(ခ)-အမှတ်(၁၇)စက်မှုကုန်ကြမ်းဌာနမှရာဘာခြံ တို့ကိုမြန်မာနိုင်ငံသားပိုင်ဆိုင်မှုအမည်ခံထားသော မလေးရှားနိုင်ငံ ကိုယ်စားပြုထားသည့်ကုမ္ပဏီကြီး များနှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၄)

ဦးလှမောင် (ချောင်းဆုံ)စက်မှုဝန်ကြီးဌာန အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၂၇) စက်မှုကုန်ကြမ်း ဌာန ကြီးကြပ်မှု လက်အောက်ရှိ မွန်၊ ကရင်၊ ရခိုင်ပြည်နယ်များနှင့် တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရာဘာခြံ ၂၇ ခြံရှိ  ရာဘာခြံဧကပေါင်း ၃၃၀၀၀ ကျော်တို့အား အကျိုးတူပူးပေါင်းလုပ်ကိုင်နိုင်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာ ပူးပေါင်းလုပ်ကိုင်လိုသူဒေသခံ ရာဘာကုန်ထုတ်တစ်ပိုင်တစ်နိုင် လုပ်ငန်း ရှင်များနှင့် ဒေသခံကုမ္ပဏီငယ်လေးများတို့က စိတ်ပါဝင်စားဖြင့် လုပ်ကိုင်ခွင့်ရရှိရန် တင်ဒါတင်သွင်းခဲ့ကြပါကြောင်း၊ သို့သော်လည်း အထက်ဖော်ပြပါ ရာဘာခြံ ၁၇ ခြံတို့ အနက် ဧရိယာအကျယ်အဝန်းဆုံးဖြစ်ကြသော ခြံကြီး ၁၅ ခြံ (ခြံဧရိယာ၏ ၉၀ ရာခိုင်နှုန်းခန့်) တို့ကို  ဗီဒါးနားနှင့် (MCM) ကုမ္ပဏီတို့မှ လုပ်ပိုင်ခွင့် ရရှိကြပြီး ကျန်ရှိ သည့် ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ဒေသခံတစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များနှင့် ဒေသခံ ကုမ္ပဏီငယ်များရရှိခဲ့ကြပါကြောင်း။  

အထူးတင်ပြလိုသည်မှာ မြန်မာနိုင်ငံသား အမည်ခံထားသော နိုင်ငံခြားသား ပိုင်ဆိုင်သည့်  ကုမ္ပဏီများ ဝင်ရာဘာ ယှဉ်ပြိုင် တင်ဒါတင်သွင်းခဲ့ကြောင်းကိုလည်း သိရှိရပါသဖြင့် ၎င်းကိစ္စရပ်များ မှန်သည် မှားသည် တို့ကိုလည်း သက်ဆိုင်ရာမှ သက်ဆိုင်ရာဌာနအနေဖြင့် စိစစ်သုံးသပ်ရန် လိုအပ်မည်ဟု ယူဆပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဦးဆောင်သည့် တင်ဒါတင်သွင်းပွဲတွင် ကုမ္ပဏီပိုင်ရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များတို့၏ ရှေ့မှောက်တွင် တင်သွင်းထားသော တင်ဒါစာရင်းများကို ပွင့်လင်းမြင်သာစွာဖြင့် ဖွင်‌့ဖောက်စစ်ဆေးခဲ့ကြောင်း ကိုလည်း သိရှိရပါကြောင်း။

သို့သော်လည်း စက်မှုဝန်ကြီးဌာန၏ ရာဘာကုန်ထုတ် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် သတ်မှတ် ထားသောလုပ်ငန်း အမျိုးအစားများကို (က) ဆေးပြုလုပ်ငန်း (ခ) ထိန်းသိမ်းလုပ်ငန်း (ဂ) ပြန်စိုက်လုပ်ငန်း ဟူ၍ ၃ သတ်မှတ်ထားပြီး လုပ်ငန်းအားလုံးကို ကုမ္ပဏီနှစ်ခုမှ ကုမ္ပဏီ၏ အကျိုးအမြတ်ကို အဓိကမထားဘဲ စက်မှုဝန်ကြီးဌာ နရပိုင်ခွင့်ကိုသာ အံံ့သြလောက်အောင် ဦးစားပေး တင်ဒါတင်သွင်းခဲ့ကြောင်း တွေ့ရှိရရာ ယင်းအချက်များ ကိုပြန်လည်သုံးသပ်ရပါက ပထမလုပ်ငန်းတွင် ကြမ်းခင်း ၅၀ အချိုး ၅၀ အပေါ်မှာ ၈၀ အချိုး၂၀ ပေးထားခြင်း ဒုတိယလုပ်ငန်းတွင် ကြမ်းခင်း ၄၀၊ ၆၀ အစား ၇၀၊ ၃၀ နှင့် တတိယလုပ်ငန်းတွင်ကြမ်းခင်း ၃၀၊ ၇၀ အစား ၆၀၊ ၄၀ ပေးထားသည်မှာ သံသယဖြစ်ဖွယ် ကောင်းပြီး ပါးနပ်စွာ တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

ဤကဲ့သို့ ဖြစ်ရသည့် အကြောင်းရင်းကို သိရှိလိုပါသဖြင့် စက်မှုဝန်ကြီးဌာန တင်ဒါဖွင်‌့ဖောက်သော တာဝန်ရှိသူ အားမေးမြန်းခဲ့ရာ တင်ဒါတင်သွင်းသူ ကုမ္ပဏီတာဝန်ခံမှ ၎င်းတို့သည် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကုမ္ပဏီများ ဖွင့်လှစ်ထားပြီး ယခုတင်ဒါတင်သွင်းထားသော ရာဘာလုပ်ငန်းကို လုပ်ကိုင်ရန်အတွက် မလေးရှားကုမ္ပဏီနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ မလေးရှားကုမ္ပဏီမှ နည်းပညာများဖြင့် လုပ်ကိုင်ပြီး ထုတ်လုပ်မှု နည်းစနစ်ကွာခြားခြင်းနှင့် လုပ်စားစရိတ်သက်သာမှုတို့ကြောင့် စက်မှုဝန်ကြီးဌာနမှ မူလသတ်မှတ်ထားသာ အကြမ်းခင်းနှုန်းဖြစ်သည့် ၅၀ အချိုး ၅၀၊ ၄၀ အချိုး ၆၀၊ ၃၀ အချိုး ၇၀ အစား ၈၀ အချိုး ၂၀၊ ၇၀ အချိုး ၃၀၊ ၆၀ အချိုး ၄၀ အချိုးအတိုင်း ပေးဆောင်ရန် သက်ဆိုင်ရာအကြီးအကဲမှ ညွှန်ကြားထားကြောင်း သိရှိရပါကြောင်း။

မိမိအနေဖြင့် တင်ပြလိုသည်မှာ ကုမ္ပဏီတာဝန်ခံ၏ တင်ပြချက်များကို သုံးသပ်မည်ဆိုပါက အဆိုပါ ရာဘာ အကျိုးတူးပူးပေါင်းလုပ်ကိုင်ရေး လုပ်ငန်းတွင် ကုမ္ပဏီဘက်မှ တင်ပြထားသော တင်ဒါဈေးနှုန်းများမှာ ၎င်းတို့ရပိုင်ခွင့်ရရှိရေးကို လျော့ပေါ့စဉ်းစားပြီးအနစ်နာခံထား၍ စက်မှုဝန်ကြီးဌာနတွင် အကျိုးခံစားခွင့် ပိုမိုရရှိအောင် ကြမ်းခင်းဈေးနှုန်းကို ပြုပြင်ပြီးသတ်မှတ်ခံစားခွင့် ပေးထားခြင်းသည် မှန်ကန်သော စေတနာ၊ ရိုးသားသည့် သဘော ဖြစ်သည်/ မဖြစ်သည်ကို လေးနက်စွာ စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီပိုင်ရှင်များ တို့သည် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခဲ့ရသော ရာဘာကုန်ထုတ် လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိရေး အတွက် incentiveသဘောဖြင့် မက်လုံးပေးထားခြင်းမျှသာ ဖြစ်သည် ဟုခန့်မှန်းနိုင်ပါကြောင်း။

မြန်မာနိုင်ငံသားအမည်ခံ ပြည်ပနိုင်ငံခြားသားပိုင်သော ကုမ္ပဏီများအနေဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီး ရှိ ရာဘာကုန်ထုတ်လုပ်ငန်းကို လုပ်ပိုင်ခွင့်ရရှိပါက ၎င်းတို့လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရာတွင် လို အပ်မည့် ဝန်ထမ်း၊ အလုပ်သမားများကို ပြည်ပမလေးရှားနိုင်ငံ သို့မဟုတ် ၎င်းနိုင်ငံနှင့် လူမျိုးဘာသာ၊ ယဉ်ကျေးမှုဆက်သွယ်သော နိုင်ငံများမှ လူမျိုးကွဲ၊ ဘာသာကွဲ၊ ယဉ်ကျေးမှုကွဲပြားသော လုပ်သားတို့ကို အလုပ် လုပ်ရန် ခေါ်ယူကြမည်ဖြစ်ပြီး မိမိတို့နိုင်ငံအတွင်းသို့ အဆိုပါလုပ်သားများ အစုလိုက်၊ အပြုံလိုက် ဝင်ရောက်လာပြီး အနည်းဆုံး နှစ်ပေါင်း ၃၀ ခန့် တရားဝင်ခြေကုတ် နေထိုင်ကြမည်ဖြစ်ပါကြောင်း၊ ထိုကာလများအတွင်း လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မတူညီမှုကြောင့် ပေါ်ပေါက်လာမည့်ပြဿနာများ၊ ၎င်း ပြဿနာကို အခြေခံ၍ နိုင်ငံရေးရာ များတွင် ထိပါးမှု၊ ရှုပ်ထွေးမှု၊ အန္တရာယ်ပြုလာမည့် အရေးကိစ္စ၊ ၎င်းအရေးကိစ္စကြောင့် နယ်မြေပိုင်နက်စိုးမိုးမှုတို့ကိုပါ ပတ်သက် ဆက်နွယ်လာနိုင်မည့်အရေးဟူသမျှတို့အတွက် ပေးဆပ်ရမည့် တန်ဖိုးများတို့သည် တန်ဖိုးကြီး မားသော ပေးဆပ်မှုများဖြစ်ပါကြောင်း တင်ပြလိုပါသည်။

၎င်းအရေးကို ကြိုတင်ကာကွယ်ထားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ ဤသို့ တင်ပြနေခြင်းမှာ လူမျိုးဘာသာ၊ ယဉ်ကျေးမှုအစွဲများကြောင့် မဟုတ်ပါကြောင်း၊ လူပေါင်းစုံတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် လိုအပ်သော်လည်း ရေရှည်ကာလတွင် လူမျိုးရေး၊ ဘာသာရေး အခက်အခဲ အရှုပ်အရှင်းမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာမှ စိတ်ပျိုးရေးပညာများကို လေ့လာတတ်မြောက်ပြီး ရာဘာလုပ်ငန်းကို လုပ်ကိုင် နေသူများလည်းရှိကြပါကြောင်း၊ အဆိုပါ ရာဘာခြံများကို ပြည်ပ ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခြင်းထက် ဒေသခံတစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပြုသင့်ပါကြောင်း၊ အဆိုပါ ကုမ္ပဏီအား လုပ်ငန်းလုပ်ပိုင်ခွင့် ပြုမည်ဆိုပါက ၎င်းနှင့် ဆက်စပ်ပြီး လူမျိုးရေး၊ လုံခြုံရေး၊ နိုင်ငံရေးရာ များတွင်လည်း ပြဿနာကြီးငယ်များ အကျိုးဆက်များ အလွဲမသေတွေ့ကြုံခံစားရမည် ဟုယူဆပါကြောင်း၊ မိမိတို့ဒေသခံများအား သင့်တင့်လျောက်ပတ်သည့် နည်းနှင့် လုပ်ကိုင်ခွင့်ပြုမည် ဆိုပါက ပြည်တွင်း အကျိုးအမြတ် ပြည်တွင်းမှာ သာခံစားရမည်ဖြစ်ပြီး ဒေသတွင်ပုဂ္ဂိုလ်များ ရပ်သူရွာသားများ အကျိုးခံစားရမည် ဖြစ်ကြောင်း။

ထို့ပြင် ဒေသခံရာဘာလုပ်ငန်းရှင်များအား  အဆိုပါရာဘာကုန်ထုတ်လုပ်ငန်းကို  တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခွင့်ပေးအပ်မည် ဆိုပါက ဒေသခံများတို့သည် ပြည်ပသို့ရောက်ရှိနေသော မိမိတို့၏ ဆွေမျိုးသားခြင်းတို့ကို မိခင်ကျေးလက်ဒေသသို့ အပြီးအပိုင်ခေါ်ယူကြမည်ဖြစ်ပြီး မိခင်ဒေသတွင် အခြေချလုပ်ကိုင်ကြမည်ဖြစ်ပါသဖြင့် လူ့အရင်းအမြစ်ဆုံးရှုံးသော အန္တာရာယ်မှ အထိုက်အလျောက် လွတ်ကင်းသွားနိုင်မည် ဖြစ်ပါကြောင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု ပြည့်ဝနေသော ဒေသခံလုပ်သား ကောင်းများမှာလည်း ပြန်လည်ရောက်ရှိလာ မည်ဖြစ်သည့် အလျောက် နိုင်ငံတော်အတွက် တန်ဖိုးကြီး သော ခွန်အားများလည်း ရရှိလာမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ အထက်တင်ပြပါ အကြောင်းအရာ များနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း၏ အမှတ် (၂၇) ကုန်ကြမ်းဌာနကြီးကြပ်မှု အောက်ရှိ ရာဘာခြံများကို မြန်မာနိုင်ငံသား အမည်ခံ ထားသော နိုင်ငံခြားသား ပိုင်ဆိုင်သည့်ကုမ္ပဏီတို့အား လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည့်အစား လယ်မြေ အသီးသီးရှိ ဒေသခံတစ်ပိုင်တစ်နိုင် ရာဘာစိုက်ပျိုးကုန်ထုတ်လုပ်ငန်းရှင်များတို့အား သင့်တော်မည့် အချိုးအတိုင်း မျှတစွာခွဲဝေ၍ ဦးစားပေးလုပ်ကိုင်ခွင့်  ပြုနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလို ပါကြောင်း။

(၁)      အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၂၇) စက်မှုကုန်ကြမ်းကြီးကြပ်မှုအောက်ရှိ ရာဘာခြံများ ကို မြန်မာနိုင်ငံသားပိုင်ဆိုင်မှု အမည်ခံထားသော  မလေးရှားနိုင်ငံကိုယ်စားပြုထားသည့် ကုမ္ပဏီကြီးများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်ခွင့်ပြုမည်ဆိုပါက တင်ဒါစည်းကမ်းနှင့်လည်း ကိုက်ညီမှု မရှိဟု ယူဆနိုင်ပါသဖြင့် ၎င်းတို့အားခွင့်ပြုမည့်အစား နယ်မြေအသီးသီးရှိတစ်ပိုင်တစ်နိုင် ရာဘာလုပ်ငန်း ရာဘာစိုက်ပျိုးကုန် ထုတ် ဒေသခံလုပ်ငန်းရှင်များတို့အား လုပ်ငန်းပိုင်ခွင့်များတို့ကို သင့်တင့်မျှတစွာခွဲဝေပေးပြီး နှစ်ဦးနှစ်ဖက် သဘောတူသော အချိုးအတိုင်း အကျိုးတူဆောင်ရွက်ခွင့် ပြုနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။

(၂)      မြန်မာနိုင်ငံသားပိုင်ဆိုင်ဟု အမည်ခံထားသော မလေးရှားနိုင်ငံကိုယ်စားပြု ကုမ္ပဏီကြီးများ အားဖော်ပြပါ စက်မှုလုပ်ငန်း ကုန်ကြမ်း ရာဘာထုတ်လုပ်ရေးလုပ်ငန်းကို နှစ်ရှည်စီမံကိန်းဖြင့် လုပ်ကိုင်ခွင့်ပြုပါက ရေရှည်တွင် တင်ပြပါ လူမျိုးကွဲ၊ ဘာသာကွဲ၊  ယဉ်ကျေးမှုကွဲပြားသော ပြည်ပလုပ်သားများတို့၏ စိုးမိုးထိပါးမှုအန္တာရာယ် အသီးသီးတို့ ပေါ်ပေါက်လာပါက ၎င်းအန္တရာယ်မှ ကင်းလွတ်အောင် မည်ကဲ့သို့ ကြိုတင်ကာကွယ် ပေးနိုင်ပါမည်နည်း။

(၃)      စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုကုန်ကြမ်း ရာဘာကုန်ထုတ်လုပ်ရေး လုပ်ငန်းကို မြန်မာနိုင်ငံသား ပိုင်ဆိုင်မှု အမည်ခံထားသော မလေးရှားနိုင်ငံ ကိုယ်စားပြုထားသည့် ကုမ္ပဏီအား နှစ်ဖက်သဘောတူ အချိုးဖြင့်အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခြင်းအစား မြန်မာနိုင်ငံနယ်မြေအသီးသီးရှိ ဒေသခံတစ်ပိုင်တစ်နိုင် ရာဘာစိုက်ပျိုး ကုန်ထုတ်လုပ်ငန်းရှင်များအား နှစ်ဖက်သဘောတူထားသော အချိုးဖြင့်အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်ဆိုပါက မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံဒေသခံ တိုင်းရင်းသား လူမျိုးများအတွက် ပိုမိုအကျိုးသက်ရောက်မှု ရှိမည်ဟု စက်မှုဝန်ကြီးဌာနအနေနှင့် ယူဆပါသလား။ ယူဆမည်ဆိုပါက ယူဆချက်အတိုင်း လုပ်ငန်း အကောင်အထည်ဖော်ပါမည်လား။ မယူဆပါက အဘယ်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အဖြေ

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးအောင်မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်၍ ခိုင်းနွား၊ ခိုင်းကျွဲများ မရှိမဖြစ်လိုအပ်ခြင်းနှင့် ပြည်တွင်းအသားဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက်ကို စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်စွဲပါ စာအမှတ်၁၀/၉၉ဖြင့်လည်းကောင်း၊ ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ ကျင်းပပြု လုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် ၃၀/၀၈ ဆုံးဖြတ်ချက်အရ လည်းကောင်း ဆင်စွယ်၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များကို ခွင့်ပြုချက် မပြုဘဲ ပြည်ပသို့ တင်ပို့ခြင်းကိုကန့်သတ်ထားရှိရာ ယနေ့တိုင်ပဲဖြစ်ပါကြောင်း လယ်ယာစိုက်ပျိုးရေးအတွက် တိုင်းဒေသ ကြီးနဲ့ ပြည်နယ်များမှာ မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ကျွဲ၊ နွားနှင့် ဆိတ်များကို သယ်ယူပို့ ဆောင်ခြင်းများ ကို တောင်ယာ/လယ်ယာလုပ်ငန်းခွင်များမှာ အသုံးပြုကြောင်း သက်ဆိုင်ရာ မြန်မာ နိုင် ငံရဲ တပ်ဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ‌ထောက်ခံချက်များနှင့်အတူ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများက ခွင့်ပြုချက်ထုတ်ပေးပြီး သယ်ယူပို့ဆောင်ခြင်းကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊  

          တိုင်းဒေကြီးနှင့်ပြည်နယ်များအတွင်း စည်ပင်သာယာရေးအဖွဲ့ များဥပဒေပုဒ်မ ၉ ၊ ပုဒ်မခွဲ(ဇ) အရ မြို့နယ်များမှ ကတိရစ္ဆာန်ပွဲဈေးများ တည်ထောင်ခွင့်ပြုခြင်း၊ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်များရှိ စည်ပင် သာယာရေးအဖွဲ့ပိုင် ကျွဲ၊ နွားပွဲဈေးများတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ နယ်‌မြေ ရဲစခန်း၊ ရဲကင်းများ၏ ပိုင်ဆိုင်မှုမှန်ကန်ကြောင်း ထောက်ခံချက်ပါရှိတင်ပြမှသာ လာရောက်ရောင်း ချခွင့်ပြုပြီး အထောက်အထား ခိုင်လုံမှုမရှိပါက တာဝန်ကျရဲတပ်ဖွဲ့ထံ သတင်းပေးပို့ စိစစ်ဖော်ထုတ် အရေးယူလျက်ရှိပါကြောင်၊ ကျွဲ၊ နွားပွဲဈေးများမှာ အရောင်းအဝယ် ဖြစ် သွားသော ကျွဲ၊ နွား၊ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း၌သာ သယ်ဆောင်ခွင့်ပြုခြင်း၊ မြို့နယ်/ ခရိုင်ကျော် သယ်ဆောင်မှုများကို သက်ဆိုင်ရာ အစိုးရအဖွဲ့တို့မှ စနစ်တကျစိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ စားသုံးမှု၊ ဖူလုံမှုရှိပါက နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်သော်လည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာနမှ  ကျွဲ၊ နွား အရှင်များကို ပြည်ပသို့တင်ပို့ခွင့်မပြုခြင်း၊   သိုး၊ ဆိတ်အရှင်များကို နယ်စပ်မှတင်ပို့ခွင့်မပြုဘဲ ပင်လယ်ရေ ကြောင်းစနစ်ဖြင့်သာ တင်ပို့ခွင့်ပြုခြင်း၊  ဝက်အရှင်ကို အိန္ဒိယသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခွင့်ပြုခြင်းတို့ကိုဆောင်ရွက် လျက်ရှိပါကြောင်း၊ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းများ ကို ပြည်ပသို့တင်ပို့ ရောင်းချလိုသူများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပို့ခွင့်လျှောက်ထားရမည်ဖြစ်ကာ ယင်းဝန်ကြီးဌာနက ခွင့်ပြုသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာကြောင်းထောက်ခံချက်နှင့် တစ်ဖက်နိုင်ငံကုမ္ပဏီ၏ အရောင်းအဝယ်ပြုလုပ် ချုပ်ဆိုသော စာချုပ်မိတ္တူတို့ကိုတင်ပြရန်လိုအပ်ပါကြောင်း၊  နိုင်ငံတော်သမ္မတရုံးမှ အေးခဲအမဲသားများ တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှုနှင့် စားသုံးမှုဖူလုံရေးကို ထိ ခိုက်စေနိုြင်ခင်းကြောင့် နိုင်ငံအတွင်း ကျွဲ၊ နွားများ ဖူလုံစွာမွေးမြူနိုင်ပြီးမှသာ တရားဝင် တင်ပို့မှုကို စိစစ်ခွင့်ပြုရန်နှင့် ထိရောက်စွာ တားမြစ်ဆောင်ရွက်ရန် လမ်းညွှန်ထားရှိပြီးဖြစ်ပါကြောင်း၊

ထို့ကြောင့် အေးခဲအမဲသားအပါအဝင် တရားမဝင် ကုန်ပစ္စည်းများ၊ ကျွဲ၊ နွား မှောင်ခို သယ်ဆောင်မှုများ မရှိစေရေးအတွက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ အစီအစဉ်များဖြင့် တာဝန်ရှိ အဖွဲ့အစည်းများပါဝင်သော Mobile Team များ ဖွဲ့စည်းပြီး တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးတားဆီး ထိန်းချုပ်ခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ Mobile Team များထုတ်နုတ်အင်အားဖြင့် စခန်းပတ်ဝန်းကျင် လက်လှမ်းမီသောနေရာများမှ တရားမဝင်ကုန်သွယ်မှုများကို တားဆီးဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  

ယခုအခြေအနေတွင် စီးပွားဖြစ် မွေးမြူ/ထုတ်လုပ်/တင်ပို့လိုသော အချို့လုပ်ငန်းရှင်များက အေးခဲအမဲ သားဈေး ကွက်ပြန်လည်ရရှိရေးနှင့် တရားဝင်တင်ပို့ခွင့်ပြုနိုင်ရေးအတွက်ကို တင်ပြလာမှုများအရ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ မိမိနိုင်ငံအတွက် အေးခဲအမဲသားများကို Transit Trade စနစ်ဖြင့် တင်ပို့မည့် အေးခဲ အမဲသားများကို တရုတ်ဈေးကွက်သို့ တင်ပို့ခွင့် ရရှိရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှုဌာန အာဏာပိုင်အဖွဲ့တို့၏ ဒုတိယညွှန်ကြားရေး မှူးချုပ် တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖြစ်ပါကြောင်း၊။ ဒီလိုဆွေးနွေးညှိနှိုင်းချက်အရ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီးမှ အသိအမှတ်ပြုလက်မှတ်ရရှိပါက တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးရန် တရုတ်နိုင်ငံဖက်သို့ လျှောက်ထားရမည်ဖြစ်ပါကြောင်းနှင့် တရုတ်နိုင်ငံသည်လည်း လက်ခံစဉ်းစားပေးသွားမည်ဖြစ်ပါကြောင်း၊ တတိယနိုင်ငံတစ်ခုမှ အသားထွက် ကုန်ပစ္စည်း များကို မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ Transit Trade စနစ်ဖြင့် တင်သွင်းသည့် ကိစ္စရပ်များမှ လည်း အထက်တွင ်ဖော်ပြထား ခဲ့သည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ပြည်တွင်းကမွေးမြူ၊ ထုတ်လုပ်၊ ပိုလျှံအခြေအနေကို သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများက စိစစ်ချက်၊ သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီက အသားထုတ်လုပ်မှု လိုင်စင် စိစစ်ထောက်ခံမှုပေါ်မူတည်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မွေးမြူထုတ်လုပ်တင်ပို့လိုသော လုပ်ငန်းရှင် များကို အေးခဲအမဲသား အပါအဝင် တိရစ္ဆာန်ထွက်ပစ္စည်းများ တရုတ်ဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရေးအတွက် ဆက်လက် တင်ပြ ဆောင်ရွက်ပေး သွားမှာဖြစ်ပါ ကြောင်း၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် ကျွဲ၊ နွား၊ ဆိတ်တို့ကို သယ်ယူတင်ပို့ခွင့်နှင့်ပတ်သက် ၍ ပြည်တွင်းလိုအပ်ချက်အရ  ကျွဲ၊ နွားအရှင် တင်ပို့ခွင့်ကိုကန့်သတ်ထားဆဲဖြစ်ပါကြောင်းနှင့် အေးခဲအမဲသားနှင့် အခြားတိရစ္ဆာန် ထွက်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့လိုသော လုပ်ငန်းရှင်များ အတွက် ပြည်တွင်း ထုတ်လုပ်မှု၊ ပိုလျှံမှု မှန်ကန်ကြောင်းစိစစ်ထောက်ခံချက်ပါရှိပါက တရားဝင်တင်ပို့နိုင်ရေးအတွက်ရန် အထက်ပါ အတိုင်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေပါကြောင်းနှင့် ကန့်သတ်ထား ကျွဲ၊ နွား၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များမှအပ ဆိတ်အရှင်၊ အခြားတိရစ္ဆာန် ထွက်ပစ္စည်းများကို ထိုင်း၊ မလေးရှားစသော အခြားနိုင်ငံဈေးကွက် များသို့ တင်ပို့လိုသော လုပ်ငန်းရှင်များအနေဖြင့် လည်း မွေးမြူရေး၊ ရေ လုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် တင်ပို့ခွင့် လိုင်စင်များခွင့်ပြုပေးလျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်။