ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၉.၇.၂၀၁၃)
မေးမြန်းသူ
ဆော့လော်မြို့နယ်ရှိ ၁၆ ခုတင်ဆံ့ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ထားပြီးဖြစ်သော်လည်း ဆေးရုံအဆောက်အအုံသည် နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီးဖြစ်ပါသဖြင့် ရာသီဥတုဒဏ်ကြောင့်ပြိုကျပျက်စီးလျက်ရှိရာ ထိုသို့ ဟောင်းနွမ်းပျက်စီးနေခြင်းကြောင့် ဆေးရုံဝန်ထမ်းများ လာရောက်နေ ထိုင်မှုတွင် အခက်အခဲရှိခြင်း၊ လူနာများ ဆေးရုံသို့ဆေးဝါးလာရောက် ကုသစဉ် နေရာထိုင်ခင်းအခက်အခဲများနှင့် ရာသီဥတုဒဏ်ကိုပါ ခံစားကြရခြင်း။ ယခုအချိန်တွင် ဆေးရုံ၌ တာဝန်ကျဆရာဆရာမများလာရောက်နေထိုင်၍ ဆေးဝါး ကုသပေးခြင်းများမရှိတော့သည့် အတွက်ကြောင့် ဆေးရုံအဆောက်အအုံအသစ် တည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် တည်ဆောက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဖြေကြားသူ
ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး
အဖြေ

