(က)-ကြို့ပင်ကောက် မြို့နယ်တွင် မြို့နယ်တရားရုံး၊ ဥပဒေရုံးနှင့်ဝန်ထမ်း အိမ်ရာများ ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၄.၇.၂၀၁၃)

ဦးတင်ထွေး (အုတ်ဖို)ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ရှိ မြို့နယ်တရားရုံး၊ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာများမှာ အပိုင်မရှိသေးဘဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး စုပေါင်းရုံးတွင် ငှားရမ်းဖွင့်လှစ်ထားပြီး တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့်လည်း ရပ်ကွက်ထဲရှိ နေအိမ်များ တွင် ငှားရမ်းနေထိုင်နေကြရပါကြောင်း သို့ဖြစ်ပါ၍ ကြို့ပင် ကောက်မြို့နယ် အတွင်းရှိ မြို့နယ်တရားရုံး၊ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

[ဦးသန့်ဇင်၊ ကြို့ပင်ကောက်မဲဆန္ဒနယ် ကိုယ်စား ဦးတင်ထွေး၊ အုတ်ဖိုမဲဆန္ဒနယ် မေးမြန်းပါ သည်။]


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်