ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အင်္ဂပူ- ဘဲပြားလမ်းဟာ ရာသီမရွေးသွားလာနိုင်ရန် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား၊ ဒုတိယ ဝန်ကြီးမှ ဖြေကြားရာတွင် အင်္ဂပူ- ဘဲပြားလမ်းတစ်လျှောက် သစ်သားတံတားကြီး၊ တံတားငယ် ၁၅ စင်းရှိပြီး နှစ်ကာလကြာမြင့်သောကြောင့် ပျက်စီးချို့ယွင်းမှုများ ရှိနေပါသဖြင့် ရာသီမရွေး သွားလာနိုင်ရန်ဆောင်ရွက်မည် ဆိုပါက ခန့်မှန်းကုန်ကျ ငွေများပြား သဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး နှစ်အလိုက် အစီအမံဖြင့်ဆောင်ရွက်မည်ဖြစ်သည်ဟု စာဖြင့် ဖြေကြားခဲ့ပါကြောင်း၊ အင်္ဂပူမြို့နယ်ပြည်သူများကလည်း အင်္ဂပူ- ဘဲပြားလမ်းအတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေစောင့်မျှော်ပြီး ဆောင်ရွက်ပေးနိုင်မှုကို မျှော်လင့်နေပါသော်လည်း ရန်ပုံငွေမပါရှိပါသဖြင့် ယခုလာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် သစ်သားတံတားကြီး၊ တံတားငယ် တည်ဆောက်ခြင်းလုပ်ငန်းကို ရန်ပုံငွေ တင်ပြဆောင်ရွက်ပေးနိုင်မှုရှိ/ မရှိ မေးမြန်းပါသည်။
