(ဃ)ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ်ခွဲ အတွင်း ဖုန်းလိုင်းများ မမိခြင်း၊ ပြတ်တောက်ခြင်း၊ အသံ ကြည်လင်မှုမရှိခြင်း၊ အလှည့်ကျ ပေးခြင်းတို့ကို မည်သို့ ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသည့် မေးခွန်း။

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ (၁.၁၀.၂၀၁၃)

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်နဲ့ ကာလိမြို့နယ်ခွဲတွင် ကြိုးဖုန်းများ အပါအဝင် တယ်လီဖုန်းလိုင်းများကို ရာသီဥတု အခက် ဒေါ်နန်းဝါနု (ကွန်ဟိန်း)အခဲကြောင့် သော် လည်းကောင်း၊ တစ်ခါတစ်ရံ လူကြီးခရီးစဉ်များတွင်လည်း ဖုန်းလိုင်းများ အစဉ်ပြတ်တောက် နေလေ့ရှိပါသည်။ ကွန်ဟိန်းမြို့နယ်တွင် CDMA, GSM လိုင်းများလည်း အစဉ် ပြတ်တောက်လျှက်ရှိပြီး ကာလိမြို့နယ်ခွဲမှာ ကွန်ဟိန်းမြို့ နယ်ထက်ပို၍ အခြေအနေဆိုးရွားလျှက်ရှိပါသည်။ မနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ GSM လိုင်းများဖွင့်လေ့ရှိပြီး နေ့လယ်ပိုင်းမှ ညနေအထိ CDMA လိုင်းများ ဖွင့်ခြင်းကို နေ့စဉ် အလှည့်ကျကဲ့သို့ ဆောင်ရွက်လျှက်ရှိရာ ပြည်သူများအနေဖြင့် ဖုန်း ၂ လုံး ကိုင်ဆောင်ရလေ့ရှိသည့်အပြင် တစ်ခါတစ်ရံ မည်သည့်လိုင်းများမှ မရ၍ ကာလိမြို့ပြင်အထွက် တောင်ဘက်နှင့်မြောက်ဘက် မိုင်းပြင်းခရိုင်အတွင်းရှိ လွိုင်ဖာရေး ဧရိယာတိုင် အထိ သွားရောက်ဆက်သွယ်ရပါကြောင်း၊ ယခုအခါ GSM ကို မနက်ပိုင်းတွင် ပိတ်လေ့ရှိပြီး နေ့လယ်ပိုင်းတွင်သာ ဖွင့်လေ့ရှိပါကြောင်း၊ အကြောင်းမှာ Solar စနစ်နှင့် ဝန်ထမ်းအင်အား မလုံလောက်သည့် အတွက်ကြောင့်ဟု သိရှိရပါသည်။ ကြိုးဖုန်းအများမှာလည်း အချိန်ကြာမြင့်စွာပျက်နေပြီး တာဝန်ရှိ ပုဂ္ဂိုလ်များမှ အချိန်မီ လိုက်လံပြုပြင်ပေးမှု အားနည်းနေကြောင်း၊ မိုင်းပြင်းခရိုင်အတွင်းရှိ လွိုင်ဖာရေးလိုင်းမှ အစဉ်အမြဲလိုင်းမိပြီး ဖုန်းများ လွယ်ကူစွာ ဆက်၍ရနေခြင်း မြို့တွင်းဖြစ်သော ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ် ခွဲအတွင်းတွင် ဖုန်းလိုင်းများ မမိခြင်း၊ ပြတ်တောက်ခြင်း၊ အသံကြည်လင်မှုမရှိခြင်း၊ အလှည့်ကျပေးခြင်း စသည့်တို့ကို ပြည်သူများအနေဖြင့် နားလည်သဘောပေါက်ခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ-

  • မိုးရွာလျှင်သော်လည်းကောင်း၊ မိုးမရွာခင်တွင်သော်လည်းကောင်း၊ ဖုန်းလိုင်းပိတ်ထားတတ်သည် မှာ အဘယ်ကြောင့်နည်း။
  • လူကြီးခရီးစဉ်များတွင် ဖုန်းများအပါအဝင် ဖုန်းလိုင်းများအားလုံး ပိတ်ထားတတ်သည်မှာ အဘယ်ကြောင့်နည်း။
  • ကွန်ဟိန်းမြို့နယ်တွင် CDMA, GSM လိုင်းများလည်း အစဉ်ပြတ်တောက်နေပြီး ကြည်လင်မှုမရှိသည်မှာ အဘယ်ကြောင့်နည်း။ အလှည့်ကျပေးနေသည်မှာ အဘယ်ကြောင့်နည်း။
  • ကာလိမြို့နယ်ခွဲအတွင်းတွင် ဖုန်းလိုင်းများမမိခြင်း၊ ပြတ်တောက်ခြင်း၊ အသံကြည်လင်မှုမရှိခြင်း၊ အလှည့်ကျပေးခြင်း စသည့်တို့မှာ အဘယ်ကြောင့်နည်း။ ထို့ပြင် ကွန်ဟိန်း မြို့နယ်တွင် ကြိုးဖုန်းများ ကြာရှည်စွာ ပျက်စီးနေမှုကို မည်သို့ ကုစားပေးမည်နည်း။

ကွန်ဟိန်းမြို့ နယ်နှင့် ကာလိမြို့နယ်ခွဲနေ ပြည်သူများ စိတ်ချမ်းသာကြည်လင်စွာ လွယ်ကူစွာဖုန်းအသုံးပြုနိုင်ရေး အတွက် သက်ဆိုင်ရာမှ မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်နည်း တို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဒုတိယဝန်ကြီး ဦးဝင်းသန်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အားလုံးမှာ တယ်လီဖုန်းသိပ်ဆည်းဆ တိုးတက်မြင့်မားလာစေရန်နှင့် ပြည်သူတွေအားလုံး၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်စေရန်အတွက် ယခုပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှာ ကျွန်တော်တို့ ဆက်သွယ်ရေး ဝန်‌ဆောင်မှုလုပ်ငန်းများကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ကွန်ဟိန်းမြို့တွင် CDMA ရေဒီယိုစခန်း(၁) ခု၊ GSM ရေဒီယို (၁) ခုကို လည်းကောင်း၊ ကာလိမြို့မှာ GSM ရေဒီယို (၁) ခုကိုလည်းကောင်း တည်ဆောက်ပေးခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အဆိုပါမြို့နယ် များရှိ မိုဘိုင်း ရေဒီယိုစခန်းများ၏ အဝေးဆက်သွယ်မှုကို တောင်ကြီး-နမ့်စမ်-ကွန်ဟိန်း-မိုင်းပြင်း-ကျိုင်းတုံ ဖိုက်ဘာ ဆက်ကြောင်းမှ E1 လိုင်းများ ငှားရမ်းပြီး တပ်ဆင်ပေးခဲ့ပါကြောင်း၊ ယင်းဖိုင်ဘာ ဆက်ကြောင်းများကို ၂၀၁၃ ခုနှစ် မေလတွင် (၂)ကြိမ်၊ ဇွန်လတွင် (၆) ကြိမ်နှင့် ဇူလိုင်လတွင် (၄)ကြိမ် ချို့ယွင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယင်းချို့ယွင်းပြတ်တောက်မှုများ ကို တာဝန်ရှိသူများမှလည်း သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေးအတွက် အချိန်နှင့်တပြေးညီ ကြိုးစားဆောင်ရွက် ပေးခဲ့သည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း။

ထို့ပြင် CDMA,GSM မိုဘိုင်းရေဒီယိုစခန်းများတွင် (၂၄)နာရီလျှပ်စစ်မီး မရနိုင်သည့်အတွက် ပါဝါပိုင်းတွင် လိုပါသောလျှပ်စစ်ကို ဆိုလာစနစ်နှင့် အရန်အင်ဂျင်စနစ်များ ထားရှိပြီး ဆိုလာစနစ် ဓါတ်အားအပြည့်အဝ မရရှိသည့်အချိန်များတွင် အရန်အင်ဂျင်စက်ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာလိမြို့နယ်ခွဲတွင် CDMA စနစ်တပ်ဆင်ထားခြင်းမရှိဘဲ မြို့နှင့် ၈ မိုင်ခန့်ဝေးသော ကွန်ဟိန်း CDMA တာဝါတိုင်မှတစ်ဆင့် အသုံးပြုရခြင်းဖြစ်သည့်တွက် ကာလိမြို့မြောက်ဘက်ခြမ်း မြေပြန်ဒေသတွင် ဆက်သွယ်မှု ကောင်မွန်ပြီး ကာလိမြို့ရဲ့ တောင်ဘက်ခြမ်းတွင် တောင်စွယ်များ ရှိနေသည့်အတွက် CDMA ဖုန်းလိုင်းများအနေဖြင့် လိုင်းမမိခြင်း၊ အသံမကြည်လင်ခြင်းများ ဖြစ်ပေါ်လျှက်ရှိပါကြောင်း။ ယင်းမြို့နယ်များရှိ CDMA နှင့် GSM တယ်လီဖုန်းလိုင်းများအတွက် အဝေးဆက်သွယ်မှု ဖိုက်ဘာဆက်ကြောင်းများ ချို့ယွင်းသည့်အပိုင်းများတွင် ဆက်သွယ်မှုပြတ်တောက်ပြီး ရာသီဥတုဆိုးဝါးသည့် အချိန်များတွင်လည်း တယ်လီဖုန်းလိုင်းများ အသံမကြည်လင်မှု များ ဖြစ်ပေါ်လျှက်ရှိသော်လည်း၊ လူကြီးခရီးစဉ်များတွင် ကြိုးဖုန်းများ အပါအဝင် တယ်လီဖုန်းလိုင်း အားလုံးပိတ်ထားခြင်း၊ အလှည့်ကျ လိုင်းဖွင့်ပေးခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း။

သို့သော်လည်း ယခုမြို့နယ်များတွင် တယ်လီဖုန်းဆက်သွယ်မှုများကို ယခုထက် ပိုမိုကောင်းမွန်စေရန်အတွက် လိုအပ်သည့် စစ်ဆေးပြုပြင်မှုများကို အသေးစိတ်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လူအင်အား ထပ်မံဖြည့် တင်းခြင်း ဆက်သွယ်ရေးဝန်ဆောင်မှုစနစ် ပိုမိုကောင်းမွန်ပြီး ပိုမိုပီပြင်အောင် ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ထပ်ဆင့်မေးခွန်းမေးမြန်ရာ

မိမိအနေဖြင့် ရာသီဥတုကြောင့် ဖုန်းလိုင်များပိတ်ထားခြင်း၊ လူကြီးခရီးစဉ်များတွင် ဖုန်းပိတ်သည့် ကိစ္စများကို အသေအချာသိပါကြောင်း၊ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကိုလည်း အသေအချာသိပါကြောင်း၊ မိမိအနေဖြင့်ဖြစ်နိုင်ပါက ယင်းဒေသရှိ စစ်တပ်အတွင်းရှိ စစ်တပ်မှ ထိမ်းချုပ်ထားသောသော ဒီဧရိယာတိုင်ကို မြို့ပြင်ကိုရွှေ့ပေးစေလိုပါကြောင်း၊ သို့မဟုတ်ပါက လူကြီးခရီးစဉ်များ၊ ဆိုရွားသော ရာသီဥတုအခြေအနေများတွင် အမြဲတမ်း ဖုန်းလိုင်းပိတ်ခံရမည်ဖြစ်ပါကြောင်း၊ သိုဖြစ်ပါ၍ စစ်တပ်ထဲမှာရှိ အစိတ်အပိုင်း ဧရိယာတိုင်တွေကို ဒီမြို့ပြင်ကဆက်သွယ် ရေးများက     ဆက်သွယ်ရေးဝန်ကြီးဌာက ထိန်းချုပ်ပေးပါရန် တောင်းခံအပ်ပါသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း

ကိုယ်စားလှယ် ဒေါ်နန်းဝါနု တင်ပြသည့်ကိစနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် သက်ဆိုင်ရာနှင့်  အသေးစိတ် ညှိနှိုင်းပြီး ပြည်သူလူထုအဆင်ပြေစေရန်အတွက် အသေးစိတ်စစ်ဆေးပြီး စီစဉ်ဆောင်နိုင်သမျှ ကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။