ထွက်ခေါ်သင်္ဘော၊ နိုဇုံဘော်အနီးရှိ ကျေးရွာပေါင်း ၂၈ ရွာသည် ပညာရေးမဖွံ့ဖြိုးသောဒေသ တစ်ခုဖြစ်ပြီး နိုဇုံဘော်အထက်တန်းကျောင်း(ခွဲ)သည် ချီဖွေမြို့ နယ်မှ ၇၅ မိုင်ခန့်ဝေးကွာကာ မြို့နယ်ခွဲနှင့်လည်း ၅၅ မိုင်ခန့်ကွာဝေး ပါသည်။ ယင်းဒေသသည် ယခင်က ကချင်အထူးဒေသဟု ယုံကြည်မှု တည်ဆောက် ကာ ထာဝရငြိမ်းချမ်းရေး ရယူ၍ အသွင်ကူးပြောင်းခဲ့သော ဒေသ တစ်ခုဖြစ်ပြီး ယခင်အစိုးရမှ ဒေသလိုအပ်ချက်များကို တတ်စွမ်း သမျှ ဖြည့် ဆည်း ဆောင်ရွက်ပေးသွားမည်ဟု တာဝန်ခံခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုဇုံဘော် အထက်တန်းကျောင်းခွဲသည် ယခင် ကချင် အထူးဒေသ ၁ မှ တည်ဆောက်ပေးခဲ့သော အဆောက်အဦဖြစ်သည့်အတွက် သက်တမ်းကုန်၍ ယိုယွင်းပျက်စီးနေပါသဖြင့် ပညာရေးဝန်ကြီးဌာနမှ အဆိုပါ နိုဇုံဘော် အထက် တန်းကျောင်း ခွဲ အဆောက်အဦအား အသစ်ပြန်လည် တည်ဆောက်ပေးပါရန် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများကို ပြင်ဆင်ခြင်း၊ တိုးချဲ့ကျောင်းဆောင် သစ်များ ဆောက်လုပ်ခြင်းတို့ အတွက် ရသုံးမှန်းခြေငွေ စာရင်းများ ရေးဆွဲခြင်းကို ဘဏ္ဍာရေးနှစ် ၁ နှစ်တွင် တစ်ကြိမ်သာ ဆောင် ရွက်ရပါကြောင်း၊ ထိုသို့ိုဆောင်ရွက်ရာတွင် အန္တရာယ်ရှိကျောင်းဆောင်များ၊ ဥပဓိရုပ် မကောင်းသော ကျောင်းများ၊ ကျောင်းသားဦးရေနှင့် စာသင်ခန်း မျှတမှု မရှိသော ကျောင်းများဟူ၍ ခွဲခြားပြီး မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှ အသေးစိတ်စိစစ်တင်ပြပြီး သက်ဆိုင်ရာ ဦးစီးဌာနများ၏ ထပ်မံစိစစ်တင်ပြမှုအရ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် ထည့်သွင်း လျာထား ရခြင်း ဖြစ်ပါကြောင်း။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်း စဉ်အောက်မှ ကချင်ပြည်နယ်အတွင်း ဦးစားပေးအစီအစဉ်အရ အခြေခံ ပညာ ကျောင်းပေါင်း ၁၁၄ ကျောင်းတွင် ကျောင်းဆောင် သစ်ဆောက်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၃၃၃၇.၂ သန်းကို ဘတ်ဂျက်လျာထား ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ၁၁၄ ကျောင်း အနက်မှ ချီဖွေမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၉ ကျောင်း အတွက် ကျောင်းဆောင် သစ်ဆောက်လုပ်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၁၅၁.၂ သန်း ခွဲဝေပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချီဖွေမြို့နယ်၊ နိုဇုံဘော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်အား အသစ်ပြန်လည် တည်ဆောက်ရန်အတွက် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။
