(ဈ)-ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကိုယ့်အား ကိုယ်ကိုး ကျေးလက်ဆေးပေးခန်း(ခွဲ)များ၏ အဆောက်အဦကို ပြင်ဆင်ပေးနိုင်ခြင်း(သို့) ပံ့ပိုးပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၉.၇.၂၀၁၃)

ဦးကျော်ဝင်း (ကန်ကြီးထောင့်) နိုင်ငံတော်မှ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျေးလက် ကျန်းမာရေးဆေးပေးခန်းများ၏ လက်အောက်တွင် ရှိသော ကျေးလက် ကျန်းမာရေးခွဲများကို ကျေးလက်နေပြည်သူလူထုက ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ကြပါကြောင်း၊ ကျေးလက်နေဒေသခံပြည်သူများ၏ အားဖြင့် စတင်ဆောင်ရွက် အခြေပြုပြီး ကျန်းမာရေးစောင့်ရှောက်မှု များကို လည်း ဆောင်ရွက်လျက် ရှိရာ ယင်းဆေးပေးခန်းခွဲများ ၏ အဆောက်အဦ ပျက်စီးယိုယွင်းလာပါက ပြင်ဆင်ရမည်ဖြစ်ပါသောကြောင့် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး ကျေးလက်ဆေးပေးခန်းခွဲများ၏ အဆောက်အဦများကို ကျန်းမာရေးဌာနအနေဖြင့်ပြင်ဆင်ခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းအစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး
အဖြေ

ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး