သွေးလွန်တုပ်ကွေးရောဂါသည် အေ့ဒီးစ်ခြင်အမျိုးအစားမှတစ်ဆင့် ကူးစက် တတ်သောရောဂါဖြစ်ပြီး ကမ္ဘာတွင်နှစ်စဉ် လူဦးရေ သန်း ၅၀ ခန့်ခံစားနေရပြီး လူဦးရေ ၂၄၀၀၀ ခန့် သေဆုံးလျက်ရှိပါကြောင်း၊သွေးလွန်တုပ်ကွေးရောဂါသည် အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပွားမှုရှိပြီး ယခုနှစ်သည် ယခင်နှစ်ထက် ပိုမိုဖြစ်ပွားမှုများနေသည်ကို သိရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်တတ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ကြိုတင်ကာကွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ကို ပြည်သူ့ ကျန်းမာရေးပြဿနာ ၁ ရပ်အဖြစ် ဆောင်ရွက်နေရာတွင် ခြင်ဆေးဖြန်းခြင်း၊ မှုတ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန်နှင့် နိုင်ငံအတွင်းရှိ ကျန်းမာရေးဦးစီးဌာန အားလုံးတွင်ထိရောက်သော ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ခြင်ဆေးမှုတ်စက်များ လိုအပ်နေသည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံအတွင်းရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနများ၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနများသို့ ခြင်ဆေးမှုတ်စက်များ ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။

