(ဂ)ချင်းပြည်နယ်ရှိမြို့များ၊ မြို့အမည်များအား ကွက်ကျဲ၊ကွက်စိပ်တိုင်းတာကေ် ကြေးတိုင်စိုက်သည့် လုပ်ငန်း များဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၉.၁၀.၂၀၁၃)

မိမိတို့ ချင်းပြည်နယ်အတွင်း စိုက်ပျိုးမြေ၊ မြို့မြေ၊ ရွာမြေများသည် ကြေးတိုင် စိုက်ခြင်း၊ ကွက်ကျဲ၊ ကွက်စိပ် မြေတိုင်းတာခြင်း များ ဆောင်ရွဒေါ်ဇာတလဲမ်း (ထန်တလန်)က်မှုနည်းပါးကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်အတွင်း မြို့/ရွာများအား ကွက်စိပ်၊ ကွက် ကျဲ မြေတိုင်း တာပြီး ပုံနှင့်မြေပုံထုတ်ခြင်း၊ စိုက်ပျိုးမြေ၊ အခြားမြေများ အား ကြေးတိုင် စိုက်ခြင်း၊ မြေတိုင်းတာပုံထုတ်ခြင်း တို့ကို ဆောင်ရွက်ပြီး မြေမျိုးကြီး အလိုက် မြေခွန်များ ကို ခေတ်စနစ်နှင့်အညီ နှုန်းထားများဖြင့် ကောက်ခံခြင်း၊ ထန်တလန်နယ်များတွင် တိုးတက်လာမည့်လူဦးရေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် မြေယာစီမံကိန်းဖွဲ့ခြင်းများ ဆောင်ရွက်ပေးနိုင်ပါက အခြေချနေထိုင်သော အိမ်ထောင်စုများ၏ မြေပိုင်ဆိုင်မှု၊ မြေအသုံးချမှုတို့သည် ပိုမိုခိုင်မာ စနစ်ကျ လာမည်ဖြစ်သည့်အပြင် မြေယာများကိုစနစ်တကျ စီမံခန့်ခွဲနိုင်ပါက ကျူးကျော်နေထိုင်မှုများလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ်ရှိ မြို့များတွင် မြို့မြေများကို ကွက်ကျဲ၊ ကွက်စိပ် တိုင်းတာပြီး မြေပုံ ထုတ်ခြင်း၊ မြေပိုင်ဆိုင်ခွင့်စစ်ဆေးခြင်း၊ ရွာမြေနှင့် စိုက်ပျိုးမြေများကို ကြေးတိုင်စိုက်ခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် မိမိ၏မြေကွက်များကို တိကျမှန်ကန်ပြီး တန်ဖိုးရှိစွာ ပိုင်ဆိုင်နိုင်ရန်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ဒုတိယဝန်ကြီး ဦးအုန်းသန်းချင်းပြည်နယ်အတွင်း၌ မြို့နယ်ပေါင်း ၉ မြို့နယ်၊ မြို့နယ်ခွဲ ၄ ခုရှိရာတွင် မြို့အဖြစ် သတ်မှတ်ပြီးသော မြို့အရေအတွက် ၁၃ မြို့ရှိပြီး၊ မြို့မြေဧရိယာစုစုပေါင်းမှာ ၃၂၈၃ ဧကရှိသည့်အနက် မြို့မြေအဖြစ် တိုင်းတာပြီးသော မြို့များမှာ တီးတိန်မြို့ ၆၆၀ ဧက၊ တွန်းဇံမြို့ ၂၉၃ ဧက၊ ဖလမ်းမြို့ ၃၆၅ ဧကနှင့် ဟားခါးမြို့  ၆၂၁ ဧက စုစုပေါင်းမြို့မြေဧရိယာ ၁၉၃၉ ဧကဖြစ်ပြီး ချင်းပြည်နယ်အတွင်း မြို့မြေအဖြစ် တိုင်းတာရန် ကျန်ရှိနေသောမြို့များမှာ ထန်တလန်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကျီခါး၊ ရိခေါဒါရ်၊ ရေဇွာ၊ ဆမီးမြို့များဖြစ်ပြီး  ဧရိယာအားဖြင့် ၁၃၄၄ ဧက ဖြစ်ကြောင်း သိရှိရပါသည်။

ချင်းပြည်နယ်တွင် မြို့မြေများ ကွက်ကျဲ၊ ကွက်စိပ်တိုင်းတာခြင်းနှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်များအရ ၁၉၇၀-၁၉၇၁ ခုနှစ်တွင် အမှတ် (၁)၊ မြေတိုင်းအဖွဲ့မှ ဟားခါးမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့များကို လည်းကောင်း၊  ၁၉၇၁-၁၉၇၂ ခုနှစ်တွင် ဖလမ်းမြို့လည်းကောင်း တိုင်းတာခဲ့ပြီး၊ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ ကျီးခါး၊ ရေဇွာ၊ ရိခေါဒါရ်နှင့် ဆမီးမြို့များကိုမူ ကွက်ကျဲ၊ ကွက်စိပ် တိုင်းတာခြင်း မရှိသေးသည့်အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြို့မြေများကို ကွက်ကျဲ၊ ကွက်စိပ် တိုင်းတာနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

(က)    မြို့မြေများကို တိုင်းတာခြင်းမပြုမီ မြို့ကွက်များကို နယ်နိမိတ်သတ်မှတ်ခြင်း၊   Demarcation   ဆောင်ရွက်ရ မည်ဖြစ်ပြီး နယ်နိမိတ် သတ်မှတ်ဆောင်ရွက်ရာတွင် ပိုင်ဆိုင်ခွင့်အရ ဦးပိုင်ခြားနယ်နိမိတ်ကို စနစ်တကျ တိုင်းတာပိုင်းခြားနိုင်ရန်အတွက် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ Boundary Officer နှင့် အကွက်ကြပ်မတ်ရေး အရာရှိ Demarcation Officer များကို ခန့်ထားရန်အဆိုပြုရမည် ဖြစ်ပါသည်။

(ခ)      နယ်နိမိတ်သတ်မှတ်ရေးအရာရှိ Boundary Officer အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးကို လည်းကောင်း၊ အကွက်ကြပ်မတ်ရေးအရာရအဖြစ် မြေစာရင်းဦးစီးဌာနမှူးကို လည်းကောင်း မြေစာရင်းဦးစီးဌာနမှူးမှ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ အဆိုပြုတင်ပြ၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ဆက်လက် တင်ပြကာ ပြည်နယ်အစိုးရမှ အတည်ပြုခန့်အပ်ပေးပါက မြို့နယ်နယ်နိမိတ်များကို ဦးစွာသတ်မှတ်၍ အမြဲမြေတိုင်း မှတ်တိုင်များ စိုက်ထူရဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သတ်မှတ်ထားသော နယ်နိမိတ်အလားအလာကို ခရိုင်ရုံးသို့ တင်ပြပြီး ခရိုင်ရုံးမှ ပြန်တိုင်းမူကြမ်းပြုစုပြီးလျှင် ပြည်နယ်မြေစာရင်းရုံးမှတစ်ဆင့် အထက်အဖွဲ့ အစည်း အဆင့်ဆင့်သို့ ဆက်လက်တင်ပြကာ ဌာနဆိုင်ရာများသို့ ဆောင်ရွက်ရန် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန သည် နိုင်ငံတော် အတွင်း သီးနှံစိုက်ပျိုးသည့် စိုက်ပျိုးမြေများကို နှစ်စဉ် စီမံချက်ရေးဆွဲ၍ မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင် ရွက်လျက်ရှိသော်လည်း မြို့တွင်းလူနေထိုင်သည့်မြို့များကိုမူ တိုင်းတာလိုသော မြို့များမှ အောက်ဖော်ပြပါအတိုင်း ဥပဒေနှင့်အညီဆောင်ရွက်၍ မြို့မြေတိုင်းတာပေးရန် တောင်းခံလာသည့် အချိန်တွင် အထူးမြေတိုင်း တာခြင်းအစီအစဉ်အဖြစ် ရန်ပုံငွေတောင်းခံပြီး ရန်ပုံငွေရရှိသောအခါ မြေတိုင်းတာခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

မြေမျိုးကြီးအလိုက် ကြေးတိုင်စိုက်သည့်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ကြေးတိုင်စိုက်ခြင်း ဆိုသည်မှာမြေခွန် စည်းကြပ်ကောက်ခံရန် မြေခွန် နှုန်းထားသတ်မှတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိမြေခွန် စည်းကြပ်သည့် စနစ်သည် ၁၈၇၆ ခုနှစ် အောက်မြန်မာပြည်၊ မြေနှင့်အခွန်အက်ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များ၊ ၁၈၈၉ ခုနှစ် အထက်မြန်မာပြည်၊ မြေနှင့်အခွန်စည်းမျဉ်းဥပဒေနှင့် အမိန့်ဆင့် ဆိုချက်များ၊ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည်၊ မြို့နှင့်ကျေးရွာများ အက်ဥပဒေနှင့် အမိန့်ဆင့်ဆို ချက်များ၊ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။

ဒေသတစ်ခုချင်းအလိုက် မြေခွန်နှုန်းထားသတ်မှတ်ခြင်း ဆောင်ရွက်ရန် နည်းလမ်းများကို မြန်မာနိုင်ငံ ကြေးတိုင် သွန်သင်ချက် Settlement Instruction ဖြင့် ပြဋ္ဌာန်းထားရှိပြီး မြေခွန်နှုန်းထားသတ်မှတ်ခြင်းမှာ ဒေသအလိုက် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ် စသည့် မြေအမျိုးအစားအလိုက် စိုက်ပျိုးထွက်ရှိသော သီးနှံအထွက်ပမာဏနှင့် သီးနှံရောင်းရငွေအပေါ် မိမိလုပ်အားအပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ် အားလုံးကို နှုတ်ပြီး ကျန်ရှိသော အသားတင်အကျိုးအမြတ်၏ ၄ ပုံ ၁ ပုံ မှ ၈ ပုံ ၁ ပုံ ခန့်ကို မြေခွန်အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ခရိုင်ပေါင်း ၃၆ ခရိုင်အား ကြေးတိုင်စိုက်၍ မြေခွန်နှုန်းထား သတ်မှတ်ခဲ့ပြီး မြောင်းမြခရိုင်အား ၁၉၃၈ ခုနှင့် ၁၉၄၀ ခုတို့တွင် နောက်ဆုံးကြေးတိုင်စိုက်ခဲ့သဖြင့် လွတ်လပ်ရေးရပြီးနောက် ယခင်က သတ်မှတ် ခဲ့သော ကြေးတိုင်မြေခွန်နှုန်းများဖြင့် ဆက်လက်၍ မြေခွန်စည်းကြပ် ကောက်ခံခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင် ကြေးတိုင်လုပ်ငန်းဆောင်ရွက်ခြင်းမရှိခဲ့သော ဒေသများအတွက် ကောက်ခံရန် မြေခွန်နှုန်းနှင့် ပတ်သက်ပြီး ၁၉၆၇ ခုနှစ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၀-၁၁-၁၉၆၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၂၅ ကို ထုတ်ပြန်ခဲ့ပြီး ကြေးတိုင်စိုက်ပြီးသောဒေသများကို ကြေးတိုင်မြေခွန် နှုန်းထားဖြင့် ဆက်လက် စည်းကြပ်ရန်နှင့် ကြေးတိုင်မစိုက်ရသေးသော ဒေသများတွင်  စပါးစိုက်ပျိုးပါက တစ်ဧက ၁ ကျပ်၊ ပြား ၅၀ နှုန်းနှင့် အခြားသီးနှံစိုက်ပျိုးပါက တစ်ဧက ၁ ကျပ် နှုန်းဖြင့် စည်းကြပ်ရန်ပြဋ္ဌာန်းခဲ့သဖြင့် ချင်းပြည်နယ်၏ မြေခွန် စည်းကြပ်ကောက်ခံခြင်း လုပ်ငန်းအား ဤအမိန့်အရ ဆောင် ရွက်နေခြင်း ဖြစ်ပါကြောင်း၊          ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ အရ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းထားပြီး ယင်းဥပဒေပုဒ်မ ၂၄၈ အရ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း။

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၈၊ ဇယား-၂၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍတွင် အမှတ်စဉ်(ဂ)၊ မြေယာခွန်၊ အမှတ်စဉ်(င) အဆောက်အဦနှင့် မြေခွန်တို့ပါဝင်ပြီး အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး (သို့) ပြည်နယ် တစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ် တစ်စိပ်တစ်ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ် မြေခွန်ပြင်ဆင်သည့် ကြေးတိုင်လုပ်ငန်းအား ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ချင်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသ အတွင်း အောက်ခြေမြေပြင် ပကတိ အခြေအနေမှန်အတိုင်း ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နိုင်ကြ မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။