ရခိုင်ပြည်နယ်၊ မင်းပြားမြိ့နယ်ရှိ သစ်ပုတ်တောင် အခြေခံပညာမူလတန်းကျောင်း သည် မင်းပြားမြို့မှ ၁၀ မိုင်ခန့် ကွာဝေးပြီး သစ်ပုတ်တောင်
(အ.မ.က)မှ စတုတ္ထတန်းအောင်မြင်သော ကျောင်း သား/ကျောင်း သူ များသည် ကျဘိုကေ (အ.လ.က)သို့ ပဉ္စမတန်းပညာ သင်ကြားရန်အတွက် ခြေလျင်ခရီးဖြင့် သွားရောက် ကျောင်းတက်ကြရသည့်အတွက် မိုးရာသီတွင် သွားလာရေး အခက်အခဲများစွာရှိပြီး အများစုမှာ မလွဲမရှောင်သာ ကျောင်းထွက်ကြရသဖြင့် ရပ်ရွာကျောင်းတွင် အလယ်တန်းပညာကို သင်ကြားကြရမည်ဆိုပါက စတုတ္ထ တန်းအောင် ကျောင်းသား/ ကျောင်း သူများသည် ပညာကို ဆက်လက်သင်ကြား ကြရမည်ဖြစ်ပါကြောင်း၊ ယခုအခြေအနေတွင် သစ်ပုတ်တောင်ကျေးရွာ၌ ကျေး လက် ကျန်းမာရေးဌာနခွဲ၊ ပြည်သူ့ရဲစခန်း ရှိသည့်အတွက် လုံခြုံရေးရှိသော ရွာတစ်ရွာဖြစ်ကာ ရွာသူရွာသားများက ပညာရေးကို အထူးစိတ်ဝင်စားမှုရှိခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ ကူညီပံ့ပိုးမှုရှိခြင်း၊ ကျောင်းသား/ကျောင်းသူများက လည်း ပညာရေးကို စိတ်ဝင်စားမှုရှိခြင်းတို့ကြောင့် သစ်ပုတ်တောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို မူလတန်းလွန်ကျောင်းအဖြစ် အဆင့် တိုးမြှင့်ပေးရန်အတွက် ဒေသခံပြည်သူများက ပညာရေးဝန်ကြီးဌာနကို အထူးအားကိုးလျက် ရှိနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မင်းပြားမြို့နယ် သစ်ပုတ်တောင် အခြေခံပညာ မူလတန်းကျောင်းအား မူလတန်းလွန်ကျောင်းအဖြစ် တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်နှစ်တွင် ဖွင့်လှစ်ပေးမည် ကိုရှိလို ပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနသည် ကျောင်းများကို အဆင့်တိုးမြှင့်ပေးရန်အတွက် ပထမဦး စွာ ကျောင်းသား ဦးရေ၊ နယ်မြေဒေသ အခြေအနေတို့ကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ဦးစီးဌာန အဆင့်ဆင့်တို့မှ အသေးစိတ် စိစစ်ပြီး ကျောင်းအဆင့်တိုးမြှင့်ပေးခြင်း လုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီး အနေဖြင့် ကျောင်းအဆင့်တိုးမြှင့်ပေးရာတွင် ပညာသင်နှစ် (၁)နှစ်တွင် တစ်ကြိမ်မက ဆောင်ရွက်မည် ဆိုပါက ကျောင်းအဆင့် တိုးမြှင့်ခြင်းနှင့် အတူ ပေါ်ထွက်လာသော လစ်လပ်နေရာ များအတွက် ဆရာ/ဆရာမ များ ပြောင်းရွှေ့ ပေးရခြင်း၊ ရာထူးတိုးမြှင့်ပေးရန် လိုအပ်ခြင်းတို့ကြောင့် သင်ကြား သင်ယူမှု အစီအစဉ်များကို ထိခိုက်နိုင်သည့်အတွက် ပညာသင်နှစ် ၁ နှစ်တွင် တစ်ကြိမ်သာ ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား အခြေခံပညာမူလ တန်းကျောင်းလွန်အဖြစ် ဖွင့်လှစ်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ကျောင်းမှ မြို့နယ်ပညာရေးမှူး ရုံးသို့ တင်ပြပြီး ခရိုင်ပညာရေးမှူးရုံး၊ ပြည်နယ်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံးများသို့ ဦးစားပေးအဆင့် ကိုက်ညီစေ ရန်ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် စိစစ်တင်ပြထားရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
