(စ)ပြည်သူ့နီတိကျင့်ဝတ်ဘာသာရပ်ကို ကျောင်းသင်ရိုး ညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း။

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၉.၁၀.၂၀၁၃)

ယနေ့ ကမ္ဘာကြီးသည် တိုးတက်လာတာသည်နှင့် အမျှ ကောင်းသော တိုးတက်မှုများနှင့်အတူ သတိချပ်စရာ စိန်ခေါ်မှုများ လည်း ပါရှိလာသဦးစိုင်းမောင်တင် (လဲချား)ည်ကို အားလုံးသိရှိပြီးဖြစ်သည့်အတွက် ပြည်သူ့နီတိကျင့်ဝတ်ကို ဘာသာရပ်တစ်ခု အဖြစ် သင်ကြားပေးရန် ရည်ရွယ်ပါကြောင်း၊  မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဒီမိုကရေစီပြုပြင်ရေး ဆောင်ရွက်ချက်များကြောင့် ထင်ပေါ်လာပြီး ကမ္ဘာလှည့် ခရီးသည်များလည်း စိတ်ဝင်တစားလာရောက်လည်ပတ်မှုများ တိုးတက်များပြား လာနေသည့် အတွက် နိုင်ငံခြား သားများအနေနှင့် မိမိတို့နိုင်ငံ၊မိမိတို့နိုင်ငံသား များကို အထင်အမြင်သေးသွားနိုင်သော အမှိုက်၊ ကွမ်းတံတွေး၊ တံတွေးများ ကို ဖြစ်သလို လွယ်လွယ်စွန့်ပစ် ထွေးပစ်ခြင်းများကို ဖြေရှင်းရန် စည်ပင်သာယာမှ လိုအပ်သည့် စည်းကမ်းများထုတ်၍ ကြပ်မတ်မှုများ ပြုလုပ်ရမည်ဖြစ် ပါသော်လည်း ရေရှည်အတွက် ငယ်စဉ်ကပင် ကျောင်းပညာရေး သင်ရိုးညွှန်း တမ်းများတွင် ထည့်သွင်းသင်ကြား လေ့ကျင့်ပေးသင့်ပါကြောင်း၊ ယနေ့ မျက်မှောက်ခေတ် လူငယ်လူရွယ် တော်တော်များများသည် အစားစုံ၊ အသောက်စုံ သုံးစွဲပြီး ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများ ပျက်ပြားနေသည်ကိုတွေ့မြင်နေရာ ယနေ့လူငယ် နောင်ရွယ်လူကြီး ဆိုသ လို ခေါင်းဆောင်ကောင်းများ များစွာပေါ်ထွန်းလာစေရန် မှန်ကန်သောစေတနာ၊ မေတ္တာဖြင့် ပြည်သူ့ နီတိကျင့်ဝတ်ကို ဘာသာရပ် တစ်ခုအဖြစ် အစိုးရကျောင်း စာသင်ကျောင်းများ အဆင့်ဆင့်နှင့် ကျောင်းစာ သင် ကျောင်း အဆင့်ဆင့်၏ သင်ရိုးညွှန်းတမ်းများတွင် စုံလင်စွာထည့်သွင်း သင်ကြားပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့် နှစ်တွင် သင်ကြားပေးပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တို့သည် အရေးကြီးသည့် ဘာသာ ရပ်များဖြစ်သောကြောင့် မသင်မနေရ ဘာသာများအဖြစ် ၂၀၀၀-၀၁ ခုနှစ် ပညာသင်နှစ်က စပြီး မူလတန်းအောက်အဆင့် အထွေထွေဘာသာရပ်၌ တစ်ပတ်လျှင် စာသင် ချိန် ၂ ချိန်နှင့် စုစုပေါင်း ၇၂ ချိန်သင်ကြားပေး လျက်ရှိသည့် အပြင် အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့်အတန်းများတွင် စာရိတ္တနှင့် လောကနီတိ ဘာသာရပ်၊ ပြည်ထောင်စုစိတ်ဓာတ် သင်ခန်းစာများနှင့် လူ့အခွင့်အလမ်း သင်ခန်းစာများကို တွဲဖက် သင်ရိုးဝင်အဖြစ် ဆရာများလက်စွဲ များဖြန့်ဝေပြီး ၂၀၀၅-၀၆ ပညာသင်နှစ်မှစတင်၍ တစ်ပတ်လျှင် ၁ ချိန်နှုန်းဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ထပ်မံ၍လည်း မူလတန်းအဆင့် စာရိတ္တနှင့်ပြည်သူ့ နီတိ ကျောင်းသုံး စာအုပ်များကို အခမဲ့ဖြန့်ဝေပေးနိုင်ရန် ပုံနှိပ် စီစဉ်လျက်ရှိ ပါကြောင်း ပြန် လည်ဖြေကြားပါသည်။