တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိပါကြောင်း၊ လူဦးရေအားဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၁၃၄၁၀၇၄ ဦးရှိပါကြောင်း၊ ခရိုင် သုံးခု၊ ခရိုင်လူဦးရေ လေးသိန်းကျော်ရှိသည့်အတွက် ထားဝယ်မြို့နယ်တစ်ခုတည်းတွင် ၁၂၆၀၀၀ ကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးမြို့တော်သည် ထားဝယ်ဖြစ်ပြီး တိုင်းအစိုးရရုံးစိုက်ရာမြို့လည်းဖြစ်ပါကြောင်း၊
ထားဝယ်ပြည်သူ့ဆေးရုံကြီးကို မြေဧရိယာ ၁၂.၃၂ ဧကပေါ်တွင် ၁၉၀၉ ခုနှစ်ကတည်းက ပထမအကြိမ် ပြင်ပလူနာဆေးကုခန်းအဖြစ်စတင်ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၃၈ ခုနှစ်တွင် Governor of Burma ဘုရင်ခံချုပ်ကြီးက ဆာအာချီရာဒေါ့ခရက်ကိုရီး ဟူသည့်ပုဂ္ဂိုလ်က အုတ်မြစ် ချခဲ့ပါကြောင်း၊ ၁၉၃၉ ခုနှစ်တွင် ခုတင်(၁၀၀)အဆင့်(၁) ဆေးရုံကြီးအဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ်တွင် ခရိုင်ဆေးရုံအဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် အထူးကုဆေးရုံကြီးအဖြစ် လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ခုတင်(၂၀၀) အဆင့်ဆေးရုံကြီးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် စံမီခုတင်(၂၀၀) ဆေးရုံကြီးအဖြစ်လည်းကောင်းတိုးမြှင့်၍ စဉ်ဆက်မပြတ်လူနာများကို ကုသပေးလျက်ရှိပါကြောင်း၊ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသသော လူနာအရေအတွက်မှာ ၂၀၁၆ ခုနှစ်တွင် တစ်နေ့လျှင် ပျမ်းမျှပြင်ပလူနာ ၂၀၁ ဦး၊ အတွင်းလူနာ အဖြစ် ပျမ်းမျှ ၂၉၀ ဦးရှိပါကြောင်း၊ ယခုအခါ ခုတင်(၂၀၀) အဆင့်သာသတ်မှတ်ထားဆဲဖြစ်သည့် အတွက် တစ်ခါတရံ အတွင်းတွင်လူနာများထားရန် နေရာမရှိသည့်အခါ အပြင်ကော်ရစ်တာတွင် လူနာများပြည့်ကျပ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော် တာဝန်ကျဆရာ/မများ၊ သက်ဆိုင်ရာ သူနာပြုများက စိတ်ရှည်လက်ရှည် ကုသပေးလျက်ရှိပါကြောင်း၊ ၁၉၉၉ ခုနှစ်ကတည်းက နှစ်ထပ်အဆောက်အဦတစ်ခုထားရှိ၍ ကုသရသော်လည်း နှစ်ထပ်အဆောက်အဦ နှစ်ခုကို ဖွင့်လှစ်ပြီး ယခုအခါ ငါးထပ်အဆောက်အဦတစ်ခုကို ဆောက်လုပ်နေပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ နှလုံး၊ ဦးနှောက်နှင့်အာရုံကြော၊ စိတ်ရောဂါ၊ မှုခင်းဆိုင်ရာမေ့ဆေး၊ ကျောက်ကပ်၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ဆေးကုဌာနများ မရှိသည့်အတွက် လူနာများသည် အနီးဆုံးမိုင် ၄၀၀ ကျော်ဝေးကွာသော ရန်ကုန်ဆေးရုံကြီးကို သွားရောက် ကုသနေရသည့် အခက်အခဲများစွာရှိကြပါကြောင်း၊
သို့ဖြစ်ပါ၍ အမှန်တကယ် ခုတင်(၅၀၀)အဆင့်ရှိ ဆေးရုံကြီးတစ်ခုလိုအပ်နေပြီး မြို့နယ်အသီးသီးမှ ရောဂါဝေဒနာရှင်များအတွက် အနီးဆုံးတက်ရောက်ကုသနိုင်သည့်ဆေးရုံအဖြစ် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် (၅၀၀)အဆင့်သို့ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ၊နှင့် ရှိပါက မည်သည့်အချိန်တွင် လည်းကောင်း၊ မရှိပါက မည်သည့်အတွက်ဖြစ်သည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ထားဝယ်မြို့တွင် ခုတင်(၂၀၀) ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံတစ်ရုံ စုစုပေါင်းနှစ်ရုံသာ ရှိပါကြောင်း၊ သို့သော် ထားဝယ်ဆေးရုံကြီး၏ Patient ဆေးရုံတက်ရောက်မှု၊ ခုတင် အသုံးပြုမှု နှုန်း အနည်းငယ်သာတက်ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကို ၉၆ ရာခိုင်နှုန်း၊ ၁၂၂ ရာခိုင်နှုန်း၊ ၁၄၅ ရာခိုင်နှုန်း၊ ၁၃၆ ရာခိုင်နှုန်း ပျမ်းမျှငါးနှစ်စာ ၁၂၈.၈ ရာခိုင်နှုန်း၊ ၁၃၀ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ ဆေးရုံတစ်ရုံကို ခုတင် (၂၀၀)မှ (၅၀၀) တင်မည်ဆိုပါက အနည်းဆုံး (၁၅၀) ခုတင်အသုံးပြုနှုန်း ရှိရန်လိုအပ်ပါကြောင်း၊ တစ်နေ့ ပျမ်းမျှအတွင်းလူနာက ၂၀၀ ကျော် ၃၀၀ နီးပါးရှိပါကြောင်း၊ ပြင်ပလူနာက နည်းပါးပါကြောင်း၊ ဆေးရုံတွင် အထူးကုဆရာဝန် ၂၂ ဦး၊ လက်ထောက်ဆရာဝန်ပေါင်း ၃၉ ဦး၊ သူနာပြုပေါင်း ၁၉၀ ဦး၊ ကျွမ်းကျင်ဝန်ထမ်း ၃၅ ဦးနှင့် အခြားဝန်ထမ်း ၆၉ ဦး စုစုပေါင်း ဝန်ထမ်းပေါင်း ၃၅၅ ဦး ရှိပါကြောင်း၊ ရှိသင့်သည့်ဝန်ထမ်း ၅၉၄ ဖြစ်ပြီး ဝန်ထမ်း ၆၀ ရာခိုင်နှုန်းရှိသည့်အတွက် အခြေအနေမဆိုးရွားပါကြောင်း၊ ယခုကဲ့သ့ို ခုတင်(၂၀၀)တွင် Specialist ၁၃ မျိုးရှိပါကြောင်း၊ ခွဲစိတ်၊ Medicine ၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မေ့ဆေး၊ မျက်စိ၊ သွား၊ ရောဂါဗေဒ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဓာတ်မှန်၊ phonetics Medicine နှင့် Skin Methodology ရှိပါကြောင်း၊ အကယ်၍ ခုတင် ၅၀၀ တင်မည်ဆိုပါက Specialist ၂၈ မျိုးပေးရမည် ဖြစ်ပါကြောင်း၊ လတ်တလောတွင်အခြေအနေမပေးနိုင်သေး ပါကြောင်း၊ သို့သော် ခုတင် ကျပ်မှုအတွက် ငါးထပ်ဆေးရုံကြီး တည်ဆောက်ခြင်း ယခုနှစ်တွင် ပြီးစီးမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ တွင် သိန်း ၁၆၀၃ သိန်း၊ ဆေးရုံကြီးပြီးစီးသွားပါက လူနာဦးရေမကျပ်တော့ပါကြောင်း၊ ဆေးရုံတွင် Specialist နယူဒိုဦးနှောက်အာရုံကြော၊ Psychologist၊ ၊ GI Kidney မရှိပါကြောင်း၊ သို့သော် Specialist Surgery Surgeon သုံးယောက် ရှိပါကြောင်း၊ ၎င်းခွဲစိတ်ဆရာဝန်သုံးယောက်သည် ကျောက်ကပ် နှင့် GI(Gastro Intestinal) အစာအိမ်အူလမ်းကြောင်း တစ်လျောက်တွင်လည်း ခွဲစိတ်နိုင်သောအရည်အသွေးရှိပါကြောင်း၊ သို့သော် ရှိရင်ရှိသလို ထားဝယ်မြို့ကိုပေးမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် မည်သို့မျှ ခုတင် (၅၀၀) ပေးမည့်အခြေအနေလည်း မရှိပါကြောင်း သို့သော်လည်း ကျန်သည့်ဆရာဝန်များကို လုပ်ငန်းလိုအပ်ချက်အရ ခွဲစိတ်လူနာများ ဥပမာ- ဦးနှောက်၊ အာရုံကြော လူနာ၊ စိတ်ရောဂါနှင့် ကျောက်ကပ် အရမ်းအလွန်များပြားနေပါက ပို့ပေးမည် ဖြစ်ပါကြောင်း၊ နောက်လေးနှစ်ခန့်မှ ဆရာဝန်များ ရရှိမည်ဖြစ်ပါကြောင်း၊ အောင်ထွက်လာပါက ထားဝယ်ဆေးရုံကြီးကို ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ အခြားလိုအပ်ချက်ရှိပါက လွှတ်တော်ကိုယ်စားလှယ်ကြီးက မိမိကို တိုက်ရိုက်တယ်လီဖုန်းဆက်ပြီး မေးမြန်းပါက အားလုံးတာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း၊ ခုတင်(၅၀၀)သာဆံ့မည်ဆိုပါက ဝန်ထမ်းပေါင်း ၈၈၂ ဦးခန့် ရရှိမည် ဖြစ်ပါကြောင်း၊ လတ်တလောအချိန်အခါအရ မရရှိသေးသော်လည်း အမြဲမပြတ် Situation Monitor လုပ်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
