောင်း သဘာဝဓာတ်ငွေ့ထုတ်ယူရေးနှင့် ဖိအားမြှင့်စခန်း၊ တောင်သာသဘာဝဓာတ်ငွေ့ ထုတ်ယူရေးစခန်း၊ မန္တလေး(ဘဲလင်း)သဘာဝဓာတ်ငွေ့ထုတ်ယူရေး စခန်း၊ ပြင်ဦးလွင်သဘာဝ ဓာတ်ငွေ့မြှင့်တင်ရေးစခန်းနှင့် နမ့်ခမ်းသဘာဝဓာတ်ငွေ့တိုင်းတာရေးစခန်းတို့တွင် နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ GB-50183 ၏အဆင့် ငါးသတ်မှတ်ချက်များနှင့်ထားရှိ ပြီး သော မီးသတ်ပစ္စည်းများ၊ အမျိုးအစား၊ အရေအတွက် အားလုံးကိုလည်း ထားရှိခြင်း၊ ပိုက်လိုင်းတစ်လျှောက်မှာလည်း မိုးကြိုးလွှဲစနစ်ကို နိုင်ငံတကာစံချိန်သတ်မှတ်ချက်ဖြစ်တဲ့ IEC-62305 အရလည်း ဒီဇိုင်းပြုလုပ် တပ်ဆင်ထားခြင်း မီးဘေးအန္တရာယ်ကာကွယ်ရေး၊ တားဆီးရေး၊ ပိုက်လိုင်းလုံခြုံ စိတ်ချမှုအစီအစဉ်အမံများ၊ Emergency Shut Down System တွေ၊ စခန်းအသီးသီးမှာ မီးငြိမ်းသတ်ရန် အခါမှာ အသုံးပြုသော နေ့စဉ်နှင့် စခန်းသုံးရေရရှိရန်အတွက် အဝီစိတွင်းနှစ်တွင်းစီနှင့် Punk နှစ်လုံးတပ်ဆင်ထားခြင်း၊ မန္တလေးမြို့ရှိ Control Stationတွင်ရှိသော Scatter System က ၂၄ နာရီစောင့်ကြည့် ကြီးကြပ်ခြင်းများအပြင် ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် ပိုက်လိုင်းလျှောက်လုပ်သားများ ခန့်အပ်ပြီး လမ်းကြောင်းအခြေအနေကိုလည်း နေ့စဉ်စစ်ဆေးသွားမှာဖြစ်ပါကြောင်း၊ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှေးဦးစွာအရေးပေါ်ဆောင်ရွက်ရေးအဖွဲ့မှ အခင်းဖြစ် ပွားသော နေရာ ကိုရောက်ရှိပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နည်းပညာ၊ ပစ္စည်းများထောက်ပံ့နိုင် ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ကုမ္ပဏီအရေးပေါ်ရုံးသို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးဆောင် ရွက်မှုများကို တင်ပြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းကြီးကြပ်အဖွဲ့အနေဖြင့် ကယ်ဆယ်ရေး အဖွဲ့များ နေရာရွှေ့ပြောင်းရေးလုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးရမှာဖြစ်သည့်အပြင် ကုမ္ပဏီအရေးပေါ် ရုံးတွင် ပြင်ပနည်းပညာအကူအညီ၊ ဆေးဝါး၊ သယ်ယူပို့ဆောင်ရေး၊ မီးသတ်လုပ်ငန်းဆိုင်ရာပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် အခြားလိုအပ်သော အထောက်အပံ့များကိုလည်း ရယူတောင်းခံနိုင်ပါကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့အနေနနှင့် ဆက်လက်၍ လိုအပ်သောကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပေါ်ပေါက်လာပါ ကဆောင်ရွက်ရန် အသင့်အနေအထားရှိရန်လည်း စီစဉ်စီမံထားပြီးဖြစ်ပါကြောင်းနှင့် အရေးပေါ်အခြေအနေများ၏ အခြေအနေအရပ်ရပ်ကို ပြန်လည်ထိန်းချုပ်ဆောင်ရွက်နိုင်ပြီးပါက အရေးပေါ်အခြေ အနေကို ပြန်လည် ရုပ်သိမ်းခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
