(ဈ)-နားရိုင်းပြည်သူ့စစ်ဌာနေအဖွဲ့ဒေသတွင်းရှိ ကျေး ရွာများကို နိုင်ငံတော်မှ လျှပ်စစ်မီး သွယ်တန်း ဖြန့်ဖြူးပေးနိုင်ရန် နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၇.၂၀၁၃)

ဦးဌေးလွင် (နမ့်စန်) ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ဌာနေအဖွဲ့ဒေသ တွင်းရှိ ကျေးရွာများသည် ယနေ့အချိန် ထိ လျှပ်စစ်မီးမရရှိသေးသည့် အတွက် ကျေးရွာသူကျေးရွာသားများသည် ဗဟုသုတနည်းပါပြီး ကျေးလက် နှင့် မြို့ပြ တိုးတက်မှု သည်လည်း များစွာကွာဟလျက် ရှိနေ ပါကြောင်း၊ နားရိုင်းပြည်သူ့စစ် ဌာနေ အဖွဲ့မှကျေးရွာပေါင်း ၁၉ ရွာကျော်ကို အကျိုးပြုမည့် နမ့်စန်-လွယ်ဆိုင်း-နားရိုင်း ၁၉.၅ မိုင် လမ်းဖောက်လုပ်ခြင်း၊ ကျောက်ကြမ်းများ ခင်းခြင်း၊ ကွန်ကရစ် ရေပြွန်များတည်ဆောက်ခြင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်းများကို ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် တည်ဆောက် ခဲ့သောကြောင့် ငွေကြေးမြောက်များစွာ ကုန်ကျခဲ့ရာ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရန် အခက်အခဲများစွာ ရှိနေသောကြောင့် နိုင်ငံတော်ကို တင်ပြအကူအညီတောင်း ခံရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းဖြန့်ဖြူးပေးမည် ဆိုပါက အဆိုပါဒေသတွင် စက်ရုံ၊ အလုပ်ရုံငယ်များပေါ်ပေါက်လာပြီး အလုပ်လက်မဲ့ ပြဿနာနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို များစွာအထောက်အကူဖြစ်လာနိုင်ပါသောကြောင့် နားရိုင်းဒေသ ပြည်သူ့စစ်ဌာနေဒေသအတွင်းရှိ ကျေးရွာများကို နိုင်ငံတော် အစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်း ဖြန့်ဖြူးပေးရန်အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိခဲ့ပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး