(ဈ)-မွန်ပြည်နယ်၊ သံလွင်မြစ်ဝ၊ နတ်မှော်ချောင်း၀ အနီးတွင်တပ်မတော်(ရေ)မှသိမ်းဆည်းခဲ့သော ကြယ်တံခွန်အမည်ရှိ စက်လှေနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၄.၇.၂၀၁၃)

ဦးသိန်းညွန့် (သင်္ဃန်းကျွန်း) ဦးသိန်းညွန့် (သင်္ဃန်းကျွန်း)

ကြယ်တံခွန်လှေ ကိစ္စသည် မေးခွန်း (က)၊ (ခ)၊ (ဂ)၊ (ဃ) ထိဖြစ်သော်လည်း ယနေ့တွင် (က) မေးခွန်းကို သာ မေးမြန်း ခွင့်ပြုသည့် အတွက် (က) မေးခွန်းပါ “ပြစ်မှုဆိုင်ရာအမှုများတွင် သက်သေခံ ပစ္စည်းနှင့် စပ်လျဉ်း၍ ပြစ်မှု ထင်ရှားကြောင်း မတွေ့ရှိပါက ယင်းပစ္စည်းကို သိမ်းဆည်းခြင်းခံရသူ သို့ပြန်ပေးနိုင်ရန်” ညွှန်ကြားချက် များရှိသော်လည်း ၂၀၁၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့က မွန်ပြည်နယ် သံလွင်မြစ်ဝ နတ်မှော်ချောင်းဝအနီးတွင်တပ်မတော်(ရေ)မှ သိမ်းဆည်းခဲ့သော ကြယ်တံခွန် အမည်ရှိ စက်လှေအား တပ်မတော်ရေမှ ဆက်လက်သိမ်းဆည်းထားသည် ကို ပြည်ထောင်စုအစိုးရအနေဖြင့် သိရှိခြင်း ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန်
ဖြေကြားသည့် ဝန်ကြီးဌာန