ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့သောပြုပြင်ပြောင်းလဲမှုပြုလုပ်စေကာမူ
တရားဥပဒေစိုးမိုးမှုအပြည့်အဝမရှိခဲ့လျှင် ပြုပြင်ပြောင်းလဲမှုများအောင်မြင် ရှင်သန် ရန်အတွက် ကန့်သတ်ချက်များ၊ အတားအဆီးများနှင့် စိန်ခေါ်မှုများ ရှိနေ မည် ဖြစ်ပါကြောင်း၊နိုင်ငံတော်တွင် အခက်အခဲအတားအဆီးများ ကြုံတွေ့ရ တိုင်း တပ်မတော်မှပင် အကူအညီပေးခဲ့ခြင်းကို တွေ့မြင်ရမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်နိုင်ငံရေးပါတီအဖွဲ့အစည်းမှ သမိုင်း တစ်လျှောက် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တပ်မတော်က သာ လျှင် ပြည်သူ လူထု၏ အကူအညီ ရယူပြီး ဆောင်ရွက်ခဲ့သည် ကို တွေ့ရ မည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုကို ထိပါးမှုများ လာပါက ယနေ့ဒီမိုကရေစီနိုင်ငံ ထူထောင်မှုကို ထိခိုက်လာနိုင်သည့်အပြင် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိပါး လာနိုင်ကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အချိန်ပြည့် ပင်ပန်းစွာ တာဝန် ထမ်းဆောင်ရခြင်း၊ အသက်ခန္ဓာ စွန့်လွှတ်ရခြင်းတို့ကြောင့် စွန့်လွှတ်စွန့်စား လိုသောစိတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှိသော လူများနည်းပါးလာသည့် အချိန်တွင် တပ်မတော်သည် အင်အားနည်း လာမည် ဖြစ်သည့်အပြင် တပ်မတော်သားအချို့၏ လုပ်ဆောင်မှုကို ထောက်ပြကာ တပ်မတော်တစ်ရပ်လုံးကို သိမ်းကြုံးခံစားစေခြင်းသည်လည်း မဖြစ်သင့်ပါကြောင်း၊ တပ်မတော်သည် ပြည်သူအတွင်းမှ ပေါက်ဖွားလာပြီး ယနေ့အချိန်အထိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်မှ နိုင်ငံတော်၏ အချုပ်အခြာအာဏာအထိ ပါဝင်နေသူများဖြစ်ခြင်း၊ နယ်စွန်နယ်ဖျား တပ်စခန်းများတွင် စွန့်လွှတ်စွန့်စားမှုများစွာနှင့် အသက်ခန္ဓာပေးဆပ်ကာ တာဝန်ထမ်းဆောင်နေသူများ ဖြစ်ခြင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာကြည့်လျှင်လည်း မည်သည့် နိုင်ငံရေးပါတီ၊ မည့်သည့် နိုင်ငံရေးစနစ်ကိုဘဲ ကျင့်သုံးကျင့်သုံး ၎င်းတို့၏ တပ်မတော်ကို ခေတ်မီ၍ အင်အားတောင့်တင်းပြီး စွမ်းရည်အထက်မြက်ဆုံးဖြစ်အောင် ကြိုးပမ်းနေကြခြင်းတို့ကြောင့် မိမိတို့အနေနှင့်လည်း မိမိတို့၏တပ်မတော်ကို ခေတ်မီ၍ အင်အားတောင့်တင်းပြီး ပြည်သူချစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရန် ခေတ်မီ၍ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော မျိုးချစ်တပ်မတော် ဖြစ်ပေါ်လာစေရေးသည် နိုင်ငံတစ်ခုအတွက် ခြွင်းချက်မရှိ လိုအပ်ချက်ဖြစ်ရာ တပ်မတော်အင်အား တောင့်တင်းခိုင်မာရန် မည်သို့ဆောင်ရွက်ထားပါသနည်း။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆တွင်ပါရှိသည့်အတိုင်း စီမံဆောင်ရွက်မှုရှိပါသလားနှင့် အနာဂတ်တွင်ခေတ်မီ တပ်မတော်ဖြစ်ရန် မည်သို့ စီမံထားပါသနည်းနှင့် တပ်မတော်၏ ရည်မှန်းချက်တာဝန်တွေ ပြည့်ဝအောင် မိဘ လုပ်သားပြည်သူများထံက မည်သည့်အကူအညီတွေရရှိရန် လိုအပ်နေသည်ကို မေးမြန်းပါသည်။
တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာစေရေးအတွက် အခြားအဆင့် စစ်သား စစ်သည်များကို စစ်သားစုဆောင်းရေး စီမံချက်နှင့်အညီ ပြည်ထောင် စုမြန်မာနိုင် ငံတော်သား အသက်(၁၈) နှစ်မှ (၂၅) နှစ်အကြား ကျန်းမာရေးကောင်းမွန်သူများ ကို ၎င်းတို့၏ ဆန္ဒနှင့်အညီ စစ်မှုထမ်းဆောင်နိုင်ရန်အတွက် စုဆောင်းလျက် ရှိသည့်အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် ပြန်တမ်းဝင်အရာရှိများ ခန့်အပ်ရေးအတွက်လည်း ဆောင်ရွက်သည့်အခါ စစ်ရာထူးခန့်ချုပ်ရုံး၏ မူဝါဒနှင့်အညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၃၈၆) ပါပြဋ္ဌာန်းချက်အရ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်အခါ နိုင်ငံသားတိုင်းသားတိုင်းသည် ကျား/မ မခွဲခြားဘဲ မိမိသဘောဆန္ဒအရ တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းဆောင်နိုင်ပြီး လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၄၀) အရ ပြည်သူ့စစ် မဟာဗျူဟာကို တိကျစွာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုအခြေအနေတွင် ကိုယ်တိုင် ခံယူချက်၊ ယုံကြည်ချက်နှင့် ဝါသနာပါပြီး အတတ်ပညာ၊ အသိပညာ အထိုက်အလျောက်ရှိသောသူများ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်း၊ အသက်(၁၈) နှစ် ပြည့်ပြီး (၂၅) နှစ်ထက်မကြီးခြင်း၊ မျက်မြင်(၁၃) ချက်နှင့်ပြည့်စုံပြီး ဆေးအဆင့် (က)ရှိသော ကိုယ်တိုင်ဆန္ဒပြုသူများကိုသာ စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းဆောင်စေရန်အတွက် လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊
အနာဂတ်တွင် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ တပ်မတော်အင်အား တောင့်တင်း ခိုင်မာရေး အရေးကြီးသကဲ့သို့ စွမ်းရည်ထက်မြက်သော စစ်သည်တော်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်လည်း ရှိသည့်အပြင် တပ်မတော်သားများကို စစ်ရေးစွမ်းရည်သာမက သက်ဆိုင်ရာနည်းပညာရပ်များတွင် ထူးချွန်ထက်မြက်စေရေး အတွက် ပြည်တွင်းသင်တန်းများသာမက၊ ပြည်ပသင်တန်းများသို့လည်း နှစ်ရှည်လများ စေလွှတ်သင်ကြားပေးလျက် ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် ခေတ်မီစစ် လက်နက်ပစ္စည်းများ တီထွင်ထုတ်လုပ်ခြင်း၊ ဝယ်ယူ တပ်ဆင်ခြင်းများ ခေတ်မီ တပ်မတော် တစ်ရပ်ဖြစ်စေရန်အတွက်လည်း တည်ဆောက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကြည်းတပ် တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တပ်မတော် (ရေ) နှင့် တပ်မတော်(လေ) အတွက်ပါ တစ်ပြေးညီ တိုးတက်စေရေး အတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် လျက် ရှိပါကြောင်း။
နိုင်ငံတော်အစိုးရသည် နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်များကို အစိုးရအဖွဲ့မှတစ်ဆင့် ြ ပည်ထောင်စု လွှတ်တော်က ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ အတည်ပြုပေးလျက်ရကြောင်း၊ ခေတ်မီ၍ အင်အားေ တာင့်တင်းသော တပ်မတော် တစ်ရပ်တည်ဆောက်ရန် စစ်ဘက်ဆိုင်ရာ စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဘဏ္ဍာငွေကြေး လုံလောက်စွာ သုံးစွဲနိုင်ခြင်း သည်လည်း အဓိကအခန်းကဏ္ဍက ပါဝင်လျက်ရှိပါကြောင်း၊ ၆-၉-၂၀၁၃ ရက် နေ့တွင်ပြုလုပ်သော ဘဏ္ဍာငွေခွဲဝေရေးဆိုင်ရာ အစည်းအဝေး၌ နိုင်ငံတော်ဆိုင်ရာ စီးပွားရေးအကြံပေး Dr. ဇော်ဦး ပြောသကဲ့သို့ ဘတ်ဂျက်နှင့်ပတ်သက်၍ Policyပေါ် အခြေခံသော ဘတ်ဂျက်၊ စွမ်းဆောင်ရည်ပေါ် အခြေခံသော ဘတ်ဂျက် ဖြစ်ရန်နှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အားကောင်းရန်ဆိုသော အချက်အလက်များ၊ အကြံပြုချက်များနှင့် ၂၆-၉-၂၀၁၃ ရက်နေ့တွင် ပြုလုပ်သော ဘဏ္ဍာငွေခွဲဝေရေးဆိုင်ရာ အစည်းအဝေးတွင် သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ဘတ်ဂျက်ကိုစဉ်းစားသည့်အခါ Eionomic Concept Political Concept ပေါင်းစပ်ပေးပြီးမှ ဆောင်ရွက်သင့် သည်ဆိုသည့်အတိုင်း တပ်မတော်ဘတ်ဂျက်ကို ရေးဆွဲသော အခါတွင် အဆိုပါ Conceptများ မလွတ်အောင် တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ပြီး စနစ်တကျရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကာကွယ်ရေး အသုံးစရိတ်ကို အသုံးပြု၍ ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် စစ်သည်များ၏ စားဝတ် နေရေး၊ သွားလာရေး၊ လေ့ကျင့်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ သက်သာချောင်ချိရေးစသည့် ပုံမှန် အသုံးစရိတ်များကို ထိုက်တန်သော လူနေမှုအဆင့်အတန်းတစ်ရပ်သို့ ရောက်ရှိစေရန်အတွက် စီမံဆောင်ရွက်ပေးခြင်းနှင့် တိုက်စွမ်းရည်မြင့်မားစေရေးအတွက် ခေတ်မီ စစ်လက်နက်ပစ္စည်းများ ဝယ်ယူ တပ်ဆင်ခြင်းကိုလည်း ခေတ်ကာလနှင့်အညီ လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
