(င)-လွယ်ပန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း အတွက်ပေ(၆၀-၃၀) ကျောင်းဆောင်သစ် ဆောက် လုပ် ပေးရန်လိုအပ်နေသောရန်ပုံငွေကိုခွင့်ပြု ချထား ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၈.၇.၂၀၁၃)

နောင်ချိုမြို့နယ်၊ ရေတွင်းကြီးအုပ်စု လွယ်ပန်းကျေးရွာအခြေခံပညာ မူလတန်းကျောင်းသည် ပင်မကျောင်းဆောင်ဖြစ်သော လုံတာ အခြေခံပညာအထက်တန်းကျောင်းနဲ့ ၅ မိုင် ခန့်ကွာဝေးပြီး ယင်းကျောင်းသို့ ဆက်သွယ်ထားသော လမ်းမှာမြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလများတွင် တောင်ကျချောင်းရေများတိုက်စား မှုကြောင့် ကျောင်းသူကျောင်းသားများဟာ သွားလာရေးအတွက် အလွန်ခက်ခဲလျှက်ရသည့်အပြင် နောင်ချိုမြို့ နယ်နဲ့လည်း ၂၅ မိုင်ကွာဝေးပြီး ဝေးလံခေါင်သီကာ လူနေမှု ဆင်းရဲသော ရွာကလေးတစ်ရွာဖြစ်ပါကြောင်း၊ လက်ရှိ လွယ်ပန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းဟာ သွပ်မိုး၊ ထရံကာဖြင့်ဆောက်လုပ် ထားပြီး ဆောက်လုပ်သည့် ကာလမှာ ကြာမြင့်ပြီဖြစ်သည့်အတွက် ကျောင်းဆောင်မှာ ဆွေးမြေ့နေပြီး ကျောင်း ဆောင်၏ ဥပဓိရုပ်ကကောင်းမွန်ခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လွယ်ပန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် လိုအပ်လျက်ရှိသော ပေ(၆၀x၃၀) ကျောင်းဆောင်သစ် ဆောင်လုပ်ပေးရန် ရန်ပုံငွေချထားပေးရန် အစီအစဉ် ရှိ/မရှိ။ ရန်ပုံငွေခွင့်ပြုချက်ချပေးပါက မည်သည်‌့အချိန်ကာလတွင် ချပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ
ဖြေကြားသည့် ဝန်ကြီးဌာန