ကျိုင်းတုံမြို့အတွင်းရှိ အမှတ်၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၄ ရပ်ကွက်၊ ၅ ရပ်ကွက်နှင့် ကထိုက်ရန်းကောအုပ်စု၊ ဝက်ဆောင်း အုပ်စု၊ ကသာအုပ်စု စသော ကျေးရွာအုပ်စု ရွာအတော်များများသည် နှစ်စဉ်မိုးရာသီရောက် တိုင်း ရေကြီး ရေးလွှမ်းခြင်း ခံရပြီး ရေလွှမ်းခြင်းကြောင့် ကျိုင်းတုံမြို့ပေါ်ရှိ အ.ထ.က (၅)မူလတန်းကျောင်းနှင့် မူကြိုကျောင်းအတော်များများကို ပိတ်ထားခြင်းတို့ကြောင့် ကလေးများပညာ သင်ကြားရေးအတွက် အခက်အခဲရှိခြင်း၊ လယ်မြေများ ရေလွှမ်းမိုးသည့်အတွက် စပါးဈေးမြင့်တက်ခြင်း၊ ကားလမ်းများရေကျော်သည့်အတွက် သွားရေးလာရေး အနှောင့် အယှက်ဖြစ်စေခြင်းများ ကြုံတွေ့ရပါကြောင်း၊ ရေလွမ်းမိုးခြင်း ကို လေ့လာကြည့်သည့်အခါ ကျိုင်းတုံဧရိယာ အတွင်းရှိ ချောင်းငယ်များ အားလုံးသည် ကျိုင်းတုံမြို့ကိုပတ်စီးနေသော နမ့်မလာချောင်းနှင့် နမ့်ခမ်းချောင်း အတွင်း အားလုံးစီးဝင်ကြပါကြောင်း၊ ယင်း ချောင်းနှစ်ခု ပေါင်းဆုံ၍ ကျိုင်းတုံမြို့ မြောက်ဘက်ရှိ မိုင်းယန်းလမ်းနှင့် မိုင်းလားလမ်းနှစ်လမ်းကြား ၁၃ မိုင်အကွာတွင် ကျောက်တောင်များကြားမှ ထွက်လာပြီး ရေစီးရေလာ မကောင်းသော ရေထွက်ပေါက် တစ်ခုတည်း သာရှိပြီး ယင်းမှ ရေမထွက်ခင် ထပ်မံ၍မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်ပေါင်းစည်းပြီး ကျိုင်းတုံမြို့တွင် ရေလွှမ်းခြင်းဖြစ်ကြောင်း၊ အဆိုပါရေထွက်ပေါက် ကို ရေလမ်းကြောင်းချဲ့ပေးနိုင် ရန် ဆောင် ရွက်နိုင်ခြင်းရှိ/မရှိကို သတ္တမအကြိမ်ပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့ ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဝန်ကြီးများ ကျိုင်းတုံကိုရောက်ရှိပြီးနောက် ၃-၉-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံပြည်သူလူထုနှင့် တွေ့ဆုံပွဲ၌ ဥက္ကဋ္ဌကြီးမှ နှုတ်ဖြင့် လမ်းညွှန်မှု ပေးခဲ့ပြီးဖြစ်သည့်အပြင် သက်ဆိုင်ရာ ဌာနများ၊ တပ်မတော်မှ ကျွမ်းကျင်ပညာရှင်များနှင့် လာမည့် ပွင့်လင်းရာသီတွင် ဆောင်ရွက်ပေး မည်ကိုလည်း ကတိ လည်းရရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး မိမိ အနေဖြင့် ပြန်လည် ရုပ်သိမ်းပါကြောင်း တင်ပြသွားပါသည်။
