(င)ဂန့်ဂေါမြို့တွင် အလုပ်သမား မှတ်ပုံတင်ရုံးအား အမြန်ဆုံးဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၇.၁၀.၂၀၁၃)

ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ဖွင့်လှစ်ပေးထားခြင်းမရှိသေးသည့်အတွက် အလုပ်သမား ဦးအောင်မြင့် (ဂန့်ဂေါ)မှတ်ပုံတင်ခြင်း ကိစ္စများနှင့် သက်တမ်း တိုးခြင်း ကိစ္စများကို ဒေသခံပြည်သူများသည် ပုံတောင် ပုံညာ တောင်တန်းများကိုဖြတ်ကျော်ပြီး မိုင် ၁၅၀ ကျော်ခန့်ဝေးကွာသော ပခုက္ကူမြို့သို့ ပင်ပန်းခက်ခဲစွာဖြင့် သွားရောက် လုပ်ကိုင်ကြရသည့်အတွက် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အလုပ်သမားမှတ်ပုံတင်ခြင်း ကိစ္စများ၊ သက်တမ်း တိုးခြင်းကိစ္စများ လွယ်ကူအဆင်ပြေစေရန် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးလက်အောက်ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးအား အမြန်ဆုံး ဖွင့်လှစ်ပေးပါရန်နှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိပါကလည်း သိရှိလို ပါကြောင်း မေးမြန်းသည်။


ဖြေကြားသူ
အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ဖြစ်ပေါ် တိုးတက် လာသော အလုပ် သမာ‌းရေးရာ လုပ်ငန်းကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အလုပ် သမား ညွှန်ကြားရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံ ပြုပြင်တိုးချဲ့ရေးအတွက် အမျိုးသား စီမံကိန်းနှင့် စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့သို့တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါတိုးချဲ့ ဖွဲ့စည်းပုံတွင် မကွေး တိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ခရိုင်ရုံးဖွင့်လှစ်ရန်ပါရှိပါ၍ ဖွဲ့စည်းပုံပြင်ဆင် ဆောင်ရွက်တိုးချဲ့ခြင်းအား သဘောတူညီခွင့်ပြုချက်ရရှိပါက လုပ်ငန်းစဉ်များ အတိုင်းဆောင်ရွက်ပြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့တွင် အလုပ်သမားမှတ်ပုံတင်ရုံး ဖွင့်လှစ်ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း ရှင်လင်းဖြေကြားသွားပါသည်။