(က)ပန်သပိ- ပန်ပိဒေသအတွက် စိုက်ပျိုးရေး နည်းပညာများနှင့် စက်ပစ္စည်းများ ကူညီပံ့ပိုးပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၁၀.၂၀၁၃)

ပန်သပိ၊ ပန်ပိဒေသသည် လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်အကြား တည်ရှိပြီး ဝေးလံခေါင်သီ၍ သွားလာရန်ခက်ခဲသော တောင်ပေါ်ေဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်) ဒသကျေးရွာအုပ်စုများ ဖြစ်ပါကြောင်း၊  ပန်သဝိတွင် ရွာပေါင်း ၁၂ ရွာရှိပြီး အိမ်ခြေပေါင်း ၅၅၆၊ လူဦးရေ ၃၀၂၄ ဦးနှင့် ပန်ပိတွင် အိမ်ခြေပေါင်း ၇၀၀၊ လူဦးရေ ၃၇၂၆ ဦးရှိပါကြောင်း  ၎င်းကျေးရွာများသည် ယခင်ခေတ် အဆက်ဆက်မှ အခြေချနေထိုင်လာခဲ့ကြ သူများဖြစ်ကြပြီး တောင်ယာစိုက်ပျိုးခြင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြပါကြောင်း၊ စစ်ဘေး စစ်ဒဏ်အကြီး အကျယ် ခံစားခဲ့ရသောဒေသဖြစ်ပြီး လင်းခေးမြို့နယ် တိမ်းချောင်းအနောက်ဘက်ခြမ်း သို့ ရွှေ့ပြောင်းရွာ အဖြစ်ပြောင်းရွှေ့ခဲ့သော်လည်း ရပ်ရွာအနေအထား တည်ငြိမ်အေးချမ်းလာသည်နှင့်မအမျှ ပြန်လည်ပြောင်းရွှေ့ အခြေချနေထိုင် လာခဲ့ကြပါကြောင်း၊ ပန်သဝိသည် မအွန်လောင်းမှ ၁၄ မိုင်၊ ပန်သဝိနှင့် ပန်ပိသည် ၁၄ မိုင်ခန့်ကွာဝေးပြီး လက်ရှိအခြေအနေအရ ဆိုင်ကယ်များသွားလာနိုင် ရန် မြေသားလမ်းများကို လူအင်အားဖြင့် တစ်နိုင်ဆောင်ရွက်နေကြသည့်အတွက်  နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် လာရောက်ဖော် ဆောင်ပေးမည်ဆိုပါက အုပ်စုတွင်းရှိရွာများ အားလုံး ဆက်သွယ်ရေး ပိုမိုကောင်း မွန်လာမည်ဖြစ်ပြီး မိမိ တို့ဒေသရှိ စိုက်ကွင်း၊ စိုက်ကွက်များကိုလည်း စိတ်တိုင်းကျဖော်ဆောင်နိုင်မည်ဟု ယုံကြည်မျှော်လင့်နေကြပါကြောင်း၊ ထိုကြောင့် ခတ်အဆက်ဆက် ဆင်းရဲဒုက္ခရောက်ခဲ့ရသော ပန်သဝိ၊ ပန်ဝိဒေသ၏ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ကွင်း စိုက်ကွက် ဖော်ဆောင်ရေးကိစ္စများကို ကူညီဖော်ဆောင်ပေးနိုင် ရန် ပန်သဝိ၊ ပန်ပိဒေသ ဆက်သွယ်သွားလာရေး အတွက် ခေတ်မီစက် ယန္တရားများဖြင့် ရွာချင်းဆက်မြေ သားလမ်းဖောက် လုပ်ပေးနိုင်မည့် အစီအစဉ်ကို လည်းကောင်း၊  ပန်သဝိ၊ ပန်ပိဒေသအတွက် စိုက်ပျိုးရေးနည်း ပညာများနှင့် စက်ပစ္စည်းများကူညီပံ့ပိုးမည့် အစီအစဉ်ရှိ/မရှိကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ဒုတိယဝန်ကြီး ဦးအုန်းသန်းရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်၊ ပန်သဝိဒေသနှင့် မိုင်းပန်မြို့နယ်၊ ပန်ပိဒေသများ တွင် တောင်တန်းများထူထပ်ပြီး လယ်မြေများ မရှိသော ဒေသ တစ်ခုဖြစ် ပြီး တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကာ နှစ်ချင်း သီးနှံ များဖြစ်သော တောင်ယာစပါး၊ ပြောင်း၊နှမ်းနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး လျက် ရှိပါကြောင်း၊

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပန်သဝိဒေသရှိ စိုက်ပျိုးရေး နည်းပညာများပြန့်ပွားရေးအတွက် လင်းခေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးခွန်ကောင်းမြတ်နှင့် ပန်ပိဒေသအတွက် မိုင်းပန်မြို့နယ်မှ၊ ဒု- ဦးစီးမှူး ဒေါ်တိုးတိုးဝင်းတို့အား တာဝန်ပေးအပ် ပညာပေးဆောင်ရွက်စေ ခဲ့သော်လည်း ဒေသများအတွင်း နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၌ လစဉ်ကျင်းပသော ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ အစည်းအဝေးများတွင် စိုက်ပျိုးရေး နည်းပညာ ဖြန့်ဝေခြင်းနှင့် သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နယ်မြေဒေသတွင်း အေးချမ်း၍ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်သည့်အချိန်တွင် မျိုးကောင်း၊ မျိုးသန့် ပြန့်ပွားရေးအတွက် မျိုးစေ့ဖြန့်ဖြူးခြင်းနှင့် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ကာ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ပန်သဝိကျေးရွာသည် လွိုင်လုံအုပ်စုတွင် ပါဝင်၍ ပအိုဝ့်လူမျိုးများ နေထိုင်လျက်ရှိပြီး အုပ်စုတွင်း၌ တောင်ယာစပါး၊ ပြောင်း၊ နှမ်းနှင့် အခြားဟင်းသီဟင်းရွက်များကို အများဆုံး စိုက်ပျိုးကြပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းပညာပေးလုပ်ငန်းများကို နယ်မြေအေးချမ်း၍ လုံခြုံရေးအခြေအနေပေးသော အုပ်စုများ၌ စံပြကွက်များ၊ စမ်းသပ်ကွက်များ သီးနှံအလိုက်စိုက်ပျိုးပြီး တောင်သူ များကို နည်းပညာပေး ဆောက်ရွက်လျက်ရှိပါကြောင်း။

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့်လည်း ရှမ်းပြည်နယ်အတွင်း ရွှေညောင်၊ အောင်ပန်း၊ နမ့်စန်(တောင်)၊ လားရှိုး၊ ကျောက်မဲ၊ ကျိုင်းတုံ၊ ကွမ်းလုံနှင့် တာချီလိတ်ဒေသတို့တွင် စက်မှုလယ်ယာသုံးစက်ကိရိယာ များ ဖြန့်ဖြူးခြင်းကို (က) လက်ငင်း စနစ် (ခ) နှစ်ရစ်၊ သုံးရစ် (အကြွေး) စနစ်နှင့် (ဂ) လယ်ယာဖွံ့ဖြိုးရေး ဘဏ်ချေးငွေ  အစရှိသော စနစ် (၃) မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နီးစပ်ရာဒေသရှိ နမ့်စန်မြို့၊ စက်မှုလယ်ယာ စခန်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။