[ ဖာပွန်မဲဆန္ဒနယ် ဦးစိုင်းသန်းနိုင် ကိုယ်စား ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် ဦးစောထွဋ်ခေါင်လွင် မှမေးမြန်းသည်။]
အထူးခရိုင်မြို့တစ်မြို့ဖြစ်သော ကရင်ပြည်နယ် ဖာပွန်မြို့နယ်သည် ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးပေါင်း ၃၄ ခုရှိပြီး ဘားအံမြို့မှ မိုင် ၁၀၀ ခန့် ကွာဝေးသော မော်တော်ကားလမ်း တစ်ခုတည်းကို အသုံးပြုကာ နေ့၊ ည ရာသီမရွေး သွားလာနိုင်ရန်အတွက် မြို့ပေါ်ရှိ တည်းခိုခန်း၊ တည်းခိုရိပ်သာ များလိုအပ်လျှက်ရှိပါကြောင်း၊ ထို့ပြင် ဖာပွန်မြို့သို့ အခါအားလျော်စွာ လာရောက်ကြသော အစိုးရအကြီးအကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများအတွက် ညအိပ်တည်းခိုနိုင်ရန် အခက်အခဲများစွာရှိနေသည့်အတွက် အိမ်ရှင်ဖြစ်သူ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများအတွက်လည်း ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်နေပါကြောင်း သို့ဖြစ်ပါ၍ ကရင်ပြည်နယ် ဖာပွန်မြို့တွင် အစိုးရတည်းခိုရိပ်သာ သို့မဟုတ် ဧည့်ရိပ်သာတစ်ခုဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင် ဆောက်လုပ်ပေးနိုင်မည် မရှိလျှင် အဘယ့်ကြောင့် ဆောက်လုပ်မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
