(ဃ)-ဘဏ်အပ်ငွေအတိုးနှုန်းများနှင့်နိုင်ငံတော်ချေးငွေ ရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင် ရွက်နေသော ကုမ္ပဏီကြီးများ အတွက် (၈)ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၄.၇.၂၀၁၃)

သူရဦးအောင်ကို (ကန်ပက်လက်) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းသည် ၁၀ ရာခိုင်နှုန်း၊ အပ်ငွေပေါ်တွင် အတိုးနှုန်း ၈ ရာခိုင်နှုန်းနှင့် ချေးငွေပေါ်တွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြစ်သော်လည်း အခြားသော အာဆီယံနိုင်ငံများ၏ အပ်ငွေနှင့် ချေးငွေအပေါ် အတိုးနှုန်း ကွာခြားချက်သည် ရာခိုင်နှုန်း လွန်စွာ နည်းပါးသည်ကို လေ့လာ သိရှိ ရပါကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ်တိုးနှုန်း မြင့်မားခဲ့သဖြင့့်် အိမ်နီးချင်းနိုင်ငံများမှ လုပ်ငန်းရှင်များသည် ၎င်းတို့ နိုင်ငံဘဏ်များမှ ငွေများချေးယူကာ မြန်မာနိုင်ငံ ဘဏ်များသို့ အပ်နှံပြီး ဘဏ်တိုးနှုန်းမှ အမြတ် အစွန်းရယူ ဈေးကစားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဘဏ်အပ်ငွေတိုးနှုန်း ပေါ်တွင် အမြတ် ထုတ်နိုင်ခြင်း၊ မြန်မာနိုင်ငံ သို့ လာရောက် ရင်းနှီး မြှုပ်နှံသည့်အခါ ကာလရှည် အခွန်ကင်းလွတ်ခွင့် ရရှိနိုင်ခြင်း၊ ၎င်းတို့၏ ထုတ်ကုန်များမှာ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ခြင်းစသော အားသာချက် များကြောင့် ရေရှည် တွင် မြန်မာနိုင်ငံသားပိုင် စက်မှုကုန်ထုတ်လုပ်ငန်းများ ပြိုလဲသွားနိုင်ကြောင်း၊ ထို့ကြောင့် ဘဏ်အပ်ငွေ အတိုးနှုန်းကို ၈ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းထိ (သို့) သိသာခြားနားသော နှုန်းတစ်ခုအထိ လျှော့ချရန် ဗဟိုဘဏ်က ညှိနှိုင်းစီမံနေသည်ဟု သတင်းများထွက်ပေါ်နေပြီးှ နိုင်ငံသားလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်နိုင်ရန်  အတိုးနှုန်းများ လျှော့ချခြင်းသည် သင်‌့လျော်သော ဆောင်ရွက်ချက် ဖြစ်ပါကြောင်း၊ ယခုမြန်မာနိုင်ငံတွင်  အပ်ငွေအပေါ် ဘဏ်တိုးနှုန်းစံစားသူများထဲမှ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများနှင့် လူလတ်တန်းစားတိုင်းရင်းသားများ အများစုသည် ဘဏ်အပ်ငွေ အပေါ်တွင်ရှိသော အတိုးနှုန်းဖြင့် ရပ်တည်နေကြသော သူများဖြစ်သည့်အတွက် ၎င်းတို့၏ အကျိုးစီးပွားအလို့ငှာ အပ်ငွေပေါ် အတိုးနှုန်းကို  ဖော်ပြပါ အတိုင်း သတ်မှတ်သင်‌့ကြောင်း၊ အပ်ငွေ ကျပ်သိန်း ၅၀၀ အထိ စုဆောင်းအပ်နှံသူများကို ဘဏ်တိုးနှုန်း ၈ ရာခိုင်နှုန်း၊   ကျပ်သိန်း ၁၀၀၀ ထိကို ဘဏ်တိုးနှုန်း ၆ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀နှင့် အထက်ကို  ၄ ရာခိုင်နှုန်း၊ ဘဏ်ချေးငွေအပေါ် အတိုးပေးဆပ်ရမည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများတွင် တောင်တန်းနယ်စပ်ဒေသနှင့် ပြည်နယ်များ တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော တိုင်းရင်းသားလုပ်ငန်းရှင်များ၊ ကုမ္ပဏီငယ်များကို အတိုးနှုန်း ၆ ရာခိုင်နှုန်း၊ နိုင်ငံတော်ချေးငွေရယူပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစွာ ဆောင် ရွက်နိုင်သော ကုမ္ပဏီကြီးများကို အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ပြည်သူလူထုက အကြံပြုတင်ပြကြရာ အကယ်၍ ဘဏ်တိုးနှုန်းများ  ပြင်ဆင်ရန်ရှိခဲ့ပါက ပြည်သူလူထု၏ လိုလားချက်နှင့် အညီ ဖော်ဆောင်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်