(ဇ)-သနပ်ပင်မြို့နယ်အတွင်း ဗဟိုကျသည့်ကျေးရွာများ တွင် GSM/CDMA (တာဝါတိုင်) စခန်းများအမြန်ဆုံး တည်ဆောက်ပေးပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၇.၇.၂၀၁၃)

ဦးစိန်ထွန်း (ထန်းတပင်)[သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးကိုယ်စား ဦးစိန်ထွန်း၊ ထန်းတပင်မဲဆန္ဒနယ်မှ မေးမြန်း ပါသည်။]

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်သည် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၆၆ အုပ်စု၊ ကျေးရွာပေါင်း ၁၀၀ ကျော်သော်လည်း သနပ်ပင်မြို့ပေါ်တွင်သာ တစ်ခုတည်းသော GSM စခန်းရှိသည့်အတွက် ယနေ့ရောင်းချပေးနေသော အဖိုးနည်း CDMA SIM Card များအား ရောင်းချ ဝယ်ယူနိုင်ခြင်းမရှိဘဲ မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်မှာရှိသော ကျေးရွာ ၅ ရွာမျှကိုသာ GSM Mobile Phone ဖြင့် ဆက်သွယ်အသုံးပြုနေရပါကြောင်း၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာ အားလုံး Mobile Phone များကောင်းမွန်စွာ ဆက်သွယ်အသုံးပြုနိုင်ရေးအတွက် သနပ်ပင်မြို့နယ် အတွင်းမှာရှိ ကျေးရွာပေါင်း ၁၀၀ ကျော်အတွင်းတွင် အချက်အချာကျသော မင်းရွာ၊ ကမာစဲကျေးရွာ၊ ကုလားချောင်းကြီးကျေးရွာ၊ ကုက္ကိုကျေးရွာနှင့် ကျိုက်မဲကျေးရွာတို့မှာ GSM/CDMA (တာဝါတိုင်) စခန်းများ အမြန်ဆုံး တိုးချဲ့တပ်ဆင်ပေးရန် လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ပါ၍ သနပ်ပင်မြို့နယ် အတွင်း အချက်အချာကျသော ကျေးရွာများမှာ GSM/CDMA နှင်‌့ VDMA တာဝါတိုင်စခန်းများ အမြန်ဆုံးတည်ဆောက်ပေးပါရန်နှင့် တည်ဆောက်ဖို့ အစီအစဉ်ရှိ/မရှိ။ အစီအစဉ်များအားလုံး ကိုလည်း သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း