(ဆ)-မိုင်းရှူးမြို့နယ်တွင်မြို့နယ်အဆင့်အားကစား ကွင်း၊ဘောလုံးကွင်းတည်ဆောက်ပေးရန်အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၃.၁.၂၀၁၄)

မိုင်းရှူးမြို့နယ်သည် အားကစားများကို အထူးစိတ်ဝင်စားသည့်အလျောက် ထူးချွန်သော လူငယ်အားကစားသမားများ လည်းရသည့်အတွက် အနာဂတ်တွင်ထူးချွန်သော လူငယ် အားကစားသမားများ ပေါ်ထွန်းလာရေးအတွက်ရည်ရွယ်ပြီး မြို့နယ်အဆင့်စံချိန်စံညွှန်းနှင့်ကိုက်ညီ သောအားကစားကွင်းဖြစ်ပေါ်ရေး အတွက် လိုအပ်သော မြေနေရာများကိုလည်း ရရှိထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်းရှူးမြို့တွင် အားကစားကွင်း၊ ဘောလုံးကွင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက တည်ဆောက်ပေးမည့် ဘဏ္ဍာရေးနှစ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

မိုင်းရှူးမြို့နယ် အားကစားကွင်းသည် ဟာ ၂၇-၅-၂၀၁၁ မှ ၂၆-၅-၂၀၄၁ ထိနှစ် ၃၀ သက်တမ်းဂရမ်မြေ ရရှိထားပါသော် လည်း အားကစားကွင်းမြေဧရိယာမှာ ၄.၆၅ ဧကရှိပါကြောင်း၊ မြို့နယ်အဆင့်အားကစားကွင်း မီတာ၄၀၀ ပြေးလမ်းနှင့်ပွဲကြည့်စင်ပါ ဘောလုံးကွင်း တည်ဆောက်မည်ဆိုပါက အနည်းဆုံးမြေဧရိယာခြောက် ဧက၊ ပေ ၆၀၀ xပေ ၄၀၀ လိုအပ်မည်ဖြစ်ခြင်းကြောင့် မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့်အားကစားကွင်း တည်ဆောက်ရန်အတွက် သတ်မှတ်မြေဧရိယာခြောက်ဧက မပြည့်မီပါကသာမန်ဘောလုံးကွင်း၊ အားကစားကွင်း တစ်ခုသာ တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် သာမန် ဘောလုံးအားကစားကွင်း တစ်ခု တည်ဆောက်နိုင်ရေးအတွက် ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။