(စ)-မောက်မယ်မြို့နယ်၏ အားကစားကွင်း တည်ဆောက်ခြင်း လုပ်ငန်းကို၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်ပေးရန်နှင့်နည်း စနစ်မှူးခန့်ထားပေးမည့် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၃.၁.၂၀၁၄)

ဦးစိုင်ငေါးင်းဆိုင်ဟိန်း (မောက်မယ်)မောက်မယ်မြို့နယ် လူထုအားကစားကွင်းသည်     လူထုအစည်းအဝေးပွဲ အားကစား ပွဲနှင့် နိုင်ငံတော်နေ့ကြီး ရက်ကြီး အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ဖူးပါသော်လည်း ၎င်းနေရာကို ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းနေအိမ်၊ သံဃာဆောင် တည်ဆောက်ပြီးနောက်ပိုင်း အားကစားကွင်း နေရာလည်း ပျောက်သွားခဲ့ရပါကြောင်း၊ ယခုအခါ လင်းခေးခရိုင်တွင် မြို့နယ်များအလိုက် အားကစားကွင်း ကိုယ်စီရှိကြသော် လည်း မောက်မယ်မြို့နယ်တွင် အားကစားကွင်း နေရာမရှိတော့ဘဲ ပြန် လည်ဖော်ဆောင်ထားသော နေရာများတွင် လည်း အဆင့်မမီသောကြောင့် ခြုံနွယ် ပိတ်ပေါင်းများ ထနေလျက်ရှိနေသည့်အတွက် အထိမ်းအမှတ် အားကစားပွဲ များဘောလုံပြိုင်ပွဲများကို မြို့နယ်ဂေါက်ကွင်း ကိုးကျဉ်းရှိသော ကွင်းငယ်လေး ၌ ခေတ္တ ခဏ အသုံးပြုနေကြရပါကြောင်း၊ အခုအခါ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ See Games ပွဲတော်ကြီးအောင်မြင်စွာ ပြီးဆုံးခဲ့ပြီးဖြစ်ပါသဖြင့် ယခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အသီးသီး၏ အားကစားကဏ္ဍလိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့်  မောက်မယ်မြို့နယ်၏ အားကစားကွင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တွင်ဆောင်ရွက်ပေးရန်နှင့် အားကစားမြှင်‌့တင်ရန်နည်းစနစ်ကို ခန့်ထား ပေးနိုင်မည့်အစီအစဉ် ရှိ/မရှိနှင့် မည်ကဲ့ သို့လျှောက်ထား ဆောင်ရွက်ရမည့်ကို အသေးစိတ်သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းမောက်မယ်မြို့နယ်တွင် အားကစားဝန်ကြီးဌာနပိုင် ကွင်းမြေဧရိယာရရှိထားခြင်း မရှိသည့်အပြင် အားကစားနှင့် ကာယပညာဦးစီးဌာန ဖွင့်လှစ်ထားနိုင်မှုမရှိသေးခြင်း များကြောင့် ဝန်ထမ်းများခန့်အပ်ထားနိုင်မှုလည်း မရှိသေးပါကြောင်း၊ မြို့နယ်အဆင့်မီ အားကစားကွင်းတည်ဆောက်မည်ဆိုပါက မြေဧရိယာမှာ ပေ ၆၀၀xပေ ၄၀၀၊ ခြောက်ဧကလိုအပ်မည်ဖြစ်သည့်အတွက် မောက်မယ်မြို့နယ်တွင် အားကစား ကွင်းတည်ဆောက်ရန် လုံလောက်သော မြေဧရိယာ ရရှိပါက ရှမ်းပြည်နယ်အစိုးရအ ဖွဲ့သို့ ဘဏ္ဍာရန်ပုံငွေတင်ပြတောင်းခံပြီး ဘဏ္ဍာငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ အားကစားကွင်းတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးသွားမည် ဖြစ် ပါကြောင်း၊ မောက်မယ်မြို့နယ်တွင် အားကစားကွင်းရရှိလာပါက မြို့နယ်အားက စားနှင့်ကာယပညာဦးစီးဌာန ဖွင့်လှစ်မည်ဖစ်ပြီး ဝန်ထမ်းများလည်း ခန့်အပ်ပေး သွား မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ ခန့်အပ်ရာတွင် နည်းပြစနစ်၏ အားကစားအရည်အချင်းများမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ရွေးစင်ဖြစ်ရန်နှင့် ဘွဲ့ရဖြစ်ရမည်ဖြစ်ကြောင်းနှင့် မြန်မာ့လက်ရွေးစင်ဖြစ်ပါက ပညာအရည် အချင်းကို လျော့ပေါ့စဉ်းစားပေးမည်ဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနသို့ ဦးစွာတင်ပြလျှောက်ထားပြီး လင်းခေးခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှတစ်ဆင့် ရှမ်းပြည်နယ်အား ကစားနှင့် ကာယပညာဦးစီးဌာနသို့ တင်ပြလျှောက်ထားကာ ထိုမှ တစ်ဆင့်သတ်မှတ် အရည်အချင်းနှင့် ပြည့်မီ ပါက အားကစားဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပြီး ဝန်ထမ်းခန့်ထား ပေးမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြား အပ်ပါသည်။