သာစည်မြို့နယ် မြို့နယ်တရားရုံးများမှ ဥပဒေအရ သိမ်းဆည်းထားသော ယာဉ်များအနက် အချို့ယာဉ်များကို နိုင်ငံတော်ပိုင် အဖြစ်သိမ်းဆည်း ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ သို့သော် ၎င်းယာဉ်များကို အမိုးအ ကာအောက်တွင် မထားရှိသာကြောင့် ယိုယွင်းပျက်စီးနေပါကြောင်း၊ ထိုယာဉ်များ ကို နိုင်ငံတော်ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည် ဆိုပါက နိုင်ငံတော် အတွက် ထိုက်သင့်သည့်ငွေကြေးများ ရရှိနိုင်မည် မဟုတ်သည့် အပြင် စက်မှု မထွန်းကားသေးသည့် နိုင်ငံများ အတွက် သက်တမ်း မလွန်သေးသည့် ယာဉ်များ သုံးစွဲခွင့်ကိုလည်း ထိခိုက်စေသောကြောင့် မြို့နယ်တရားရုံးများ တွင် နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်း ထားသောယာဉ်များအား မည်ကဲ့သို့စီစဉ်ထားရှိပြီး မပျက် စီးမီ နိုင်ငံတော်မှ ဈေးပြိုင်စနစ်ဖြင့် အမြန်ဆုံးရောင်းချပေးနိုင်ခြင်း ရှိ/မရှိကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ တရားရုံးအသီးသီးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော သက်သေခံမော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စီမံခန့်ခွဲရန် တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူး (ဥက္ကဋ္ဌ)၊ သက်ဆိုင် ရာ ခရိုင် တရားသူကြီး (အဖွဲ့ဝင်)၊ သက်ဆိုင်ရာမြို့နယ်တရားသူကြီး (အဖွဲ့ဝင်)နှင့် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သောသူတစ်ဦးကို အတွင်းရေးမှူး အဖြစ် ဆောင် ရွက်စေ ကာ သက်သေခံမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်အပို ပစ္စည်းများ စီမံခန့်ခွဲရေးအဖွဲ့ကို ၂၃-၉-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးမှ ဖွဲ့စည်းတာဝန်ပေး အပ်ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အဖွဲ့သည် သက်သေ ခံမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ကို လေလံ တင်ရောင်းချနိုင်သည့် အခြေအနေ ဖြစ်ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှတစ်ဆင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ကြမ်းခင်းဈေးတောင်းခံပြီး ဈေးပြိုင် စနစ်ဖြင့် လေလံ တင်ရောင်းချ သွားရမည်ဖြစ်ပါကြောင်း၊ ပြုပြင်သုံးစွဲ၍မရသော သက်သေခံမော်တော် ယာဉ်နှင့် မော်တော် ဆိုင်ကယ်များကို နိုင်ငံပိုင် စာရင်းရေးသွင်းရန်နှင့် သံရည်ကျိုဖျက်ဆီးရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်တောင်းခံပြီး သက်ဆိုင်ရာတရားရုံးများမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ်တရားရုံး အသီးသီးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ထားသော သက်သေခံမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ အနက် လေလံတင် ရောင်း ချနိုင်သော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ ဖွဲ့စည်းပေး ထားသော သက်သေခံမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်အပိုပစ္စည်း စီမံခန့်ခွဲရေး အဖွဲ့ မှ ဈေးပြိုင်စနစ်ဖြင့် မပျက်ဆီးမီ အမြန်ဆုံးရောင်းချရေးနှင့် ပြုပြင် သုံးစွဲမရသော မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များကို သံရည်ကျို ဖျက်ဆီးနိုင်ရေးအတွက် အလျင်အမြန် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ဖြေကြား ပါသည်။
