(ဈ)-တန်ဖိုးနည်း Mobile Phone များ လိုအပ်သော ပြည်သူများအတွက် ဝယ်ယူသုံးစွဲနိုင်ရန် နိုင်ငံတော် အစိုးရမှ မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၇.၇.၂၀၁၃)

ဦးခင်မောင်ညို (လွိုင်ကော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်သူ အများစုသည် တိုးတက်ဖွံ့ဖြိုးနေသော ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ကြပြီး တိုးတက်မှုကို ထာဝရ လိုလား လျက်ရှိနေကြပါကြောင်း၊   နိုင်ငံတော်အစိုးရမှ တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို  ပြည်သူတိုင်း သုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်ပေးနေသည့်အပေါ် ပြည်သူများမှ ကျေးဇူးတင်ရှိလျက်ရှိကြကြောင်း၊ သို့သော် နိုင်ငံတော်အတွင်းရှိ မှီတင်းနေထိုင်သူအများစုသည် ဆင်းရဲနွမ်းပါးသူ၊ လက်လုပ်လက်စားလုပ်ကိုင်သူ၊ ကျေးလက်ပြည်သူများ အများစု ဖြစ်သောကြောင့်  နိုင်ငံတော်မှ တန်ဖိုးနည်းဖုန်းများချထားပေးရာတွင် လုံလောက်ခြင်းမရှိသေးဘဲ ခွဲတမ်းစနစ်၊ မဲနှိုက်ရသည့် စနစ်မျိုးများကို တွေ့ရှိရသည့်အတွက် ပြည်သူများအနေဖြင့်  အချိန်ကုန် လူပန်းဖြစ်နေကြရပါကြောင်း၊  ထိုကဲ့သို့သော အခြေအနေမှလွတ်မြောက်ပြီး ပြည်သူများမှ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း