ဦးမောင်ညို(စစ်တွေ)
ဒေသခံ ရခိုင်တိုင်းရင်းသားများသည် မိမိ ဒေသနှင့် မိမိဘာသာသာသနာတော်ကို သမိုင်းနှင့်ချီ၍ စောင့်ရှောက် လာခဲ့ရာ ဘင်္ဂါလီများနှင့် အနီးကပ်နေ ထိုင်သောကြောင့် ၎င်းတို့၏ စာရိတ္တအခြေအနေအရပ်ရပ်တို့ကို တစ်ခြား တိုင်းရင်းသားများထက် ပို၍သိမြင်ပါသော်လည်း လက်တွေ့တွင် ကာကွယ်ရန် လက်နက်အင်အားမရှိသဖြင့် ဗီဇ၊ လက်ရုံးဇ ဖြင့် ကာကွယ် စောင့်ရှောက် ခဲ့ပါကြောင်း၊ သို့သော် ဘင်္ဂါလီများ၏ မွေးဖွားမှုအင်အားများနေသောကြောင့် လူအင်အားဖြင့် ခြိမ်းခြောက်ခြင်း ကိုလည်း ခံနေရပါကြောင်း၊ စစ်တွေ နှင့် ရခိုင်ပြည်နယ်၏ လုံခြုံရေးသည်လည်း နတ္ထိဘဝရောက်နေပါကြောင်း၊ ရခိုင်အများစု ပါဝင်သော တပ်ရင်း ၃၁ မောင်းတောတွင် တာဝန်ကျနေစဉ် ဘင်္ဂါလီ် တချို့သည် ငွေထုပ်ဖြင့် ပစ်ပေါက်၍ ၎င်းတပ်ကို ပြောင်းရွှေ့ရန်ခိုင်းခဲ့သည့်အတွက် သံဖြူဇရပ်နှင့် သံတွဲမြို့များ သို့ပြောင်းရွှေ့ခဲ့ရာ မူဂျာဟစ် လက်နက်ကိုင်သူပုန် များသည် မောင်းတော၊ ဘူးသီးတောင်၊ ရခိုင်ကျေးရွာများသို့ ဝင်ရောက် မီးရှို့ဖျက်ဆီး၍ ကျောင်း၊ ကန်၊ ဘုရားများပျက်စီးကာ ရွာပေါင်း ၃ ရွာ အရှေ့ဘက်သို့ တိမ်းရှောင်ခဲ့ရပါကြောင်း၊ သို့သော် ရခိုင်လက်နက်ကိုင်အင်အားနှင့် တပ်မတော်သားများ ပြန်လည် တိုက်ထုတ်မှုကြောင့် မူဂျာဟစ် ခေါင်းဆောင် ပါကစ္စတန်နိုင်ငံသို့ ထွက်ပြေးသွားပါကြောင်း၊ ယခု လက်ရှိ ၅၇ နိုင်ငံ ကွာရှင်တွင် မြန်မာနိုင်ငံကို ၅၈ နိုင်ငံဖြစ်ရန် ကြိုးစားနေသည်ကိုတွေ့ရှိရခြင်း၊ ဘင်္ဂါလီများသည် ငြိမ်းချမ်းစွာ အတူလက်တွဲနေရေး ကြွေးကြော်ပြီး ဖွဲ့စည်းရေးများဆောင်လာပါခြင်း၊ နိုင်ငံတော်အလံကို ဘာသာရေးအရဆိုကာ အလေးမပြုခြင်း၊ မြန်မာများကို ဘာသာရေး အရ မုန်းတီးခြင်း၊ ကုလသမဂ္ဂကိုယ်စားလှယ်မှလည်း တစ်ဖက်သတ် ဘင်္ဂါလီများကိုစုံစမ်းပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်စွက်ခဲ့ခြင်းတို့ကြောင့် ရခိုင်တပ်မတော်တစ်ခု မဖွဲ့သရွေ့ ဘင်္ဂါလီများတည်ငြိမ်အေးချမ်းမှုမရှိနိုင်ကြောင်း၊ ပြည်တွင်းတွင် တည်ဆဲဥပဒေ ၁၉၈၂ ခုနှစ်အရ စိစစ်၍ ဥပဒေအတိုင်းသာ ဆောင်ရွက်သင့်ပြီး တရားမဲ့စွာဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်နေသော နိုင်ငံများကို အလေးဂရုမပြုသင့်ဘဲ ၎င်းတို့ကိုလွှတ်တော်မှ သတ်မှတ်ခဲ့သည့် အစ္စလာန်ဘာသာကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးဟုသာ သတ်မှတ်သင့်ပါကြောင်း၊ ပွင့်လင်းမြင်သာသော ရခိုင်တပ်မတော် ကာကွယ်ရေးတပ်တစ်ခု ဖွဲ့စည်းပါမှ တည်ငြိမ်သွားမည်ဖြစ်ရာ ဒီမိုကရေစီနှင့် အညီ ပြည်ထောင်စုတပ်မတော်တစ်ခု ဖြစ်မည်ဟု မျှော်လင့်မိသည့်အတွက် ရခိုင်ပြည်နယ် အနောက်တံခါး လုံခြုံရေးအတွက် ရခိုင်တပ်မတော်တစ်ခု ဖွဲ့စည်းရန်အစီအစဉ်ရှိ/မရှိနှင့်ရှိပါက အမြန်ဆုံး ဖွဲ့စည်းပေး ပါရန် မေးမြန်းပါသည်။
